အမေရိကန်နိုင်ငံက စာသင်ခန်းတွေအတွက်ဈေးကွက်မှာ Microsoft နဲ့ Google ကိုရှံးသွားတဲ့ Apple

date_range 06 March 2017

အမေရိကန်နိုင်ငံက စာသင်ခန်းတွေအတွက်ဈေးကွက်မှာ Microsoft နဲ့ Google ကိုရှံးသွားတဲ့ Apple

visibility 150 Views

https://techx.myanmarlinks.net/ad-system
                အမေရိကန်နိုင်ငံက စာသင်ခန်းတွေမှာ ယခင်က iPad တွေ၊ Mac တွေနဲ့ ကြီးစိုးခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ Microsoft နဲ့ Google က ထုတ်လုပ်တဲ့ Product တွေပဲ စာသင်ခန်းတွေမှာ သုံးကြတော့တယ်လို့ Futuresource Consulting ဆိုတဲ့ လေ့လာရေး ကုမ္ပဏီတစ်ခုက စာရင်းထုတ်ပြန်ထားပါတယ်။


                စာရင်းအရ ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေကို ပို့ရတဲ့ Laptop နဲ့ Smartphone အရေအတွက် အားလုံးပေါင်း ၁၂.၆ သန်းရှိတဲ့ထဲကမှ Google ကထုတ်လုပ်တဲ့ Product တွေက ၅၈%၊ Microsoft ကထုတ်လုပ်တဲ့ Product တွေက ၂၂% နဲ့ Apple ကထုတ်လုပ်တဲ့ Product တွေက ၁၉%၊ စသည်ဖြင့် နေရာယူထားတယ်လို့ သိရပါတယ်။

                ၂၀၁၅ မှာ Google ဟာ ၅၀% သာ နေရာယူခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ၅၈% အထိ နေရာယူနိုင်ခဲ့ပါတယ်။ Microsoft ကတော့ ၂၀၁၅ ခုနှစ်မှာရော ၂၀၁၆ ခုနှစ်မှာပါ ၂၂% အနေနဲ့ မပြောင်းလဲပဲ နေရာယူခဲ့ပါတယ်။ Apple ကတော့ ၂၀၁၅ ခုနှစ်မှာ ၂၅% နေရာယူနိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်အရောက်မှာတော့ ၁၉% သာနေရာယူနိုင်ပါတော့တယ်။



                Google ကထုတ်လုပ်တဲ့ Product တွေကို အမေရိကန်က ဆရာ၊ ဆရာမ၊ ကျောင်းသား၊​ ကျောင်းသူများသာမက IT ပစ္စည်းစိတ်ဝင်စားသူတွေပါ အသုံးများကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Chromebook တွေဟာ ဈေးနှုန်းချိုသာခြင်း၊ G-Suite မှာပါဝင်တဲ့ Productivity Tools များဟာ အရမ်းအသုံးဝင်ခြင်း၊ Google Classroom ဟာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊​ ကျောင်းသူများ အသုံးပြုရလွယ်ကူခြင်း၊ စတာတွေကြောင့်ဖြစ်ပါတယ်။

                ၂၀၁၆ ခုနှစ်မှာ Apple ဟာ Google နဲ့ Microsoft ကိုကျော်တက်ဖို့အတွက် Classroom App တွေ၊ Swift Playgrounds တွေ၊ အပြင် ပညာရေးကိုဦးတည်ထားတဲ့ Feature တွေအများကြီးကို iOS 9.3 Update မှာ ထည့်သွင်းခဲ့ပါတယ်။ Microsoft ကလည်း အားကျမခံ Microsoft Classroom၊ School Data Sync၊ စတဲ့ Update တွေကို ထည့်သွင်းခဲ့ပါတယ်။

                Apple ရဲ့ iPad တွေဟာ Google ရဲ့ Chromebook ကို ၂၀၁၄ ခုနှစ်မှာတည်းက အရှံးပေးခဲ့ရတာပါ။ ကျွမ်းကျင်သူများကတော့ ဒီလိုမျိုးကြီးမားတဲ့ ဈေးကွက်ပြောင်းလဲမှုကို Google က သူတို့ရဲ့ Chromebook ကို ဈေးသက်သက်သာသာနဲ့ ၁၉၉ ဒေါ်လာလောက်နဲ့ ရောင်းချခဲ့တာကြောင့်လို့ ပြောကြပါတယ်။

Eudora Public School တွေရဲ့ ကျောင်းအုပ်ကြီးကတော့ The New York Times ကို

“ကျနော်ဆိုရင်တော့ MacBook တစ်လုံးဝယ်မယ့်အစား Chromebook သုံးလုံးပဲ ဝယ်လိုက်တော့မယ်”

လို့ပြောခဲ့ပါတယ်။

အခုလက်ရှိ Apple ရဲ့ CEO Tim Cook က Chromebook တွေကို 

“ကျောင်းသား၊ ကျောင်းသူတွေကများတော့ ဈေးနည်းတဲ့ ပစ္စည်းတွေသုံးကြမှာပေါ့။ ဒါပေမယ့် အဲ့လိုပစ္စည်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက်ကတော့ နည်းပညာကို စမ်းသပ်ခွင့်ရမယ့် ပစ္စည်းလေးတွေပေါ့”

လို့လှောင်ပြောင်ခဲ့ပါတယ်။

ဆက်လက်ပြီး သူကပဲ

“Apple က အနာဂါတ် နည်းပညာရဲ့ မျိုးဆက်သစ်လေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ဆရာ၊ ဆရာမတွေကိုရော ကလေးတွေကိုပါ ကူညီဖို့အသင့်ပါပဲ။ ဒါပေမယ့် နည်းပညာကို စမ်းသပ်ရယုံလေးအတွက်ပဲ အသုံးဝင်တဲ့ပစ္စည်းလေးတွေကိုတော့ ထုတ်လုပ်သွားမှာမဟုတ်ပါဘူး”

လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။

TechX Myanmar

Address64, Ground Floor, No (3) Ward, Padamyar Street, Kamaryut Township, Yangon


References
MacRumors
About Author
Assinged Tags
Google Microsoft Tim Cook macOS iPad MacBook MacBook Pro Chromebook Google Classroom G-Suite Swift Playgrounds Microsoft Classroom Classroom Data Sync
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed