In-display Fingerprint Sensor ကို ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်နေပြီဖြစ်ကြောင်း Synaptics ကြေညာ

date_range 14 December 2017

In-display Fingerprint Sensor ကို ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်နေပြီဖြစ်ကြောင်း Synaptics ကြေညာ

visibility 1440 Views

                ၂၀၁၇ မှာ အကြားရဆုံး ကောလဟလတွေကတော့ In-display Fingerprint Sensor အကြောင်းပါဘဲ။ ဒီနည်းပညာကို ဒီနေ့ဘဲ တွေ့ရတော့မလိုလို မနက်ဖြန်ဘဲ ထွက်လာတော့မလိုလိုနဲ့ ခုချိန်ထိ ဘယ် Smartphone Company ရဲ့ ဖုန်းမှာမှ မတွေ့ရသေးပါဘူး။ Qualcomm နဲ့ Vivo တို့က Under Display Fingerprint Sensor ကို မိတ်ဆက်၊ သရုပ်ပြသွားပေမယ့်လည်း အခုထိတော့ Vivo စမတ်ဖုန်းတွေကော၊ တခြားစမတ်ဖုန်းတွေမှာ ဒီ Sensor ပါဝင်လာခြင်းမရှိသေးတာ တွေ့ရပါတယ်။

                In-Display Fingerprint Sensor ကို အစောဆုံးသုံးမယ်လို့ သတင်းတွေထွက်ခဲ့ကြတဲ့ Apple နဲ့ Samsung တို့မှာ Apple ဆိုရင် iPhone X မှာ လက်ဗွေရာသုံးတဲ့ TouchID ကို လုံးဝဖြုတ်ပစ်ခဲ့ပြီး၊ Face ID ကို ပြောင်းလဲအသုံးပြုခဲ့တာ တွေ့ရပါတယ်။ Samsung ဆိုရင်လည်း Galaxy Note 8 စမတ်ဖုန်းမှာ Rear Fingerprint နဲ့ မလုံခြုံသေးတဲ့ Iris Scanner ကို အားကိုးနေရတုန်းပါဘဲ။

                အခုတော့ Synaptics Company က Smartphones တွေအတွက် ကမ္ဘာ့ ပထမဆုံး In-display Fingerprint Sensor နည်းပညာကို ထုတ်လုပ်နေပါပြီ။ Synaptics က ကမ္ဘာ့ပထမဆုံးလို့ ကြွေးကြော်ထားပေမယ့် Qualcomm ကလည်း Under Display Fingerprint Sensor နည်းပညာကို မိတ်ဆက်ပြသခဲ့ပြီး ဖြစ်တာကြောင့် ကမ္ဘာ့ပထမဆုံးလို့တော့ ဆိုမသာပါဘူး။ In-Display နဲ့ Under Display Fingerprint Sensor နှစ်မျိုးစလုံးမှာ Display အောက်က Fingerprint Sensor က Display Panel နဲ့ အပေါ်က Glass တို့ကို ဖြတ်ပြီး လက်ဗွေရာဖတ်ပုံချင်း သဘောတရားတူညီတာကြောင့် အတူတူပဲလို့ ပြောနိုင်ပါလိမ့်မယ်။


                Synaptics ဟာ In-display Fingerprint Sensor ဖြစ်တဲ့ Clear ID™ FS9500 Sensor ကို Top Five OEM (Original Equipment Manufacturer) တွေထဲက ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်နေပြီလို့ မနေ့က တရားဝင်ကြေညာ ခဲ့ပါတယ်။ ဘယ်ကုမ္ပဏီလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။


                Synaptics ရဲ့  Clear ID Sensor အသစ်ဟာ Qualcomm ရဲ့ Under Display Fingerprint Sensor တွေလိုမျိုးပဲ OLED Display နဲ့ပဲ အလုပ်လုပ်နိုင်မှာဖြစ်ပြီး၊ LCD Display တွေနဲ့ဆိုရင်တော့ ရမှာမဟုတ်ပါဘူး။ ပြီးတော့ Fingerprint သုံးဖို့ လိုအပ်တဲ့အခါမှသာ Activate လုပ်ပေးမှာ ဖြစ်ပြီး Infinity Display အသုံးပြုထားတဲ့ Smartphones တွေအတွက်တော့ တကယ်အသုံးဝင်မယ့် Sensor မျိုး ဖြစ်ပါတယ်။


                Synaptics ရဲ့ အဆိုအရ အခု In-Display Fingerprint Sensor ဟာ 3D Facial တို့လို Alternative Biometrics တွေထက် ပိုမြန်မယ့်အပြင် Secure ပိုင်းမှာလဲ ပိုပြီး အဆင့်မြင့်လာပါမယ်။ ဒီ့အပြင် Touchscreen Display အတွင်းရှိ Biometric Authentication ကလဲ တစ်ချက်ထိရုံနဲ့ Unlock လုပ်မှာဖြစ်တဲ့အတွက် အတော်ကို အဆင်ပြေစေမှာပါ။

                Top Five OEM တွေဖြစ်တဲ့ Samsung, Apple, Huawei, Oppo, and Xiaomi တို့ထဲမှာ In-display Fingerprint Sensor နည်းပညာနဲ့ ပွဲထွက်လာဖို့ ရေပန်းအစားဆုံးကတော့ Samsung ပါဘဲ။ Synaptics က Clear ID အကြောင်းပြောတဲ့အခါမှာ Infinity Display လို့ သုံးနှုန်းသွားပါတယ်။ “Infinity Display” ဆိုတာ Samsung က သူတို့ရဲ့  Bezel-less Display တွေကို မှည့်ခေါ်ထားတာဖြစ်ပြီး၊ တခြား OEM တွေကတော့ FullView Display လို့ သုံးနှုန်းကြပါတယ်။ ပြီးတော့ Samsung အနေနဲ့ ဒီနှစ်အတွင်း Galaxy S9 ဖုန်းကို မိတ်ဆက်ဖို့ရှိတယ်ဆိုတော့ Galaxy S9 မှာ ဒီ Sensor ကို စတင်မြင်တွေ့ရနိုင်ပါတယ်။

This Article is Contributed by Thaw Zin
References
Synaptics Indian Express
About Author
Assinged Tags
Smartphones Biometrics Fingerprint Scanner Biometrics Authentication Under Display Fingerprint Sensor Synaptics In-Display Fingerprint Sensor Clear ID Sensors
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed