TENAA Certification Website မှာတွေ့ရှိခဲ့ရတဲ့ ၁၃၆ ဒေါ်လာတန် မျက်နှာပြင်ပြည့် Xiaomi ဖုန်းအသစ်

date_range 23 October 2017

TENAA Certification Website မှာတွေ့ရှိခဲ့ရတဲ့ ၁၃၆ ဒေါ်လာတန် မျက်နှာပြင်ပြည့် Xiaomi ဖုန်းအသစ်

visibility 17880 Views

                ယခုအချိန်မှာတော့ မျက်နှာပြင်ပြည့်စမတ်ဖုန်းတွေဟာ ထုတ်လုပ်သူတွေကြားမှာတော့ ပေါ်ပြူလာအဖြစ်ဆုံး Trend တစ်ခု ဖြစ်နေပါတယ်။

                Xiaomi မှာလည်း မျက်နှာပြင်ပြည့်စမတ်ဖုန်းတွေအနေနဲ့ Mi Mix series ရှိပြီးသားပါ။ ဒါပေမယ့်ဒီဖုန်းတွေဟာ ငွေကိုချင့်ချိန်သုံးရတဲ့ သာမန်လူတွေအတွက်တော့ ဈေးကြီးတဲ့ဖုန်းတွေဖြစ်နေတာကို Xiaomi က တွေးမိပုံပေါ်ပါတယ်။ Huawei ကလည်း မျက်နှာပြင်ပြည့်နဲ့ Honor 7X ကို ထုတ်လုပ်လိုက်တဲ့အခါမှာတော့ Xiaomi လည်း မျက်နှာပြင်ပြည့်နဲ့ ဈေးသက်သာတဲ့ဖုန်းတွေကို ထုတ်ပြီး ယှဉ်ပြိုင်ဖို့ကြိုးစားလာပုံရပါတယ်။

                ဈေးသက်သာတဲ့ Full-Screen Xiaomi ဖုန်းထွက်လာလိမ့်မယ်လို့အစောကြီးထဲက သတင်းတွေကြားနေခဲ့တာပါ။ ဒီနေ့မှာတော့ ဒီစိတ်ဝင်စားစရာကောင်းတဲ့ဖုန်းကို TENAA website မှာ Mi Mix2 all-ceremic version နဲ့အတူတကွ တွေ့ရှိခဲ့ရပါပြီ။ ဒီ့အပြင် ဒီဖုန်းရဲ့အချက်အလက်တချို့ကိုလည်း သိရှိခဲ့ရပါတယ်။

                Fifth-generation Redmi series တွေထဲမှာ အခုအချိန်ထိ Redmi 5A  နဲ့ Redmi Note 5A ဆိုပြီး ဖုန်းနှစ်မျိုးထွက်ရှိခဲ့ပြီးပါပြီ။ ဒီဖုန်းကတော့ တတိယအမျိုးအစားဖြစ်မှာဖြစ်ပြီး Huawei ကိုယှဉ်ပြိုင်ဖို့ ယွမ်တစ်ထောင် (USD 150) ပတ်လည်လောက်နဲ့ ထွက်လာဖွယ်ရှိပါတယ်။  ကောလဟာလတွေအရ ဒီဖုန်းသစ်ဟာ 899 ယွမ် (US 136) နဲ့ထွက်လာမယ်လို့လဲကြားထားပါတယ်။ မျက်နှာပြင်ပြည့်ပါဝင်မယ့်ဖုန်းတစ်လုံးအတွက်တော့ ဒီဈေးအတိုင်းသာဆို တော်တော်ကို သင့်တင့်တဲ့ ဈေးပါပဲ။

                ဒီဖုန်းကိုတော့ TENAA website မှာ Model Number အနေနဲ့ MET7 လို့ဖော်ပြထားပါတယ်။ အချို့ကတော့ဒီဖုန်းကို Xiaomi Redmi 5 ဒါမှမဟုတ် Xiaomi Redmi Note 5 အနေနဲ့ ထွက်လာလိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။ဒီ Model မတိုင်ခင် ရှေ့လအနည်းငယ်ကလည်း MAE136 ဆိုတဲ့ Model number နဲ့ Xiaomi Redmi 5 Plus ဖြစ်လာနိုင်မယ့် ဖုန်းတစ်လုံးကို TENAAမှာပဲ တွေ့ရှိခဲ့ရပါသေးတယ်။

                TENAA မှာတွေ့ရတဲ့ ဓာတ်ပုံအရဆိုရင်တော့ Samsung S8 လို ရှေ့ဒီဇိုင်းနဲ့ သတ္ထုကိုယ်ထည်ကို Three-stage Design ကိုသုံးပြီး ထုတ်လုပ်ထားပါတယ်။ ဒါ့ကြောင့် ကိုယ်ထည်နောက်ကြောရဲ့ အပေါ်ဘက်ပိုင်းနဲ့အောက်ဆုံးပိုင်းနားမှာတော့ Signal Transmission ပိုကောင်းဖို့အတွက် ပလတ်စတစ်ကို သုံးထားပါတယ်။ နောက်ကျောဘက်မှာပဲ Fingerprint Scanner နဲ့ Single Camera ကို တပ်ဆင်ထားပါတယ်။  ဖုန်းအရှေ့ဘက်မှာ ဘောင်တွေ သိသိသာသာရှိနေသေးပေမယ့်၊ ဘေးဘောင်တွေတော့ သေးသွားပြီး၊ 18:9 Aspect Ratio နဲ့ ဖြစ်လောက်ပါတယ်။


                အရင်ကထွက်ပေါ်ထားတဲ့ ကောဟာဟလသတင်းတွေမှာတော့ Redmi Note 5 က Bezel-less Dispaly ၊ Dual Camera နဲ့ လာမှာဆိုတော့ ဘယ်ဟာက အမှန်ဖြစ်မလဲတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် တရုတ် Certification Website TENAA မှာတောင် တင်ပြီးသွားပြီဆိုတော့ အခုဖုန်းကတော့ တကယ်ထွက်လာဖို့ များပါတယ်။ မော်ဒယ်ပဲ ကွာရင်ကွာသွားမှာပါ။

                ပါဝင်မယ့် Hardware ပိုင်းနဲ့ ပတ်သတ်လို့တော့ TENAA မှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် Mi fans တွေကတော့ snapdragon 435 ကို အဆင့်မြှင့်တင်ထားတဲ့ Octa-core A53  နဲ့ 14nm process သုံး Snapdragon 450 ပါဝင်မယ်လို့ အသေအချာကိုယုံကြည်နေကြပါတယ်။ Snapdragon 450 ဟာ Snapdragon 435 ထက် performance ပိုင်းမှာ 25% ပိုကောင်းလာပြီး Power Consumption ပိုင်းမှာ 30% ပိုနည်းသွားပါတယ်။ Snapdragon 625/626 တွေမှာသုံးထားတဲ့ Adreno 506 ပါဝင်တာကြောင့် Graphics Performance မှာ Snapdragon 435 ထက် 25% ပိုကောင်းလာပါတယ်။

                ဒီဖုန်းဟာ Snapdragon 450 နဲ့အတူ RAM 3GB၊ Internal 32GB အပြင် 1440 × 720 Pixels resolution 5.7 လက်မမျက်နှာပြင်နဲ့ ထွက်ပေါ်လာနိုင်ပါတယ်။ ဒီဈေးနဲ့ ဒီ Specs တွေနဲ့ တကယ်ထွက်လာရင်တော့ တော်တော်တန်တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ဒါက Rumor ပဲ ရှိသေးလို့ အခြေအနေဘယ်လိုရှိမလဲဆိုတာကတော့ တရားဝင်ထွက်လာမှပဲ စောင့်ကြည့်ရမှာ။ လောလောဆည် ဒီ Processor နဲ့ ဖုန်းကိုပဲ အခုအချိန်မှာ ကုမ္ပဏီတစ်ခုကတော့ လေးသိန်းကျော်နဲ့ ရောင်းချလျက်ရှိပါတယ်။ ခင်ဗျားကောဘယ်လိုထင်လဲဗျ။ Comment မှာ ပြောပြခဲ့ပါဦး။

This Article is Contributed by YLin
References
Xiaomi Today
About Author
Assinged Tags
Xiaomi Smartphones Rumors Bezel-less smartphone Redmi 5 Redmi
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed