Redmi Note 5A ထွက်ရှိပြီးနောက် နှစ်လောက်အကြာမှာ Xiaomi က သူ့ရဲ့ Budget ဖုန်းစီးရီးတစ်ခုဖြစ်တဲ့ Redmi မော်ဒယ်အသစ် Redmi 5A ကို ထပ်မံ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
လောလောဆည် တရုတ်နိုင်ငံမှာပဲ ရောင်းချမယ့် Redmi 5A ဖုန်းဟာ တရုတ်ယွမ်ငွေ ၅၉၉ ( ဒေါ်လာ ၉၀ ) ခန့်သာ ရှိမှာဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကို Alloy ကိုယ်ထည်ပဲ သုံးထားပြီး၊ Metal ထက် ပိုမိုပေါ့ပါးတာကြောင့် ဖုန်းအလေးချိန်က ၁၃၇ ဂရမ်ပဲ ရှိတယ်လို့ Xiaomi က ဆိုပါတယ်။
Xiaomi ရဲ့ ပြောကြားချက်အရတော့ Redmi 5A ဖုန်းဟာ Stand-by ထားရင် ဘက်ထရီ ၈ ရက်တိတိ ခံတယ်လို့ သိရပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ Redmi 4A လိုပဲ ဒီဖုန်းမှာ Fingerprint Sensor ပါဝင်မှာမဟုတ်ဘဲ၊ MIUI 9 နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီဇိုင်းက Redmi 4A ကို နည်းနည်းလေးပြောင်းလဲထားတဲ့ ဒီဇိုင်းဖြစ်ပြီး၊ ထောင့်တွေ၊ ဘေးဘက်တွေက Redmi 4A ထက် ပိုကွေးညွတ်တာကို မြင်တွေ့ရပါတယ်။
Specifications အကြမ်းဖျဉ်းကတော့ ပါဝါသုံးစွဲမှုနည်းတဲ့ 1.4 GHz Quad-core Snapdragon 425 SoC၊ 2 GB RAM နဲ့ 5-inch HD (720x1280 pixels) Display တို့ ပါရှိပြီး၊ လောလောဆည်တော့ 16 GB မော်ဒယ်တစ်မျိုးပဲ ထွက်ထားပါသေးတယ်။ ကျောကင်မရာက 13-Megapixel, f/2.2 Sensor နဲ့ ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5-Megapixel ကင်မရာ ဖြစ်ပါတယ်။ 4G အသုံးပြုနိုင်တဲ့ Dual-SIM ဖုန်းဖြစ်ပြီး၊ microSD ကတ်လည်း 128 GB အထိ စိုက်လို့ရမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 3000mAh ဘက်ထရီပဲဆိုပေမယ့်၊ MIUI 9 ၊ Snapdragon 425 နဲ့ HD Display တို့ အစွမ်းကြောင့် ဘက်ထရီကတော့ ကုမ္ပဏီကပြောထားတဲ့အတိုင်းနီးပါး ခံလောက်ပါတယ်။
Xiaomi Redmi 5A စမတ်ဖုန်းရဲ့ Specifications အပြည့်အစုံကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။
Join Us On