Sony Xperia XZ Premium အတွက် Android 8.0 Oreo Update စတင်ရရှိ

date_range 24 October 2017

Sony Xperia XZ Premium အတွက် Android 8.0 Oreo Update စတင်ရရှိ

visibility 540 Views

                အခုဆို ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအကုန်လုံးက သူတို့ရဲ့ Flagship ဖုန်းတွေကို Android Version 8.0 Oreo Update  ပေးနိုင်အောင် ကြိုးစားနေကြပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Sony က အခြား Samsung, OnePlus စတဲ့ Android ဖုန်းကုမ္ပဏီတွေထက် စောပြီး၊ Android 8.0 Oreo Update ကို သူရဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Xperia XZ Premium ဖုန်းအတွက် ထုတ်ပေးနေပါပြီ။

                Sony ဟာ XZ Premium ဖုန်းအတွက် Android 8.0 Oreo Update ကို Beta Version မဟုတ်တဲ့ Stable အနေနဲ့ အခုလို အစောကြီးထုတ်ပေးနိုင်တာက လက်ရှိအခြား Flagship ဖုန်းတွေထဲမှာ အမြန်ဆုံးလို့တောင် ပြောလို့ရပါတယ်။ ဒီအချက်ကတော့ အထင်ကြီးစရာပါ။ 


                အခု Android 8.0 Oreo Update နဲ့အတူ Sony XZ Premium ဖုန်းမှာ 3D Scanning Feature ဖြစ်တဲ့ 3D Creator App ကို ရရှိလာမှာဖြစ်ပါတယ်။ အဆိုပါ 3D Creator App ဟာ လက်ရှိအချိန်မှာ Sony Xperia XZ1 နဲ့ XZ1 Compact တွေမှာပဲ ရရှိနေသေးတာဖြစ်ပြီး လူမျက်နှာကဲ့သို Object တစ်ခုခုကို 3D ပုံရိပ်အနေနဲ့ ပြောင်းလဲပြီး ထုတ်ပေးတဲ့ Feature ဖြစ်ပါတယ်။ 

                အဆိုပါ Android 8.0 Oreo Update မှာဆိုရင် Camera Feature အသစ်ပါဝင်လာမှာဖြစ်ပြီး အဆိုပါ Feature အသစ် ၂ ခုကတော့ ပြုံးလိုက်တဲ့အချိန်ကို အလိုအလျောက် ရိုက်ကူးပေးမယ့် Predictive Capture (Smile) နဲ့ ရွေ့ရှားနေတဲ့အချိန်မှာ အလွယ်တကူရိုက်ကူးနိုင်မယ့် Autofocus Burst Feature တွေဖြစ်ပါတယ်။ 

                အခြား Update တွေအနေနဲ့ကတော့ Front Facing Speaker မှာ Tuning Improvement တွေပါဝင်လာပြီး Bluetooth aptX HD Audio Support ပါ ရရှိလာမယ်လို့ သိရပါတယ်။ 

                အခုဒီ Android 8.0 Oreo Update ကို Sony XZ Premium ဖုန်းတွေအတွက် Update ထုတ်ပေးနေတယ်ဆိုပေမယ့် ဖုန်းတိုင်း Update ရရှိဦးမှာမဟုတ်သေးပဲ လာမယ့် ရက်ပိုင်းကြမှ ရရှိလိမ့်မယ်လို့ ယူဆလို့ရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Sony Smartphones Software Update Android Update Xperia XZ Premium Android 8.0 Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed