Asus Zenfone 3 တွင် Android Oreo ကို မကြာမီ အချိန်အတွင်းအသုံးပြုနိုင်တော့မည်

date_range 08 December 2017

Asus Zenfone 3 တွင် Android Oreo ကို မကြာမီ အချိန်အတွင်းအသုံးပြုနိုင်တော့မည်

visibility 340 Views

                အသစ်ထွက်ရှိလာတဲ့ Android OS အသစ် Oreo ကို Google ပြီးရင် အစောဆုံး Update ထုတ်ပေးနိုင်ခဲ့တဲ့ Android ဖုန်းကုမ္ပဏီတွေထဲမှာ Sony, Nokia, OnePlus, HTC နဲ့ LG တို့ ရှိပါတယ်။ အခုတော့ ဒီကုမ္ပဏီစာရင်းမှာ ထိုင်ဝမ်အခြေစိုက် Asus လည်း ပါဝင်လာတော့မှာပါ။

                Asus အနေနဲ့ ZenFone 3 နဲ့ ZenFone 4 တို့မှာ Android 8.0 Oreo ကို မကြာမီအချိန်အတွင်း Update လုပ်နိုင်မယ်လို့ပြောခဲ့ပေမယ့်၊ ခုထက်ထိ ဘယ်တော့ Update ပေးမယ်ဆိုတာကို တိကျတဲ့ ရက် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ 

                ဒါပေမယ့် Update ထွက်ရှိလာတဲ့အခါကြရင်ရင် Bloatware ပမာဏကို လျှော့ချပေးသွားမယ့်အပြင် ပိုပြီးရိုးရှင်းသေသပ်လှပတဲ့ Zen UI 4.0 ပါ ပါ၀င်လာမယ်လို့ ထိုင်၀မ်အခြေစိုက်ကုမ္ပဏီ(Asus) က အာမခံထားပါတယ်။

                Asus ဘက်က Oreo Update အတွက် ရက်အတိအကျမပြောထားပေမယ့်၊ Asus Zenfone Blog ကနေ Android 8.0 Oreo အသုံးပြုထားတဲ့ Zenfone 3 ရဲ့  ZenUI Screenshots တွေ အခု ပေါ်ထွက်လာပြီဖြစ်ပါတယ်။


                Screenshots ကို ကြည့်ပြီး သုံးသပ်ရမယ်ဆိုရင် Pull-Down Notification Shade နဲ့ Setting Menu မှာပါတဲ့ Icon တွေပြောင်းသွားတာကလွဲပြီး Android Oreo based ZenUI မှာ ကြီးကြီးမားမား ပြောင်းလဲခဲ့ခြင်းမရှိပါဘူး။ Android Oreo ရဲ့  Feature ဖြစ်တဲ့ Picture-In-Picture Mode ပါ၀င်လာမှာဖြစ်ပြီး Background App Management လည်း ပိုမိုကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။ Asus အနေနဲ့ ZenUI အသစ်မှာ Bloatware တွေကို ဘယ်လောက်ထိ လျော့ချသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ Zenfone 4 Series မှာလည်း ဒီ Screenshots မှာပါတဲ့ UI အတိုင်း ဖြစ်လာနိုင်ချေ ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။


                Asus Zenfone 3 နဲ့ 4အတွက် Android 8.0 Oreo Update ထွက်လာတဲ့အခါမှာ ဘယ်လို ထူးခြားတဲ့ Features တွေပါလာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

References
Android Authority
About Author
Assinged Tags
Asus Android Smartphones Operating System Android 8 Zenfone 4 Android Update Android Oreo Zenfone 3 ZenUI
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed