Chip Development ပိုင်းမှာ ဆရာကျတဲ့ အင်ဂျင်နီယာတွေကို Apple ဆီကနေ အဆက်မပြတ် အလစ်သုတ်နေတဲ့ Google

date_range 27 December 2017

Chip Development ပိုင်းမှာ ဆရာကျတဲ့ အင်ဂျင်နီယာတွေကို Apple ဆီကနေ အဆက်မပြတ် အလစ်သုတ်နေတဲ့ Google

visibility 1120 Views

                iPhone တွေက ဘာလို့ ရေရှည်ခံတာလည်း? ဘာကြောင့် Performance ပိုင်းမှာ Android ဖုန်းတွေထက် ပိုသာနေတာလည်း? လို့ မေးမယ်ဆိုရင် Apple ထုံးစံအတိုင်း Hardware ပိုင်းနဲ့ Software ပိုင်းကို ကိုယ်ပိုင်ပြုလုပ်နိုင်တာက တစ်ချက်၊ အဲ့လို ကိုယ်ပိုင်ပြုလုပ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ အင်ဂျင်နီယာတွေကလည်း အရည်အချင်း ရှိနေလို့ကတစ်ချက်၊ အဓိက အချက်နှစ်ချက် ရှိတယ်လို့ ဖြေရမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒီ့အချက်နှစ်ချက်ထဲက တစ်ချက်ကတော့ ရေရှည်ခံပါဦးမလား? လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

                The Information က Report တစ်ခုအရ Google အနေနဲ့ ကိုယ်ပိုင် in-house Chip တွေကို ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် Chip Development ပိုင်းမှာ အဓိကကျသလို ဆရာလည်းကျတဲ့ အင်ဂျင်နီယာတွေကို Apple ဆီကနေ အဆက်မပြတ် အလစ်သုတ်နေတယ်လို့ သိရပါတယ်။ အလစ်သုတ်တယ်ဆိုလို့တော့ တစ်မျိုးမထင်သွားပါနဲ့။ တင်စားလိုက်တာပါ။ Google ဘက်က ဘယ်လိုမျိုး မက်လုံးပေးပြီး ခေါ်ယူနေလည်း ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ in-house Chip တွေ လုပ်တော့မယ့် Google အနေနဲ့ Apple က အင်ဂျင်နီယာတွေကိုပဲ ပစ်မှတ်ထားတော့မယ်ဆိုတာပါပဲ။

                Report ထဲမှာတော့ Apple မှာ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ John Bruno ဟာ ဒီလထဲမှာပဲ Apple နဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်ပြီး Google မှာ System Architect အနေနဲ့ တာဝန်ထမ်းဆောင်သွားတော့မယ်လို့ သူ့ရဲ့ LinkedIn Page မှာ ပြောထားတယ်လို့ ဆိုပါတယ်။ John Bruno ဟာ AMD မှာလည်း တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် PC တွေအတွက် Fusion Processors တွေ တီထွင်ခဲ့ကြတဲ့ Lead Developer တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

                John Bruno အပြင် ဒီနှစ်အစောပိုင်းတုန်းကလည်း Google အနေနဲ့ Apple မှာ ရှစ်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး Apple ရဲ့ A-Series Chip တွေကို တီထွင်ပေးခဲ့တဲ့နေရာမှာလည်း အဓိကကျတဲ့နေရာက ပါဝင်ခဲ့ဖူးသူ Manu Gualti ကို ခေါ်ယူခဲ့ပါသေးတယ်။ John Bruno နဲ့ Manu Gualti အပြင် Wonjae Choi နဲ့ Tayo Fadelu တို့ကိုလည်း ခေါ်ယူခဲ့သေးတယ်လို့ Report ထဲမှာ ရေးထားပါတယ်။ တစ်ဖက်မှာလည်း Google အနေနဲ့ Apple က အင်ဂျင်နီယာတွေနဲ့တင် အားမရဘူးထင်ပါတယ်။ Qualcomm က အင်ဂျင်နီယာအချို့ကိုလည်း ခေါ်ယူခဲ့သေးတယ်လို့ သိရပါတယ်။

                Google အနေနဲ့ အခုအချိန်မှာတော့ in-house Chip တစ်ခု ပြုလုပ်နိုင်ဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေကို အပူတပြင်း ခေါ်ယူနေပြီဆိုတော့ များမကြာမီ အချိန်အတွင်းမှာ Google ရဲ့ ကိုယ်ပိုင် in-house Chip တစ်ခုကို မြင်ရနိုင်ခြေရှိတယ်လို့ The Information က ခန့်မှန်းထားပါတယ်။

References
9to5Mac AndroidPolice
About Author
Assinged Tags
Google Qualcomm A-Series Chips Jobs Mobile CPU Chipset Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed