နောက်ထွက်လာမယ့် iPhone တွေရဲ့ Lightning Port ကို USB Type-C နဲ့ အစားထိုးသွားဖွယ်ရှိ

date_range 01 March 2017

နောက်ထွက်လာမယ့် iPhone တွေရဲ့ Lightning Port ကို USB Type-C နဲ့ အစားထိုးသွားဖွယ်ရှိ

visibility 2020 Views

                iPhone တွေရဲ့ Trademark ဖြစ်တဲ့ Lighting Port တွေကို USB Type-C Port တွေနဲ့ အစားထိုးသွားဖွယ်ရှိတယ်လို့ The Verge ဝဘ်ဆိုဒ်ရဲ့ စာမျက်နှာမှာ ရေးသားထားပါတယ်။

                Mac တွေမှာလည်း USB Type-C Port တွေပဲ သုံးနေပြီဖြစ်တဲ့ Apple ဟာ သူတို့ရဲ့ နောက်ထုတ်လုပ်မယ့် iPhone မျိုးဆက်သစ်တွေမှာလည်း USB Type-C Port တွေကိုပဲသုံးတော့မယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။

                ယခုပြောင်းလဲမှုဟာ iPhone မှာ ပါဝင်မယ့် Port တစ်ခုထဲတင် မဟုတ်ပဲ၊ ကြိုးကိုလည်း USB Type-C ကြိုးကိုပဲ သုံးသွားမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ကြိုးရဲ့နှစ်ဖက်လုံးက Connector တွေနှစ်ခုစလုံး USB Type-C Connector တွေပဲ ဖြစ်ကုန်မှာပါ။

                နောက်ပိုင်း ထွက်ရှိလာတဲ့ Device တွေမှာလည်း USB Type-C ကိုပဲ အသုံးပြုလာကြတာကို တွေ့နေရပြီဆိုတော့လည်း Apple ကဒီလိုမျိုး အပြောင်းအလဲ​လုပ်ပစ်မယ်ဆိုတာ အဆန်းကြီးတော့မဟုတ်ပါဘူး။

References
The Verge
About Author
Assinged Tags
MacBook MacBook Pro iPhone Lightning Port USB Type-C
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed