OnePlus 5 အတွက် Android Oreo နဲ့ OxygenOS Open Beta စတင်ထွက်ရှိ

date_range 28 November 2017

OnePlus 5 အတွက် Android Oreo နဲ့ OxygenOS Open Beta စတင်ထွက်ရှိ

visibility 800 Views

                Android Oreo တရားဝင်ထွက်လာတာလည်း လတော်တော်ကြာနေပြီဆိုတော့ နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့လည်း သူ့တို့ရဲ့ Flagship ဖုန်းတွေမှာ Android Oreo Update အစောဆုံးပေးနိုင်အောင် အပြိုင်အဆိုင်ကြိုးစားလာကြတာ တွေ့ရပါတယ်။

                မနေ့ကတင် HMD Global ဟာ Nokia 8 စမတ်ဖုန်းအတွက် Android Oreo Stable Update ထုတ်ပေးနိုင်ခဲ့ပြီး၊ ယနေ့မှာလည်း OnePlus ကုမ္ပဏီက OnePlus 5 စမတ်ဖုန်းအတွက် Android Oreo-based OxygenOS 4.5.14 Open Beta ကို စတင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Beta version ပဲရှိသေးပြီး၊ Bugs တွေတော့ တော်တော်များများရှိသေးတာကြောင့် စမ်းသပ်သုံးကြည့်ချင်သူတွေလောက်ပဲ တင်သင့်တယ်လို့ ထင်ပါတယ်။


                OnePlus ရဲ့ OxygenOS ဟာ Stock Android နီးပါး ပြင်ဆင်မှုတွေ ပြုလုပ်မထားတဲ့ Custom ROM တစ်ခုဖြစ်တာကြောင့် Android Oreo ရဲ့ Features တော်တော်များများကို OnePlus 5 အတွက် အခုထွက်ရှိလာတဲ့ OxygenOS Open Beta မှာ တွေ့မြင်ရမှာပါ။ Picture-in-Picture Mode ပါလာမယ်။ Smart Text Selection နဲ့ Android Oreo ရဲ့ အထင်ကရ Feature တစ်ခုဖြစ်တဲ့ Notification Dots တွေလည်း ပါဝင်လာမှာပါ။ ဒီ့အပြင် OnePlus 5T ဖုန်းမှာ မိတ်ဆက်ခဲ့တဲ့ ‘Parallel Apps’ Feature လည်း ပါဝင်လာတာ တွေ့ရပါတယ်။ ပြီးတော့ အခု OxygenOS Open Beta မှာ October 2017 Security Patch ပါ တပါတည်း ပါဝင်လာမှာပါ။

                Quick Settings Panel မှာလည်း UI ပြောင်းလဲမှုလေးတွေ ရှိလာပြီး၊ App Folder Designs တွေလည်း ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ နောက်ပိုင်း Build တွေမှာ OnePlus 5T ဖုန်းမှာ ပါဝင်ခဲ့တဲ့ Face Unlock စနစ်လည်း ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။

                OnePlus 5 ဖုန်းပိုင်ရှင်တွေအနေနဲ့ Android Oreo သုံးချင်လို့ OxygenOS Open Beta တင်မယ်ဆိုရင် အောက်ပါနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် OnePlus Website ရဲ့ ယခု Page မှာလည်း Instructions တွေ အပြည့်အစုံ ဖော်ပြပေးထားပါတယ်။

  • ပထမဆုံး OnePlus OxygenOS Open Beta with Android Oreo ZIP File ကို ဒီမှာ Download ပြုလုပ်ပေးပါ။
  • ပြီးရင် အဆိုပါ ZIP ဖိုင်ကို ဖုန်းထဲထည့်ပြီး၊ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။


  • ပါဝါပိတ်ပြီးသွားရင်၊ ဖုန်းရဲ့ ပါဝါခလုတ်နဲ့ အသံတိုးတဲ့ခလုတ်ကို တပြိုင်တည်းဖိနှိပ်ထားပေးပါ။


  • ဒီအခါ Recovery Mode ထဲ ရောက်သွားမှာဖြစ်ပြီး၊ ဖုန်း Password ကို ရိုက်ပေးလိုက်ပါ။
  • ဘာသာစကားရွေးချယ်ပြီးရင်၊ Install from internal storage ဆိုတာကို ထပ်ရွေးပြီး၊ ခုန ZIP File ကို နှိပ်ပေးလိုက်တာနဲ့ OxygenOS Open Beta with Android Oreo ကို အလိုအလျောက်တင်ပေးသွားမှာ ဖြစ်ပါတယ်။

via GIPHY


                အရမ်းစမ်းသပ်သုံးချင်သူမဟုတ်ဘူးဆိုရင် OxygenOS Open Beta မတင်ဖို့ အကြံပေးချင်ပါတယ်။ အခုလောလောဆည်မှာ Errors, Bugs တွေ တော်တော်များသေးပြီး၊ ကျနော့် OnePlus 5 မှာဆို Icons တွေ ရွှေ့မရ ဖြစ်နေပါတယ်။ ဒီလို Bugs လေးတွေရှိနေရင် OnePlus Forum မှာ သွားပြီးအကြောင်းကြား Submit လုပ်လို့ ရပါတယ်။ တစ်ချို့ Bugs လေးတွေကတော့ ဖုန်းကို Restart ချပေးလိုက်ရင်တော့ အဆင်ပြေသွားတာလည်း တွေ့ရပါတယ်။

References
OnePlus
About Author
Assinged Tags
OnePlus 5 OnePlus OxygenOS Android Update Android Oreo Android Oreo Stable Oxygen OS Open Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed