Mac မော်ဒယ်လ်သုံးမျိုးအတွက် ကိုယ်ပိုင် Coprocessors တွေကို Apple စတင်ပြုလုပ်နေ

date_range 30 January 2018

Mac မော်ဒယ်လ်သုံးမျိုးအတွက် ကိုယ်ပိုင် Coprocessors တွေကို Apple စတင်ပြုလုပ်နေ

visibility 400 Views

                Apple ကို အောင်မြင်မှုတွေ တန်းစီပြီး ပေးနိုင်ခဲ့တာ iPhone တွေဆိုတာ ပြေးမြင်မိကြမှာပါ။ iPhone တွေ စမတ်ဖုန်း ဈေးကွက်ထဲမှာ နေရာယူနိုင်တယ် ဆိုတာကလည်း iPhone တွေမှာ အသုံးပြုမယ့် Processor တွေကို Apple ကိုယ်တိုင် Design ဆွဲနိုင်လို့ ဖြစ်ပါတယ်။ ဒီအချက်က Qualcomm Processor ကိုပဲ အားကိုးနေရတဲ့ Android Phone တွေနဲ့ iPhone တွေနဲ့ ကွာခြားသွားစေတာ ဖြစ်ပါတယ်။

                Processor ကို ကိုယ်ပိုင် Design ဆွဲခြင်းရဲ့ ကောင်းကျိုးနဲ့ အကျိုးအမြတ်ကို သိတဲ့အတွက် Google တောင်မှ Apple လို ခြေလှမ်းမျိုး လှမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Google အနေနဲ့ Chip Development ပိုင်းမှာ ဆရာကျတဲ့ အင်ဂျင်နီယာတွေကို Apple ဆီကနေ အဆက်မပြတ် အလစ်သုတ်နေတာ ဖြစ်ပါတယ်။


                ဒါပေမယ့် ခက်နေတာက Apple အနေနဲ့ အခုအချိန်ထိအောင် Mac တွေအတွက် Intel Processor တွေကိုပဲ အားကိုးနေရတာပါပဲ။ ဒီအချက်ကြောင့်လည်း Mac တွေမှာ Intel Processor တွေက Generation တစ်ခု အမြဲတမ်း နောက်ကျနေရတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကို ပြောင်းလဲပစ်ဖို့အတွက် ပထမဆုံး ခြေလှမ်းကို 2016 MacBook Pro မှာပါဝင်လာတဲ့ Touch Bar နဲ့ Touch ID ကို ထိန်းချုပ်နိုင်မယ့် T1 Coprocessor ကို မိတ်ဆက်ပေးရင်းနဲ့ အစပြုခဲ့ပါတယ်။ iMac Pro မှာ ပါဝင်လာတဲ့ မျိုးဆက်သစ် T2 Coprocessor ကတော့ ခြေလှမ်းပိုကျဲသွားပါပြီ။

                T2 Coprocessor ဟာ Core OS ကို ပိုမိုလုံခြုံမှုရှိစေဖို့အတွက် Secure Boot လုပ်ပေးခြင်း၊ SSD တွေအတွက် Disk Controller အနေနဲ့ အလုပ်လုပ်ပေးခြင်း၊ FaceTime Camera အတွက် Image Signal Processor အနေနဲ့ အလုပ်လုပ်ခြင်းနဲ့ အခြားအရေးကြီး လုပ်ဆောင်ချက်တွေကို လုပ်နိုင်လာပြီ ဖြစ်ပါတယ်။

                အခုအခါမှာလည်း Bloomberg ရဲ့ Report တစ်ခုအရ Apple အနေနဲ့ မျိုးဆက်သစ် Mac Laptop တွေနဲ့ Desktop Mac တွေမှာ T1, T2 တို့ထက် ပိုပြီးစွမ်းဆောင်ရည် မြင့်မားမယ့် Coprocessor ကို အသုံးပြုနိုင်ဖို့အတွက် စတင်ခြေလှမ်း လှမ်းလိုက်ပြီလို့ သိရပါတယ်။ Report ထဲမှာတော့ ဘယ် Mac မော်ဒယ်လ်တွေမှာ အသုံးပြုသွားမလဲ ဆိုတာကို မရေးထားပါဘူး။

                ဒါပေမယ့် သေချာတာတစ်ခုကတော့ Apple ဘက်က လှည့်မကြည့်ပဲ ပစ်ထားတာကြာပြီဖြစ်တဲ့ Mac Pro တွေမှာ စတင်အသုံးပြုလာနိုင်ပါတယ်။ မနှစ်ကတုန်းကလည်း Mac Pro နဲ့ ပက်သက်ပြီး ကောလဟာလတွေ ထွက်ခဲ့ပေမယ့်လည်း Power User တွေ မျှော်လင့်နေကြတဲ့ Mac တွေထဲမှာ Powerful အဖြစ်ဆုံး Mac Pro ကတော့ မထွက်ရှိခဲ့ပါဘူး။

                အပေါ်မှာ ပြောခဲ့သလိုပဲ Google အနေနဲ့ Apple ဆီက အင်ဂျင်နီယာတွေကို အလစ်သုတ်နေပေမယ့်လည်း Bloomberg က Report ထဲမှာတော့ Apple ရဲ့ Chip Development ဌာနက အရင်ကထက်တောင် အဖွဲ့တောင့်လာတယ်လို့ ရေးသားထားပါတယ်။

                Apple အနေနဲ့ အခုလိုမျိုး ခြေလှမ်းကို သွက်သွက်လက်လက် လှမ်းနေရတာကလည်း အကြောင်းရှိပါတယ်။ အခုလောလောဆယ် Meltdown နဲ့ Spectre ကြောင့် တိုင်ပါတ်နေရတဲ့ ကုမ္ပဏီတွေထဲမှာ Apple လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက ကိုယ်ပိုင် Processor မဟုတ်တဲ့အတွက် Fix ကို မြန်မြန်ဆန်ဆန် ထုတ်ပေးချင်တယ် ဆိုရင်တောင်မှ Intel ကို စောင့်နေရတဲ့အတွက် အဆင်မပြေပါဘူး။

                ဒါကြောင့်လည်း အခုလိုခြေလှမ်းမျိုးကို ခပ်မြန်မြန် လှမ်းလိုက်ရတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ Mac သမားတွေကတော့ မဝေးတော့တဲ့ အနာဂါတ်က Apple ကိုယ်ပိုင် Processor ကို အသုံးပြုထားမယ့် မျိုးဆက်သစ် Mac တွေကို စိတ်ကူးကြည့်ရင်း အပျော်ကြီး ပျော်နေကြမယ်လို့ ထင်မိပါတယ်။

References
9to5Macto5Mac The Verge
About Author
Assinged Tags
MacBook Pro Processor Mac Pro CPU iMac Pro Apple Apple Coprocessor Apple T1 Chip Apple T2 Chip
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed