Xiaomi ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Redmi Note 5A

date_range 23 August 2017

Xiaomi ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Redmi Note 5A

visibility 520 Views

                Xiaomi ကနေ သူရဲ့ Budget Series ဖုန်းတွေဖြစ်တဲ့ Redmi Series ထဲကို Redmi Note 5A Series ဖုန်းတွေနဲ့ အသစ်ထပ်မံဖြည့်လိုက်ပြီး Budget နဲ့ Midrange ဖုန်းဝယ်ယူမယ့်သူတွေကို ထပ်မံဆွဲဆောင်လိုက်ပါတယ်။ 

                Xiaomi Redmi Note 5A မှာ အနိမ့်ဆုံးဈေးနှုန်းက 699 Yuan ကနေ စတင်တဲ့အတွက် မြန်မာငွေကျပ် ၁သိန်းခွဲဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် ဈေးနှုန်းအရတော့ ပုံမှန် Redmi Note Series တွေထက်လျော့နည်းမှာဖြစ်ပါတယ်။ 

                Xiaomi Redmi Note 5A ဖုန်းကို RAM 2GB + 32GB Storage, RAM 3GB + 32GB Storage, RAM 4GB + 64GB Storage ဆိုပြီး အမျိုးအစား ၃ မျိုးထွက်ရှိလာတာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ တကယ်လို့ Storage ကို ထပ်တိုးချင်တယ်ဆိုရင် ယခင်လိုမျိုး SIM 2 Slot မှာ MicroSD Card ထည့်ရတာမျိုးမဟုတ်တော့ပဲ MicroSD Card Slot ကိုသီးခြားထည့်သွင်းပေးထားတဲ့အတွက် Storage နည်းတဲ့ Version ဝယ်ရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။


                RAM 2GB + 16GB Version မှာတော့ Processor ကို Qualcomm Snapdragon 425 Quad Core CPU ပဲ အသုံးပြုထားပြီးတော့ Camera အနေနဲ့လည်း 13 MP Back Camera နဲ့ Front Selfie Camera 5 MP ပဲပါဝင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Fingerprint Sensor လည်းပါဝင်မှာမဟုတ်ပါဘူး။ 

                Xiaomi Redmi Note 5A Prime/Pro Version လို့ ပြောလို့ရတဲ့ RAM 3GB + 32GB နဲ့ RAM 4GB + 64GB Version တွေမှာတော့ Processor ကို ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 435 Octa Core CPU ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ နောက်ပြီး ကင်မရာပိုင်းမှာလည်း Back Camera က 13 MP တူတူဖြစ်ပေမယ့် Front Selfie Camera ကိုတော့ ပိုပြီးကောင်းတဲ့ 16 MP Camera ပါဝင်မှာဖြစ်ပါတယ်။ Selfie သမားတွေအတွက် အထူးသင့်လျော်တဲ့ Softlight Flash လည်း ပါဝင်ဦးမှာပါ။ ဒီ Version တွေမှာတော့ Fingerprint Sensor ကိုထည့်သွင်းပေးထားပါတယ်။ 

                Body Design အနေနဲ့ကတော့ Xiaomi Redmi Note Series တွေရဲ့ ထုံးစံအတိုင်း Metal Body နဲ့ တည်ဆောက်ထားပြီး Battery အနေနဲ့ကတော့ 3080mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Android Version 7.0 Nougat ကို အသုံးပြုလာမှာဖြစ်ပြီး MIUI 9 တခါတည်း ပါဝင်လာမှာပါ။ 

                Xiaomi Redmi Note 5A ဖုန်းကို ဈေးနှုန်းတွေအနေနဲ့ RAM 2GB + 16GB Version ကို 699 Yuan (~150,000Ks)၊ RAM 3GB + 32GB Version ကို 899 Yuan (~200,000Ks)၊ RAM 4GB + 64GB Version ကိုတော့ 1199 Yuan (~220,000Ks) နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး နောက်တစ်ပတ်၊ နှစ်ပတ်ဝန်းကျင်လောက် မြန်မာနိုင်ငံမှာ ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Redmi Note 5A
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed