ဒီဇင်ဘာမှာ စွမ်းဆောင်ရည်အမြင့်ဆုံး Mac အနေနဲ့ ထွက်ရှိလာမယ့် iMac Pro

date_range 06 June 2017

ဒီဇင်ဘာမှာ စွမ်းဆောင်ရည်အမြင့်ဆုံး Mac အနေနဲ့ ထွက်ရှိလာမယ့် iMac Pro

visibility 450 Views

                Apple ဟာ မနေ့က ကျင်းပခဲ့တဲ့ WWDC 2017 ပွဲမှာ “The most powerful Mac ever” လို့ ကြွေးကြော်ထားတဲ့ iMac Pro မော်ဒယ်အသစ်ကို အမြည်းမိတ်ဆက်သွားခဲ့ပါတယ်။

                Space Gray အရောင်အသစ်နဲ့ iMac Pro ဟာ အခုဒီဇင်ဘာလကျမှ တရားဝင်ထွက်ရှိလာမှာဖြစ်ပြီး၊ မနေ့ကပွဲမှာ iMac အသစ်တွေကို မိတ်ဆက်ရင်းနဲ့ ၊ iMac Pro ကို အမြည်းပြသသွားခဲ့တာပါ။


                Retina 5K Display နဲ့ပဲဖြစ်တဲ့ iMac Pro ဟာ အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ Workstation PC တစ်လုံး လိုချင်တဲ့ Pro User တွေအတွက်ဖြစ်ပြီး၊ CPU မှာ Intel ရဲ့ 8-core Xeon Processor ကနေ ၊ 10-core Xeon Processor ၊ အမြင့်ဆုံးအဖြစ် 18-core Xeon Processor အထိပါဝင်လာမှာပါ။ CPU Speed က အမြင့်ဆုံး 4.5 GHz အထိ ရရှိမှာဖြစ်ပါတယ်။

                GPU မှာတော့ AMD ရဲ့ Next Generation GPU ဖြစ်တဲ့ Radeon Pro Vega Graphics ကို အသုံးပြုသွားမှာဖြစ်ပြီး၊ Radeon Pro Vega 56 GPU ကနေ Radeon Pro Vega 64 အထိ တပ်ဆင်နိုင်ပါတယ်။ iMac Pro ဟာ Vega Pro GPU နဲ့ ပွဲထွက်လာတဲ့ ပထမဆုံး PC တစ်လုံးလည်းဖြစ်ပြီး၊ အရင်က iMac GPU တွေထက် ၃ ဆ တိတိ ပိုမို မြန်ဆန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ GPU Performance ကတော့ half-precision computation မှာ 22 Teraflops အထိ ရှိမှာပါ။ VRAM အနေနဲ့ ကတော့ High Bandwidth Memory (HBM 2) 8GB ကနေ 16GB အထိ Configure လုပ်နိုင်မှာဖြစ်ပါတယ်။ iMac Pro ရဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ Performance ကတော့ Tim Cook ပြောသလို လုံးဝ Badass ပါပဲ။

                ၂၇ လက်မ Retina 5K Display, 8-core Xeon Processor, Radeon Vega Graphics ၊ 32 GB ECC Memory, 1TB SSD တို့ ပါဝင်တဲ့ iMac Pro အနိမ့်ဆုံးမော်ဒယ်က ၄၉၉၉ ဒေါ်လာသာ ကျသင့်မှာဖြစ်ပြီး၊ ဒီဇင်ဘာလမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


                တခြား Specifications တွေအနေနဲ့ iMac Pro မှာ RAM က 128GB DDR4 ECC Memory အထိ ပါဝင်လာမယ်၊ Storage ကို 3GB/s 4TB SSD ထိ တပ်ဆင်နိုင်မယ်၊ ပြီးရင် Thunderbolt 3 Ports လေးခုတိတိ ပါရှိမှာဖြစ်ပြီး၊  နောက်ထပ် 5K Display နှစ်ခုနဲ့ ထပ်မံတွဲဖက် အသုံးပြုနိုင်ဦးမှာပါ။ ဒီ့အပြင် 1080p FaceTime Camera ၊ Networking အတွက် ပထမဦးဆုံးအနေနဲ့ 10GB Ethernet port တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။


                iMac Pro ဟာ Performance မြင့်သလို၊ Cooling ပိုင်းအတွက်လည်း အကောင်းဆုံးပြုလုပ်ထားပြီး၊ Fan နှစ်လုံးနဲ့ Thermal Architecture အသစ်ဟာ iMac Pro ကို ၈၀ ရာခိုင်နှုန်း ပိုမိုအေးမြအောင် စွမ်းဆောင်ပေးနိုင်မှာပါ။

via GIPHY

                iMac Pro အပြင်၊ Apple ဟာ WWDC ပွဲမှာ လက်ရှိ iMac မော်ဒယ်အကုန်လုံးကိုပါ ဒီဇိုင်းကလွဲလို့ CPU, GPU နဲ့ Display တွေ အကုန် Upgrade လုပ်ခဲ့ပါတယ်။

                အခုဆိုရင် iMac မော်ဒယ်အကုန်လုံးက Intel Kaby Lake Processors တွေနဲ့ ထွက်လာမှာဖြစ်ပြီး၊ အနိမ့်ဆုံးမော်ဒယ်ဖြစ်တဲ့ 21.5 inch iMac မှာ Intel Iris Plus Graphics 640 ၊ 64MB eDRAM ၊ 21.5 inch 4K iMac မှာ Radeon Pro 550 ဒါမှမဟုတ် 560 နဲ့ 5K 27-inch iMac မှာ Radeon Pro 570 ၊ 575 ဒါမှမဟုတ် 585 GPU တို့ ပါဝင်လာမှာဖြစ်ပြီး၊ VRAM 8GB အထိ ရမှာပါ။ RAM အနေနဲ့ 21.5inch မှာ 32GB အထိ ရလာမှာဖြစ်ပြီး၊ 27-inch iMac မှာ 64 GB အထိ ရလာမှာပါ။ ဒီ့အပြင် High-end iMac မော်ဒယ်နှစ်ခုမှာ Fusion Drive SSD အသုံးပြုလာနိုင်မှာဖြစ်ပြီး၊ 2TB အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

                Professional Video Editors တွေ VR Content Creators တွေ နောက်ထပ်ကြိုက်မယ့်တစ်ချက်ကတော့ အခုဆိုရင် iMac မော်ဒယ်အကုန်လုံးမှာ VR အသုံးပြုနိုင်ပြီဖြစ်ပြီး၊ Final Cut Pro X မှာတင် 360-degree VR Videos တွေကို ဖန်တီးတာ၊ Edit လုပ်တာတွေ လုပ်နိုင်ပြီဖြစ်ပါတယ်။

                4K နဲ့ 5K iMac တွေရဲ့ Retina Display ကိုလည်း Upgrade လုပ်ခဲ့ပြီး၊ “Best Mac Display Ever” လို့ ဆိုပါတယ်။ Retina Display အသစ်တွေမှာ 500 nits အထိ ရှိလာမှာဖြစ်ပြီး၊ အရင် iMac Retina Display ထက် ၄၃ ရာခိုင်နှုန်း ပိုမိုတောက်ပလာမှာဖြစ်ကာ၊ Colors 1 billion အထိ ပါဝင်လာမှာဖြစ်ပါတယ်။


                iMac အသစ်စျေးနှုန်းတွေကတော့ Base Model 21.5-inch iMac ကို ၁၀၉၉ ဒေါ်လာ ၊ 21.5 inch 4K Retina Display iMac ကို ၁၂၉၉ ဒေါ်လာနဲ့ 5K iMac ကို ၁၇၉၉ ဒေါ်လာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသေးတယ်။


                အရင်တုန်းက iMac တွေဟာ VR Support လုပ်ရလောက်အောင် Performance မကောင်းဘူးလို့ ပြောခဲ့တဲ့ Oculus အနေနဲ့ iMac အသစ်တွေနဲ့ အခု iMac Pro တို့ကို မြင်တွေ့ပြီးရင် အမြင်ပြောင်းလဲသွားလောက်ပါတယ်။

References
Apple Newsroom
About Author
Assinged Tags
iMac WWDC 2017 iMac Pro WWDC
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed