တကယ့်ခွေးတစ်ကောင်ထက် ပိုပြီးအသိဉာဏ်ရှိတဲ့ Aibo ခွေးစက်ရုပ်လေးတွေကို CES 2018 မှာ ပြသခဲ့တဲ့ Sony

date_range 09 January 2018

တကယ့်ခွေးတစ်ကောင်ထက် ပိုပြီးအသိဉာဏ်ရှိတဲ့ Aibo ခွေးစက်ရုပ်လေးတွေကို CES 2018 မှာ ပြသခဲ့တဲ့ Sony

visibility 560 Views

            Sony အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ဂျပန်ပြည်က ခွေးစက်ရုပ် ပရိတ်သတ်တွေအတွက် သူတို့ရဲ့ Aibo ခွေးစက်ရုပ် Series ကို ပြန်လည် အသက်သွင်းပေးတဲ့ အနေနဲ့ မျိုးဆက်သစ် Aibo ERS-1000 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၇ အောက်တိုဘာ ၃၁ ရက်နေ့က စတင်ပြီး Aibo ERS-1000 ခွေးစက်ရုပ်လေးတွေကို ဒေါ်လာ ၁,၈၀၀ ဈေးနှုန်းနဲ့ Pre-Order မှာယူခွင့်ပေးခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီလ ၁၁ ရက်နေ့ကျမှ မှာယူထားသူတွေဆီ စတင်ပို့ပေးမှာ ဖြစ်ပါတယ်။

                ဒီနေ့မှာတော့ Sony က Aibo ERS-1000 ခွေးစက်ရုပ်လေးတွေကို မှာယူထားသူတွေဆီ မပို့ရသေးခင် CES 2018 မှာ ကြိုတင် ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ Aibo ခွေးစက်ရုပ်လေးတွေဟာ English လို့ ခိုင်းစေလို့ ရမှာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ခိုင်းလို့ရမယ်၊ ထိုင်ဖို့အတွက် အမိန့်ပေးလို့လည်း ရမယ်လို့ သိရပါတယ်။


                မျက်လုံးအတွက် Glassy OLED Display ကို အသုံးပြုထားပြီး နှာခေါင်းထဲမှာတော့ ပိုင်ရှင်တွေအနေနဲ့ Security Camera တစ်ခုအဖြစ် အသုံးပြုလို့ ရနိုင်မယ့် Camera တစ်လုံးပါဝင်ပြီး ရိုက်ကူးထားတဲ့ Video တွေကို My Aibo ဆိုတဲ့ App ထဲမှာ ပြန်ကြည့်နိုင်မယ်လို့ သိရပါတယ်။ Aibo ERS-1000 ရဲ့ ဝမ်းဗိုက်မှာတော့ အထိအတွေ့ကို ခံစားနိုင်တဲ့ Sensor တွေ တပ်ဆင်ထားပြီး အတွင်းထဲမှာတော့ Quad-Core CPU ပါဝင်တယ်။


                Bulit-in LTE, Wifi ပါဝင်ပြီး ခွေးတစ်ကောင်လို လှုပ်ရှားမှုတွေ ၂၂ မျိုး ပြုလုပ်နိုင်ဖို့အတွက် Gyroscope တွေ၊ မော်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သခင်ရဲ့အမိန့်ပေးမှုကို လက်ခံဖို့အတွက် Microphone လေးလုံး၊ တကယ့်ခွေးလေးတွေလို ဟောင်နိုင်ဖို့အတွက် Speaker တစ်လုံး ပါဝင်ပါသေးတယ်။ Aibo ခွေးလေးရဲ့ ကျောဘက်၊ရင်ဘက်နဲ့ ခေါင်းတို့မှာလည်း လူတွေရဲ့ အထိအတွေ့ကို အာရုံခံနိုင်မယ့် အထိအတွေ့ အာရုံခံ Sensor တွေထည့်သွင်းပေးထားပါတယ်။


                Sony ရဲ့ ပြောကြားချက်အရ Aibo ERS-1000 ခွေးစက်ရုပ်လေးတွေဟာ သူတို့ရဲ့ အမူအကျင့်ကို ပိုင်ရှင်ကြိုက်တတ်တဲ့ ပုံစံအတိုင်း ပြောင်းလဲပစ်နိုင်တယ်လို့ သိရပါတယ်။ Sensor တွေကနေ တစ်ဆင့် ကြားနေရတဲ့ အသံတွေ မြင်တွေ့နေရတဲ့ ပုံတွေကို Deep Learning နည်းပညာ အသုံးပြုပြီး စိစစ်နိုင်တဲ့အတွက် သခင်အကြိုက်ပုံစံကို နေပေးနိုင်ပြီး Cloud Data တွေကနေတဆင့် အခြား Aibo ခွေးစက်ရုပ်တွေနဲ့ ပိုင်ရှင်တွေရဲ့ အဖြစ်အပျက်တွေကို လေ့လာနိုင်တဲ့အတွက် မိမိပိုင်ရှင်နဲ့ ပိုပြီး အဆင်ပြေပြေ နေနိုင်တယ်လို့ သိရပါတယ်။


                Aibo ERS-1000 ခွေးစက်ရုပ်လေးတွေမှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ Sony က ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ Aibo ERS-1000 ခွေးစက်ရုပ်လေးတွေဟာ သူတို့ကို ပွတ်သပ်ဆော့ကစားပေးတဲ့သူကိုပဲ ပိုပြီးခင်တွယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Sony အနေဲ့ Aibo ERS-1000 ခွေးစက်ရုပ်လေးတွေအတွက် “Aibone” လို့ခေါ်တဲ့ အရိုးကိုလည်း ကန်ဒေါ်လာ ၂၆ ဒေါ်လာနဲ့ ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။


This Article is contributed by Phyo Kyaw Swar. 
References
Engadget
About Author
Assinged Tags
Sony Robot
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed