MacBook Pro ရဲ့ Display မှာ Anti-Reflective Coating ပျက်စီးခဲ့ပါက Free လဲပေးမယ့် Apple

date_range 26 February 2017

MacBook Pro ရဲ့ Display မှာ Anti-Reflective Coating ပျက်စီးခဲ့ပါက Free လဲပေးမယ့် Apple

visibility 40 Views

                Display မှ အလင်းပြန်ခြင်းကို ကာကွယ်ပေးတဲ့ Coating ပျက်နေတဲ့ MacBook (ဒါမှမဟုတ်) Retina Display နဲ့ MacBook Pro များကို Apple က Free လဲပေးသွားမှာဖြစ်ပါတယ်။

                ဒီလိုလဲပေးမယ်ဆိုတာကို Apple ကတော့ လူတိုင်းသိအောင် မပြောထားပါဘူး။ MacRumors ဆိုတဲ့ ဝဘ်ဆိုဒ်ကိုတော့ ဒီသတင်းက သေချာပါတယ်လို့ Apple က ပြောထားပါတယ်။

                ၂၀၁၂ ခုနှစ် ဂျွန်လ ကနေ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်အတွင်း ဝယ်ယူထားတဲ့ MacBook နဲ့ Retina Display နဲ့ MacBook Pro တွေအားလုံး ဒီ Repair Program ထဲမှာ အကျုံးဝင်ပါတယ်။ ဝယ်ယူပြီး သုံးနှစ်နှင့်အထက် ကြာပြီဖြစ်တဲ့ MacBook နဲ့ Retina Display နဲ့ MacBook Pro တွေပါဝင်ပါသေးတယ်။ 

                ဒါပေမယ့် ဒီ Repair Program က AppleCare တော့ ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အကယ်လို့ သင်က မလဲချင်ဘူးဆိုရင်လည်း Apple က Refund ပြန်ပေးသွားမှာပါ။

                အကယ်လို့ AppleCare လည်းရှိတယ်၊ Repair Program ထဲမှာလည်း အကျုံးဝင်တယ်ဆိုရင်တော့ နီးစပ်ရာ AppleStore (ဒါမှမဟုတ်) Apple က အသိအမှတ်ပြုထားတဲ့ Service ဆိုင်မှာ ကိုယ့်စက်ကိုယူသွားပြီး လဲလှယ်နိုင်ပါတယ်။

                ဒီ Repair Program က ဒီနိုင်ငံက Mac ကိုင်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ AppleStore နဲ့ Apple က အသိအမှတ်ပြုထားတဲ့ Service ဆိုင်တွေ မရှိလို့ပါ။ 

References
Mac Rumors
About Author
Assinged Tags
Apple Store AppleCare MacBook MacBook Pro Retina Display Repair Program
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed