Snapdragon 845 Processor နဲ့အတူ Under-Display Fingerprint Sensor ပါ စတင်ပါဝင်လာနိုင်တဲ့ OnePlus 6

date_range 26 December 2017

Snapdragon 845 Processor နဲ့အတူ Under-Display Fingerprint Sensor ပါ စတင်ပါဝင်လာနိုင်တဲ့ OnePlus 6

visibility 2900 Views

                OnePlus 5T ထွက်ပြီး ၁လ အကြာပဲ ရှိသေးတဲ့ အချိန်မှာပဲ OnePlus အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် Flagship Smartphone တစ်လုံး ဖြစ်လာမယ့် OnePlus 6 ကို ၂၀၁၈ မတ်လ ထဲမှာ တရားဝင် မိတ်ဆက်နိုင်ဖို့အတွက် စတင် ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ OnePlus 6 Smartphone ကို ၂၀၁၈ မတ်လ အလယ် လောက်မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပြီး မတ်လ အကုန်လောက်မှာ စတင် ရောင်းချ နိုင်ခြေရှိတယ်လို့ သိရပါတယ်။

                ဒါ့အပြင် OnePlus ရဲ့ Flagship ဖုန်းအသစ် ဖြစ်လာမယ့် OnePlus 6 မှာ Under-Display Fingerprint Sensor ကိုအသုံးပြု လာလိမ့်မယ်လို့ ကောလာဟလ တွေလည်း ထွက်နေပါတယ်။ Shenzhen အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ OnePlus ဟာ ၂၀၁၅ ဇူလိုင်လထဲမှာ ထွက်ရှိခဲ့တဲ့ OnePlus 2 ထဲက Finger Print Sensor အကောင်းဆုံး Smartphone တွေထဲမှာ ထိပ်သီးစာရင်း ဝင်နိုင်ခဲ့သလို အခု OnePlus 5T မှာ စတင်ပါဝင်လာတဲ့ Face Unlock Feature ကလည်း လူကြိုက်များပြီး သုံးရအဆင်ပြေခဲ့တဲ့အတွက် မော်ဒယ်အဟောင်း OnePlus 5 မှာပါတောင် ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်

                OnePlus 6 မှာ ယခုလ အစောပိုင်း တုန်းက မိတ်ဆက်သွားခဲ့တဲ့ Qualcomm ရဲ့ Snapdragon 845 Processor ကို အသုံးပြု သွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။ OnePlus ရဲ့အဓိက ပြိုင်ဘက် ဖြစ်တဲ့ Xiaomi ကလည်း သူတို့ရဲ့ မျိုးဆက်သစ် Flagship Smartphone ဖြစ်တဲ့ MI 7 မှာ Snapdragon 845 Processor ကို အသုံးပြု သွားမယ်လို့ ကြေညာထားပါသေးတယ်။ ဒါ့အပြင် MI 7 ကို မတ်လထဲမှာပဲ ရောင်းချသွားမှာ ဖြစ်တဲ့အတွက် OnePlus နဲ့ Xiaomi တို့ရဲ့ မျိုးဆက်သစ် Flagship Smartphone တွေ ဘယ်လိုများ အားပြိုင်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

                Processor အပြင် OnePlus 6 ရဲ့ Specification နဲ့ပက်သတ်ပြီး နောက်ထပ် ထွက်ရှိနေတဲ့ ကောလာဟလ ကတော့ Under-Display Fingerprint Sensor ပဲ ဖြစ်ပါတယ်။ OnePlus 5T မှာ Bezel-Less Display ကို အသုံးပြုထားတဲ့အတွက် Fingerprint Sensor ကို ဖုန်းရဲ့ကျော်ဘက်ကို ပို့ ခဲ့ပေမယ့် OnePlus 6 ကျရင်တော့ User တွေ အနေနဲ့ Fingerprint Sensor ကို ပိုပြီး အဆင်ပြေစွာ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖုန်းရဲ့အရှေ့ဘက်မှာပဲ Fingerprint Sensor ကို ထားနိုင်ဖို့အတွက် Under-Display Fingerprint နည်းပညာ ကို အသုံးချလာဖွယ် ရှိပါတယ်။

                နည်းပညာ ကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ Qualcomm နဲ့ Synaptics တို့ကလည်း Under-Display Fingerprint နည်းပညာကို Smartphone ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေ အတွက် စတင် ထုတ်လုပ်နေပြီ ဖြစ်တဲ့အပြင် ၂၀၁၈ ခုနှစ်အတွင်းမှာ သန်း ၇၀ ခန့် အရေအတွက်ရှိတဲ့ In-Display Finger Print Sensors တွေ ဈေးကွက်ထဲကို ရောက်ရှိလာစေရမယ်လို့ Synaptics က အာမခံထား ပါသေးတယ်။ ဆက်လက်ပြီး Under-Display Fingerprint နည်းပညာသုံး Smartphone မော်ဒယ်လ်သစ်တွေကို Consumer Electronics Show (CES) 2018 ပွဲမှာ ဖေါ်ပြသွားဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

                မကြာသေးမီ အချိန်တုန်းကလည်း Synaptics အနေနဲ့ Vivo နဲ့ လက်တွဲပြီး Under-Display Fingerprint Sensor ပါဝင်တဲ့ Smartphone တွေကို ထုတ်လုပ်တော့မယ်လို့ ကြေညာ ထားတဲ့ အတွက် Vivo နဲ့ Parent Company တူတဲ့ OnePlus က ထုတ်လုပ်မှာ ဖြစ်တဲ့ OnePlus 6 ကပဲ ပထမဦးဆုံး Under-Display Fingerprint Sensor ပါ၀င်လာတဲ့ Smartphone ဖြစ်လာမလား? ဒါမှမဟုတ် Vivo က မျိုးဆက်သစ် Smartphone ကပဲ ပထမဦးဆုံး Under-Display Fingerprint Sensor ပါ၀င်လာတဲ့ Smartphone ဖြစ်လာမလား? ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Waqar Khan
About Author
Assinged Tags
Xiaomi Qualcomm Snapdragon 845 Vivo OnePlus 5 OnePlus OnePlus 2 Under Display Fingerprint Sensor Synaptics OnePlus 5T Xiaomi Mi 7 Xiaomi Mi 7 Plus OnePlus 6
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed