Developer များအတွက် တတိယမြောက် macOS 10.12.4 Beta နှင့် iOS 10.3 Beta တို့ထွက်ရှိ

date_range 21 February 2017

Developer များအတွက် တတိယမြောက် macOS 10.12.4 Beta နှင့် iOS 10.3 Beta တို့ထွက်ရှိ

visibility 50 Views

နောက်ထပ်အသစ် ထွက်ရှိလာတော့မယ့် macOS 10.12.4 နဲ့ iOS 10.3 တို့အတွက် တတိယမြောက် Beta Version များကို Apple က Developer များ အတွက် မနေ့က Release လုပ်ပေးလိုက်ပါတယ်။

macOS အတွက် အခု Beta Version အသစ်ဟာ ဒုတိယမြောက် Beta Version ကို Release လုပ်ပြီး နှစ်ပါတ်အကြာ၊ macOS 10.12.3 ကို Release လုပ်ခဲ့တာ တစ်လမပြည့်တပြည့် အချိန်မှာ Update လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ယခု Beta Version မှာတော့ Apple က “Night Shift Mode” ကို macOS အတွက် စတင်မိတ်ဆက်လိုက်ပါတယ်။ “Night Shift Mode” ဆိုတာက ဖုန်း Screen ကပဲဖြစ်ဖြစ်၊ Laptop Screen ကပဲဖြစ်ဖြစ် ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းတွေထဲက အိပ်ချင်စိတ်ကို လျော့နည်းစေတဲ့ “Blue Light Level” (အပြာရောင် အလင်းတန်း Level) ကို လျှော့ချပေးတဲ့ စနစ်တစ်ခု ဖြစ်ပြီး၊ Apple က iOS 9.3 မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ 

“Night Shift Mode” ကို အသုံးပြုချင်တယ် ဆိုရင်တော့ “System Preferences” ထဲက “Displays Section” ထဲမှာ သွားပြီးတော့ ဖွင့်နိုင်သလို၊ “Siri” ကို အသုံးပြုပြီးတော့လည်း ဖွင့်နိုင်ပါတယ်။

macOS အတွက် ယခု Update ကတော့ “Night Shift Mode” ကို ဦးစားပေးထားတယ် ဆိုပေမယ့် တခြား Feature အသစ်တွေဖြစ်တဲ့ Cricket ပွဲစဥ်တွေရဲ့ ရလဒ်များကို “Siri” မှာ မေးနိုင်ခြင်း၊ PDFKit အတွက် API အားဖြည့်ထားခြင်း၊ “iCloud” အတွက် Analytics Option များပါဝင်လာခြင်း၊ စတာတွေလဲ ပါဝင်လာပါတယ်။

iOS အတွက် အခု Beta Version အသစ်ကတော့ ဒုတိယမြောက် Beta Version ကို Release လုပ်ပြီး နှစ်ပါတ်အကြာ၊ iOS 10.2 ကို Release လုပ်ခဲ့တာ နှစ်လပြည့်တဲ့ အချိန်မှာ Update လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ထွက်ရှိလာတော့မယ့် iOS 10.3 ဟာ Apple အတွက် အရေးကြီးတဲ့ Update လဲ ဖြစ်၊ Feature အသစ်တွေလဲ အများကြီး ပါလာမှာ ဖြစ်သလို၊ iOS 10 ကိုလည်း အပြောင်းအလဲတွေအများကြီးနဲ့လည်း မြင်ရမှာပါ။

အဓိက ပါလာမယ့် Feature အသစ်ကတော့ “Find My AirPods” ပဲဖြစ်ပြီး၊ “AirPods” ရှိတဲ့သူတွေ အတွက်ကတော့ ဝမ်းသာစရာသတင်း ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Feature အသစ်ဟာ User တွေရဲ့ “AirPods” ရဲ့ တည်နေရာကို ရှာဖွေပေးမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ အပြင် User နောက်ဆုံး သူရဲ့ “AirPods” ချိတ်ဆက်သုံးစွဲခဲ့တဲ့ နေရာကိုလည်း မှတ်သားပေးသွားမှာပါ။

နောက်ထပ် Feature အသစ်ကတော့ Apple ရဲ့ File System အသစ် Apple File System (APFS) ပဲ ဖြစ်ပါတယ်။ ဒီ File System ကတော့ SSD Storage အတွက် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတဲ့အပြင် Encryption လဲ ပိုပြီးတော့ လုံခြုံသွားမှာ ဖြစ်ပါတယ်။

နောက်ထပ်ပါလာတဲ့ Feature အသစ်တွေကတော့ App တွေကို ဖွင့်တာပဲဖြစ်ဖြစ်၊ ပိတ်တာပဲဖြစ်ဖြစ်၊ မြင်ရမယ့် Animation ကို Redesign လုပ်ထားခြင်း၊ Settings ထဲမှာ မြင်ရမယ့် “Apple ID Profile” ရဲ့ ဒီဇိုင်း၊ “iCloud” ရဲ့ Storage Usage၊ “Siri”၊ စတာတွေကို ပြန်လည်ပြုပြင်ထားခြင်း၊ စတာတွေပဲ ဖြစ်ပါတယ်။

References
Mac Rumors
About Author
Assinged Tags
iOS iCloud macOS Siri AirPods APFS API Night Shift Mode
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed