8MP 120 Degree Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တို့ကို Sony မိတ်ဆက်

date_range 10 January 2018

8MP 120 Degree Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တို့ကို Sony မိတ်ဆက်

visibility 720 Views

                ပြိုင်ဘက် Smartphone ကုမ္ပဏီတွေက Bezel-less Display ဖုန်းတွေ၊ Under-Display Fingerprint Sensor တွေ၊ Artificial Intelligence နည်းပညာတွေ၊ Virtual Reality နည်းပညာတွေ၊ Augmented Reality နည်းပညာတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန်မှာ Sony ကတော့ ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံး ဂူအောင်းသိုင်းကျင့်နေခဲ့ပါတယ်။ ဒါပေမယ့် CES 2018 မှာတော့ 8MP 120 Degree Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Selfie အသားပေး Smartphone မော်ဒယ်လ်သစ် သုံးမျိုးဖြစ်တဲ့ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တို့ကို မိတ်ဆက်လိုက်ပြီး Sony တို့ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်ပါတယ်။

                ဒီမော်ဒယ်သုံးမျိုးလုံးမှာ Fingerprint Sensor က ဖုန်းရဲ့ကျောဘက်မှာ တွေ့ရမှာပါ။ နောက်ပြီး အခုခေတ်မှာ Smartphone ကုမ္ပဏီကြီးတွေ အနေနဲ့ Selfie အသားပေး ဖုန်းတွေကိုပဲ အပြိုင်အဆိုင် ထုတ်နေကြတာဆိုတော့ Sony လည်း အားကျမခံ အသစ်မိတ်ဆက်လိုက်တဲ့ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 ဖုန်းသုံးမျိုးလုံးမှာ 8MP 120 Degree Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Selfie Camera တွေကို ထည့်သွင်းပေးထားပါတယ်။


                Xperia XA2 နဲ့ Xperia L2 တို့မှာတော့ 8MP 120 Degree Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်တယ် ဆိုပေမယ့် Xperia XA2 Ultra နဲ့ ဆိုရင်တော့ 8MP 120 Degree Selfie ဓာတ်ပုံတွေအပြင် 16MP 120 Degree Selfie ဓာတ်ပုံတွေပါ ရိုက်ကူးလို့ရမယ်လို့ သိရပါတယ်။ အခုခေတ် Smartphone တွေမှာ Wide View Selfie တွေ ရိုက်ကူးလို့ ရပေမယ့် ရှင်းရှင်းပြောရရင် ရိုက်လိုက်တဲ့ Selfie ဓာတ်ပုံက Panorama ဓာတ်ပုံပါပဲ။ ဒါပေမယ့် Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တို့နဲ့ ရိုက်ကူးမယ် ဆိုရင်တော့ တကယ့် Wide View Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Xperia XA2 Ultra

                Display ကတော့ ၆ လက်မအကျယ်ရှိတဲ့ 1920x 1080 Pixels Display ဖြစ်ပြီး Pixel Density ကတော့ 367ppi ရှိပါတယ်။ Android 8.0 Oreo နဲ့ ပွဲထွက်လာတာပါ။ ကျောက်ဘက်မှာ 23 MP Camera မှာ Exmor RS Image Sensor နဲ့အတူ 84-degree, f/2.0 Wide-angle Lens တို့ ပါဝင်မှာ ဖြစ်ပြီး 4K Video တွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

                Selfie Camera တွေကတော့ Dual Camera Setup ဖြစ်ပြီး Exmor RS Image Sensor, 88-degree, f/2.0 Wide-angle Lens နဲ့အတူ Optical Image Stabilization (OIS) တို့ ပါဝင်မယ့် 16 MP Camera တစ်လုံး  Exmor RS Image Sensor နဲ့အတူ 120-degree, f/2.4 Super Wide-angle Lens တို့ပါဝင်မယ့် 8 MP Camera တစ်လုံး ပါဝင်မှာပါ။ ဒီ့အပြင် 16 MP Camera က ISO 6400 ထိ Support ပေးနိုင်မယ်လို့လည်း သိရပါတယ်။

                Processor ပိုင်းမှာတော့ မနှစ်က ထွက်ရှိခဲ့တဲ့ XA1 နဲ့ XA1 Ultra တို့မှာ MidiaTek Helio Processors တွေကို အသုံးပြုခဲ့ပေမယ့် ဒီနှစ် XA2 နဲ့ XA2 Ultra တို့မှာ Qualcomm Snapdragon 630 ကို ပြောင်းလဲ အသုံးပြုထားတာကို တွေ့ရပါတယ်။ Battery ပမာဏ 3580mAh ပါဝင်မှာဖြစ်ပြီး USB Type-C Support ပေးမှာဖြစ်သလို Qnovo Adaptive Charging နဲ့ Qualcomm Quick Charge 3.0 လဲ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                Storage ပိုင်းမှာတော့ 32GB နဲ့ 64GB ၂ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး RAM 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း microSD Card ကို 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Xperia XA2

                Display က ၅.၂ လက်မအကျယ်ရှိတဲ့ 1920x1080 Pixels Display ဖြစ်ပြီး Pixel Density ကတော့ 424ppi ရှိပါတယ်။ Xperia XA2 Ultra လိုပဲ Android 8.0 Oreo နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ Xperia XA2 Ultra မှာလိုမျိုးပဲ 23MP Camera ကို အသုံးပြုထားပါတယ်။ Selfie Camera ကတော့ Single Camera Setup ဖြစ်သွားပြီး Exmor RS Image Sensor နဲ့အတူ 120-degree f/2.4 Wide-angle Lens ပါဝင်မယ့် 8 MP Selfie Camera တစ်လုံးပဲ ပါဝင်မှာပါ။

                Xperia XA2 Ultra မှာလိုပဲ Qualcomm Snapdragon 630 Processor ကို အသုံးပြုထားပါတယ်။ Battery ပမာဏ 3300mAh ပါဝင်မှာ ဖြစ်ပြီး USB Type-C Support ပေးမှာဖြစ်သလို Qnovo Adaptive Charging နဲ့ Qualcomm Quick Charge 3.0 လဲ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ Storage 32GB နဲ့ RAM 3GB မော်ဒယ်တစ်မျိုးတည်းပဲ ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် Storage မလောက်ဘူးဆိုရင်တော့ microSD Card ကို 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Xperai L2

                Display က ၅.၅ လက်မအကျယ်ရှိတဲ့ 1280x 720 Pixels Display ဖြစ်ပြီး Pixel Density ကတော့ 267ppi ရှိပါတယ်။ Xperia L2 ကတော့ Xperia XA2 နဲ့ Xperia XA2 Ultra တို့လို Android 8.0 Oreo နဲ့ မဟုတ်ပဲ Android 7.1.1 Nougat နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။


                ကျောက်ဘက်မှာ 13 MP Camera သာ ပါဝင်လာမှာဖြစ်ပြီး 8 MP Selfie Camera ပါဝင်မှာ ဖြစ်ပါတယ်။ Xperia L2 မှာတော့ 1.5 GHz Quad-core Processor ကိုသာ အသုံးပြုထားပါတယ်။ Xperia XA2 မှာလိုပဲ Battery ပမာဏ 3300mAh ပါဝင်မှာ ဖြစ်ပြီး USB Type-C Support ပေးမှာ ဖြစ်ပါတယ်။ Storage 32GB နဲ့ RAM 3GB မော်ဒယ် တစ်မျိူးတည်းသာ ထွက်ရှိလာတာ ဖြစ်ပြီး လိုအပ်ရင် microSD Card ကို 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

                Xperia XA2, XA2 Ultra တို့ကို နောက်လထဲမှာ စတင်ရောင်းချမှာ ဖြစ်ပြီး အရောင်တွေအနေနဲ့ Silver, Blue, Black, Pink အရောင် ၄ မျိူး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ နောက်ပြီး Single-SIM နဲ့ Dual-SIM မော်ဒယ်လ် ၂ မျိူး ထွက်ရှိမှာ ဖြစ်ပါတယ်။ Xperia L2 ကိုတော့ ဒီလကုန်လောက်မှာ စတင်ရောင်းချမယ်လို့ သိရှိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadget NDTV Gadgets NDTV
About Author
Assinged Tags
Sony Sony Xperia Smartphones Xperia XA2 Xperia XA2 Ultra Xperia L2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed