ယခုလအတွင်း ထွက်ရှိလာဦးမယ့် Xiaomi ရဲ့ Redmi Pro 2

date_range 14 March 2017

ယခုလအတွင်း ထွက်ရှိလာဦးမယ့် Xiaomi ရဲ့ Redmi Pro 2

visibility 1570 Views

                လွန်ခဲ့တဲ့ ဇန်နဝါရီလလောက်ကတည်းက သတင်းတွေ ပေါက်ကြားခဲ့တဲ့ Xiaomi ရဲ့ Redmi Pro ဖုန်းအသစ် Redmi Pro 2 ဟာ ယခုမတ်လအတွင်းမှာ ထွက်ရှိလာနိုင်ခြေ ရှိပါတယ်။

                တရုတ်နိုင်ငံတွင်းကနေ ရရှိတဲ့ သတင်းတစ်ခုအရ Redmi Pro 2 မှာ Mediatek ရဲ့ Helio P25 SoC ကို အသုံးပြုမှာဖြစ်ပြီး၊ မနှစ်က ထွက်ရှိထားတဲ့ Redmi Pro ဖုန်းလိုပဲ ကျောကင်မရာနှစ်လုံးနဲ့ ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Xiaomi ရဲ့ Flagship ဖုန်းမော်ဒယ်အသစ်ဖြစ်တဲ့ Mi 6 ထွက်ဖို့ နှောင့်နှေးနေတာကြောင့် ကုမ္ပဏီအနေနနဲ့ Redmi Pro 2 ဖုန်းကို အရင်ထုတ်လုပ်ပေးတာ ဖြစ်လောက်ပါတယ်။

                အတည်မပြုရသေးတဲ့သတင်းတွေအရ Redmi Pro 2 ဖုန်းကို Helio P20 နဲ့ Helio P25 deca-core ပရိုဆက်ဆာ နှစ်မျိုးထုတ်လုပ်မှာဖြစ်ပြီး၊ GPU အတွက် Mali-T880 MP4 GPU ကို အသုံးပြုမှာဖြစ်ပါတယ်။ Display ကလည်း အရင် Redmi Pro တုန်းကလိုပဲ OLED panel နဲ့ ဖြစ်နိုင်ပါတယ်။

                Xiaomi အနေနဲ့ Android 7.0 Nougat အခြေခံ MIUI အသစ်ကို ရေးသားဆဲဖြစ်တာကြောင့်၊ Redmi Pro 2 မှာတော့ Nougat ပါဝင်လာဖို့ မရှိလောက်သေးပါဘူး။


References
Phone Arena
About Author
Assinged Tags
Xiaomi Smartphones Rumors Xiaomi Redmi Pro 2 Dual Camera Smartphone MediaTek
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed