18:9 Ratio Screen, Dual Camera နဲ့ Xiaomi Redmi Note 5 ရဲ့ ပုံရိပ်များ ထွက်ပေါ်လာ

date_range 10 October 2017

18:9 Ratio Screen, Dual Camera နဲ့ Xiaomi Redmi Note 5 ရဲ့ ပုံရိပ်များ ထွက်ပေါ်လာ

visibility 15900 Views

                Xiaomi ကနေ Budget ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Xiaomi Redmi Note 5A ဖုန်းတွေကို ပြီးခဲ့တဲ့လပိုင်းတုန်းက ထုတ်လုပ်ရောင်းချခဲ့ပေမယ့် ယခုလက်ရှိ Xiaomi Redmi Note 4 ဖုန်းတွေကို အဆင့်မြှင့်တင်ထားတဲ့ဖုန်းတွေမဟုတ်ခဲ့ဘဲ၊ ဈေးနှုန်းသက်သာတဲ့ Budget ဖုန်းတွေပဲ ဖြစ်ခဲ့တာပါ။ 

                အဲ့ဒီအတွက် Xiaomi Redmi Note 5 ကို ဘယ်အချိန်ထွက်လာမလဲဆိုပြီး စောင့်စားနေကြသလို ယခုအချိန်မှာလည်း Xiaomi Redmi Note 5 လို့ ယူဆရတဲ့ Prototype Image တွေထွက်လာခဲ့ပါတယ်။


                အဆိုပါ Image တွေအရတော့ Xiaomi Redmi Note 5 ဟာ Design ပိုင်းကို လုံးဝပြောင်းလဲပစ်လိုက်မယ်လို့ ယူဆရပြီး အဓိကပြောင်းလဲမှုကတော့ ဘေးဘောင်တွေအလွန်သေးငယ်သွားတဲ့ 18:9 Ratio Display ပဲဖြစ်ပါတယ်။ Screen Size အနေနဲ့လည်း အနည်းငယ်ကြီးလာလောက်ပြီး 6" Full HD+ Display ဖြစ်လာဖို့များနေပါတယ်။ Screen Size ကြီးလာပေမယ့် သေးငယ်သွားတဲ့ ဘေးဘောင်တွေကြောင့် ယခင် 5.5" Display ပါဝင်တဲ့ Redmi Note တွေရဲ့ အရွယ်အစားအတိုင်းပဲရှိမှာပါ။


                ဖုန်းရဲ့ နောက်ကျောဘက်မှာလည်း Dual Camera Setup ကို တွေ့ရှိခဲ့ရပြီး 16MP + 5 MP Camera တွေတပ်ဆင်ထားတယ်လို့ ယူဆရပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Redmi Note 5 Smartphone မှာ Snapdragon 630 ဒါမှမဟုတ် Mi Note 3 ဖုန်းလိုပဲ Snapdragon 660 ကို အသုံးပြုလာဖွယ်ရှိပါတယ်။ ယခင် Redmi Note 3 နဲ့ Redmi Note 4 ဖုန်းတွေက MediaTek Version နဲ့ Snapdragon Version ဆိုပြီး ၂ မျိုး ထွက်ရှိခဲ့တဲ့အတွက် အခုအချိန်မှာလည်း Redmi Note 5 ဟာ MediaTek Version ဆိုပြီး ထပ်ထွက်ခဲ့ရင် MediaTek Helio P25 Processor ကိုပါ သုံးလာဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Battery အနေနဲ့တော့ 4000mAh Battery အနည်းဆုံးထည့်သွင်းပေးမယ်လို့ ယူဆရပါတယ်။ 

                Xiaomi Redmi Note 5 ကို ယခုအချိန်အထိ ဘယ်အချိန်မှာကြေငြာမယ်ဆိုပြီး အတိအကျပြောကြားထားခြင်းမရှိသေးပေမယ့် ဈေးနှုန်းတွေအနေနဲ့ကတော့ အနိမ့်ဆုံး $150 ကနေ $250 ဝန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Rumors Dual Camera Smartphones Redmi Note 5
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed