5.99 လက်မ 18:9 Ratio Display နဲ့ HTC U11 Plus ကို  မကြာမီ မိတ်ဆက်သွားဖွယ်ရှိ

date_range 24 September 2017

5.99 လက်မ 18:9 Ratio Display နဲ့ HTC U11 Plus ကို မကြာမီ မိတ်ဆက်သွားဖွယ်ရှိ

visibility 2160 Views

                မကြာသေးခင်ကမှ HTC ရဲ့ Pixel စမတ်ဖုန်းထုတ်လုပ်တဲ့အဖွဲ့ကို Google က ဝယ်ယူလိုက်ပေမယ့်၊ အခုချိန်ထိတော့ HTC က စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ အစီအစဉ်ရှိပုံမရပါဘူး။

                လွန်ခဲ့တဲ့တစ်နှစ်လောက် က Leaker တစ်ယောက်ဖြစ်တဲ့ LlabTooFeR ဆီကနေ  HTC Ocean, HTC Ocean Note, HTC Ocean Smart နဲ့ HTC Ocean Master ဆိုတဲ့ Code Names တွေနဲ့ HTC ဖုန်းတွေ ပေါက်ကြားခဲ့ဘူးပါတယ်။ ဒီထဲကမှ HTC Ocean က HTC U11 အနေနဲ့ ထွက်ပေါ်ခဲ့ပြီး HTC Ocean Note က HTC U Ultra အနေနဲ့ ထွက်ပေါ်လာခဲ့ပြီးပါပြီ။ Ocean Smart ကတော့ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။

                ဒါပေမယ့် အခု ပြင်သစ် Blog တစ်ခုဖြစ်တဲ့ Frandroid ရဲ့ အဆိုအရ နောက်ဆုံးမော်ဒယ်တစ်ခုဖြစ်တဲ့ 'HTC Ocean Master' ကို HTC U11 Plus အနေနဲ့ ကျွန်တော်တို့ မျှော်လင့်ထားတာထက်စောပြီး မြင်တွေ့ရဖို့ ရှိတယ်လို့ သိရပါတယ်။

                Frandroid ကနေ ဒီဖုန်းအတွက် Specifications အပြည့်အစုံကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး၊ ဒီဖုန်းအသစ်ကိုတော့ နိုဝင်ဘာလမှာ တရုတ်ပြည်မှာ စတင်မိတ်ဆက်ဖွယ်ရှိကာ၊ ဥရောပကိုတော့ အဲ့ဒီနောက်ပိုင်းမှ ဖြန့်ချိနိုင်ပါတယ်။

                သတင်းတွေအရ HTC U11 Plus ဟာ Japan Design Incorporated က ထုတ်လုပ်ပေးမယ့် 18:9 Ratio 2880×1440 Resolution Screen နဲ့ ဘေးဘောင်ပျောက်ဒီဇိုင်းဖုန်းဈေးကွက်ထဲကို ဝင်လာမှာဖြစ်ပြီး၊ ဒီဖုန်းအသစ်မှာတော့ နားကြပ်ပေါက်ပါဝင်မှာ မဟုတ်ပါဘူး။ HTC Ocean Master (HTC U11 Plus) ရဲ့ Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 5.99 inch JDI 18:9 QHD 2880×1440 LCD Screen
  • Qualcomm Snapdragon 835
  • 4 or 6 GB of RAM
  • 64 or 128 GB of UFS 2.1 storage
  • Waterproof IP68
  • 12 megapixel camera on the back
  • 8 megapixel camera on the front
  • QuickCharge 3.0 18 Watt Rechargeable Battery (9V / 2A)
  • Edge Sense
  • USB-C Headphones

                Specifications တွေအရဆိုရင် HTC 11 မှာပါတဲ့ ဘေးဘောင်တွေကိုလက်နဲ့ညှစ်ပြီး အသုံးပြုရမယ့်  “Edge Sense” Feature ကိုလည်း HTC 11 Plus မှာလည်း ထပ်မံမြင်တွေ့ရဖို့ ရှိပါတယ်။ ဒီ Feature ကတော့ လူတွေကို စွဲဆောင်ဖို့ ပေါ်ပင်အနေနဲ့ ထည့်တယ်လို့ ထင်ရပေမယ့်လည်း HTC ကတော့ ဒီ Feature ကို Users တွေပိုပြီး Customize လုပ်နိုင်အောင် ပိုကောင်းလာအောင် ပြုလုပ်ပေးနေပါတယ်။ HTC က တာဝန်ယူထုတ်လုပ်နေတဲ့ Google ရဲ့ Pixel မျိုးဆက်သစ် Pixel 2 XL မှာလည်း ယခု "Edge Sense" လိုမျိုး Feature တစ်ခု ပါဝင်လာဖို့ ရှိတယ်ဆိုတာ ကျနော်တို့ သိခဲ့ရပြီးပါပြီ။

                HTC U11 Plus ဖုန်းကိုတော့ HTC ရဲ့ အရင်ကအောင်မြင်ခဲ့တဲ့ ဖုန်းတွေပေါ်မှာအခြေခံပြီး Display လို အစိတ်အပိုင်းတွေပေါ်မှာပဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်မယ့်ပုံပါပဲ။ ဒီ့အပြင် HTC U11 မှာ နာမည်ကောင်းရခဲ့တဲ့ Camera Sensor ကိုပဲ တပ်ထားတယ်လို့ သိရပါတယ်။ HTC U11 ကို USD 650 နဲ့ စတင်မိတ်ဆက်တုန်းက ဈေးကြီးတယ်လို့ သတ်မှတ်ခံခဲ့ရတာကို HTC က မကြိုက်တာကြောင့်၊ ဒီတစ်ခါမှာတော့ ဈေးပိုသက်သာနိုင်တယ်လို့ Frandroid က ထောက်ပြခဲ့ပါသေးတယ်။ Waterproof အတွက် IP68 Rating လည်း ပါဝင်လာမှာဖြစ်ပါတယ်။

                အခု U11 Plus ဖုန်းကိုတော့ တရုတ်ပြည်ရဲ့ ဈေးကွက်ကို ပြန်လည်ရယူလိုတဲ့အတွက် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရုတ်ပြည်မှာ စတင်မိတ်ဆက်သွားပါလိမ့်မယ်။ HTC ကနေ ဒီဖုန်းအတွက်  ဘာသတင်းတွေ ထပ်ထွက်လာဦးမလဲ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

This Article is Contributed YLin
References
XDA Developers FrAndroid
About Author
Assinged Tags
HTC HTC U11 HTC U11 Plus HTC Ocean Master
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed