နောက်နှစ်ထဲမှာ iOS App တွေနဲ့ Mac App တွေကို ပေါင်းစပ်သွားတော့မယ့် Apple

date_range 21 December 2017

နောက်နှစ်ထဲမှာ iOS App တွေနဲ့ Mac App တွေကို ပေါင်းစပ်သွားတော့မယ့် Apple

visibility 860 Views

                Apple အနေနဲ့ အခုလောလောဆယ်မှာ iOS, macOS, tvOS, watchOS စတဲ့ OS တွေ ရှိနေပြီ ဆိုပေမယ့် iOS App တွေကို macOS မှာ သွား Run လို့ မရသလို၊ macOS App တွေကိုလည်း iOS မှာ Run လို့ မရသေးပါဘူး။ Bloomberg က Report တစ်ခုအရ iOS App တွေနဲ့ Mac App တွေကို ပေါင်းစပ်သွားဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။

                ဒီတော့ Developer တွေအနေနဲ့ iOS App ဆို ဒီလိုရေး၊ macOS App ဆို ဒီလိုရေး ဆိုတာတွေ မရှိတော့ပဲ မိမိရေးချင်တဲ့ App ကိုသာ Swift နဲ့ရေးလိုက်၊ ပြီးရင် ကြိုက်တဲ့ OS မှာ သွား Run လို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။ မိမိရေးလိုက်တဲ့ App က iPhone မှာ Run မယ်ဆိုရင် Touch Input ကို ပြောင်းယူမယ်၊ Mac မှာ Run မယ်ဆိုရင်တော့ Keyboard နဲ့ Trackpad ဒါမှမဟုတ် Magic Mouse က Input ကို အလိုအလျောက် ပြောင်းယူမယ်ပေါ့။

                Bloomberg က Report မှာတော့ Apple ထုံးစံအတိုင်း iOS Version အသစ်နဲ့ macOS Version အသစ်ကို မိတ်ဆက်ပေးမယ့် နောက်နှစ် WWDC (Worldwide Developer Conference) မှာ iOS App တွေနဲ့ Mac App တွေကို ပေါင်းစပ်ပေးနိုင်တဲ့ နည်းပညာသစ်တစ်ခုကို မိတ်ဆက်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ 

                အခုလိုမျိုး OS မတူလည်းပဲ Run လို့ ရနိုင်တဲ့ App တွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့အတွက် Apple ဘက်က တော်တော်လေး ကြိုးစားရဦးမှာပါ။ ဒါပေမယ့် တကယ်ဖြစ်လာပြီ ဆိုရင်တော့ Apple ပရိတ်သတ်တွေအတွက် Apple ရဲ့ Eco System ထဲမှာ နေရတာ တော်တော်လေး အထာကျသွားမှာပါ။ အဲ့ဒီကျရင် အခုလိုမျိုး App Store, Mac App Store ဆိုပြီး App Store တွေလည်း ကွဲနေတော့မှာ မဟုတ်တော့ပါဘူး။

                ကိုယ်ကြိုက်တဲ့ App ကို iPhone နေပဲဖြစ်ဖြစ်၊ iPad ကနေပဲဖြစ်ဖြစ်၊ Mac ကနေပဲဖြစ်ဖြစ် Down လို့ရသွားမှာ ဖြစ်သလို၊ Down ပြီးရင်လည်း ကြိုက်တဲ့ OS မှာ သုံးလို့ရတော့မှာပါ။ Developer တွေဘက်က ကြည့်မယ်ဆိုရင်လည်း မိမိရေးချင်တဲ့ App ကို iOS အတွက်၊ macOS အတွက် သီးခြား ရေးနေစရာ မလိုတော့ပါဘူး။

                ဒီနှစ်ထဲမှာ Micorsoft ကလည်း Windows, Windows Phones, Xbox, HoloLens အပြင် Surface Hub မှာပါ အသုံးပြုလို့ရနိုင်တဲ့ Universal Windows Platform Apps တွေအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားနေသလို Google ကလည်း Android Apps တွေကို ChromeOS မှာ အသုံးပြုလို့ရအောင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြိုင်ဘက် နည်းပညာကုမ္ပဏီတွေက အခုလိုပြောင်းလဲမှုတွေ လုပ်နေပြီဆိုတော့လည်း Apple ဘက်က နောက်ကျမကျန်ခဲ့ရလေအောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iOS macOS Operating System iOS App Related tvOS WatchOS Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed