OnePlus 5 မှာလည်း OnePlus 5T ကလို Face Unlock Feature ပါဝင်လာတော့မည်

date_range 26 December 2017

OnePlus 5 မှာလည်း OnePlus 5T ကလို Face Unlock Feature ပါဝင်လာတော့မည်

visibility 780 Views

                OnePlus 5T မှာ စတင်ပါဝင်လာတဲ့ Feature အသစ်တစ်ခုဖြစ်တဲ့ Face Unlock Feature ဟာ မော်ဒယ်အဟောင်း One Plus 5 မှာလည်း ပါဝင်လာတော့မယ်လို့ OnePlus ရဲ့ Co-Founder Carl Pei က အတည်ပြုလိုက်ပါပြီ။

                ခရစ်စမတ်နေ့ မတိုင်ခင်မှာ Carl Pei အနေနဲ့ သူရဲ့ Twitter Page မှာ Tweet တစ်ခုတင်ပြီး အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Tweet ထဲမှာတော့ 

                “Face Unlock Feature ကို လူကြိုက်အရမ်းများနေတာဆိုတော့ မော်ဒယ်အဟောင်း OnePlus 5 မှာလည်း ဒီ Feature ကို ထည့်သွင်းပေးတော့မှာပါ။ Feedback တွေအတွက် အားလုံးကို ကျေးဇူးပါပဲ။ Merry Chirstmas ပါ”

လို့ ရေးသားထားပါတယ်။

                OnePlus 5T ကို Phone Reviewer တွေအနေနဲ့ Camera ကလွဲပြီး အကုန်လုံး အဆင်ပြေတဲ့ဖုန်းအဖြစ် သတ်မှတ်ခဲ့ကြသလို အသစ်ပါဝင်လာတဲ့ Face Unlock Feature ကိုလည်း အဆင်ပြေတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် Face Unlock Feature က Secure တော့ အရမ်းကြီး မဖြစ်ပါဘူး။

                တစ်ဖက်ကကြည့်မယ်ဆိုရင် Face Unlock Feature က Phone ကိုပဲ Secure ဖြစ်အောင် ကာကွယ်ထားပေးတာဖြစ်ပြီး Online Payment တွေအတွက် မသုံးထားပါဘူး။ နောက်ပြီး iPhone X မှာလိုမျိုး Security ပိုင်းအတွက် FaceID လို စနစ်တစ်ခုထဲ ထည့်သွင်းပေးထားတာ မဟုတ်ပါဘူး။ Face Unlock ကို မသုံးချင်ဘူးဆိုရင်လည်း Fingerprint Reader ကို အသုံးပြုနိုင်ပါသေးတယ်။

                အခုလောလောဆယ်ကတော့ Carl Pei အနေနဲ့ Face Unlock Feature ကို OnePlus 5 မှာ ထည့်သွင်းပေးသွားမယ် ဆိုတာကိုပဲ အတည်ပြုပေးထားတာဖြစ်ပြီး OnePlus အနေနဲ့ ဘယ်နေ့၊ ဘယ်ရက်မှာစပြီး အကောင်အထည်ဖော်သွားမယ် ဆိုတာကိုတော့ အတိအကျ မပြောသွားပါဘူး။

References
The Verge
About Author
Assinged Tags
OnePlus 5 OnePlus Face Unlock OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed