ဒီနေ့ဟာ PlayStation 4 ကို စတင်မိတ်ဆက်ခဲ့တဲ့ လေးနှစ်ပြည့်နေ့ဖြစ်ပါတယ်

date_range 20 February 2017

ဒီနေ့ဟာ PlayStation 4 ကို စတင်မိတ်ဆက်ခဲ့တဲ့ လေးနှစ်ပြည့်နေ့ဖြစ်ပါတယ်

visibility 60 Views

                Sony ဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ New York City မှာ PlayStation Meeting 2013 ပွဲကို ကျင်းပခဲ့ပြီး၊ PlayStation မျိုးဆက်သစ် ‘PlayStation 4’ ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

                အဆိုပါပွဲမှာ PS 4 ကို  စတင်မိတ်ဆက်ခဲ့တယ်ဆိုပေမယ့်၊ စက်ရဲ့ဒီဇိုင်းနဲ့ စျေးနှုန်းတို့ကို တရားဝင်ကြေငြာခဲ့တာ မဟုတ်ဘဲ၊ PS 4 ရဲ့ Hardware ပိုင်းနဲ့ အသစ်ပါလာမယ့် Features တွေကိုပဲ မိတ်ဆက်သွားခဲ့တာပါ။ 

                စက်ဒီဇိုင်းအသေးစိတ်ကိုတော့ နောက်ထပ်လေးလအကြာမှာ ကျင်းပခဲ့တဲ့ EEE ( Electronic Entertainment Expo) ရောက်မှ တရားဝင်ပြသခဲ့တာပါ။

                PS 4 ရဲ့ ကနဦးစျေးနှုန်းကတော့ ၃၉၉ ဒေါ်လာ (မြောက်အမေရိက) ၊ ဥရောပမှာဆို ၃၉၉ ယူရိုနဲ့ UK မှာဆို ၃၄၉ ပေါင်အထိရှိခဲ့ပါတယ်။ စတင်စျေးကွက်ဝင်တဲ့အချိန်ကနေ ယခုအချိန်ထိဆိုရင် PlayStation 4 စက်ပေါင်း ၅၃.၄ သန်းရောင်းချခဲ့ပြီးပါပြီ။


References
Tom Merritt Wikipedia
About Author
Assinged Tags
Sony PlayStation PS4
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed