ကမ္ဘာ့ပထမဆုံး 4K OLED Display အသုံးပြု စမတ်ဖုန်း ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Sony

date_range 15 January 2018

ကမ္ဘာ့ပထမဆုံး 4K OLED Display အသုံးပြု စမတ်ဖုန်း ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Sony

visibility 1400 Views

                CES 2017 မှာ မိတ်ဆက်ပေးခဲ့တဲ့ A1 TV နဲ့အတူ High-End OLED TV စျေးကွက်ထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Sony ဟာ မကြာသေးမီ အချိန်က ကျင်းပသွားခဲ့တဲ့ CES 2018 မှာလည်း 4K OLED Screen အသုံးပြုထားတဲ့ Bravia A8 TV Series ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။ ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony အနေနဲ့ သူတို့ရဲ့ OLED Display ကို TV တွေမှာတင် မဟုတ်ပဲ စမတ်ဖုန်းတွေမှာပါ အသုံးပြုလာနိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားကြပါတယ်။

                ပြီးခဲ့တဲ့ နှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Sony Xperia XZ Premium စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး 4K HDR Screen အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ခဲ့ပေမယ့် LCD Screen ကိုသာ အသုံးပြုထားတာ ဖြစ်ပါတယ်။ Viewing Performance ပိုင်းမှာ OLED Screen တွေဟာ LCD Screen တွေထက် ပိုမို ကောင်းမွန်တာ ဖြစ်တာကြောင့် Sony အနေနဲ့ အခုလို ကမ္ဘာ့ပထမဆုံး 4K OLED Display အသုံးပြု စမတ်ဖုန်းကို ထုတ်လုပ်ရန် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။

                4K OLED စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို Sony ဘက်က တရားဝင် ထုတ်ပြန် ကြေငြာခြင်းတော့ မရှိသေးပါဘူး။ အလုပ်အကိုင် ရှာဖွေရေး Website တွေမှာ Sony အနေနဲ့ စမတ်ဖုန်းတွေအတွက် 4K OLED Display ထုတ်လုပ်နိုင်ဖို့အတွက် Display အင်ဂျင်နီယာတွေ ခေါ်ယူနေတာကို ကြည့်မယ်ဆိုရင် 4K OLED စမတ်ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ သေချာသလောက် ရှိနေပြီလို့ ဆိုရမှာပါပဲ။

                ဒါပေမယ့် Display အင်ဂျင်နီယာတွေကို ၂၀၁၇ နိုဝင်ဘာ ၃၀ ရက်နေ့ထဲက စတင် ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၁၂ ရက်နေ့အထိ Display အင်ဂျင်နီယာတွေ လိုအပ်နေတာကို ကြည့်မယ်ဆိုရင် Sony အနေနဲ့ OLED Display ပိုင်းအတွက် Display အင်ဂျင်နီယာ ရှာဖွေရာမှာ ပြဿနာအနည်းငယ် ရှိနေတဲ့ ပုံပါပဲ။ ဒါကြောင့်မို့လို့ Sony ရဲ့ 4K OLED Display အသုံးပြု Flagship စမတ်ဖုန်းတွေကို ၂၀၁၉ လောက်မှသာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Sony Smartphones 4K Display Sony Xperia OLED Display OLED Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed