"လက်နဲ့ ညှစ်ပြီး အသုံးပြုနိုင်တဲ့” HTC U စမတ်ဖုန်း မေလ ၁၆ ရက်နေ့မှာ ထွက်ရှိမည်

date_range 23 April 2017

"လက်နဲ့ ညှစ်ပြီး အသုံးပြုနိုင်တဲ့” HTC U စမတ်ဖုန်း မေလ ၁၆ ရက်နေ့မှာ ထွက်ရှိမည်

visibility 3700 Views

                ယခု ဧပြီလအတွင်းမှာ သတင်းတွေ အလျှံပယ်ထွက်နေတဲ့ HTC U စမတ်ဖုန်းရဲ့ ထွက်မယ့်ရက်အတိအကျကို ကြေငြာလိုက်ပါပြီ။

                HTC ကုမ္ပဏီဟာ Twitter စာမျက်နှာကနေ HTC U စမတ်ဖုန်း ထွက်ရှိမယ့် ရက်အတိအကျ 05.16.2017 နဲ့ ငါးစက္ကန့်စာ ကြော်ငြာဗီဒီယိုတို့ကို တပါတည်းတွဲတင်ခဲ့တာဖြစ်ပြီး၊ ဗီဒီယိုမှာလည်း ဒီဖုန်းရဲ့ အဓိက Feature ဖြစ်တဲ့ “Squeeze” အကြောင်းကို အမြည်းပြထားတာ တွေ့ရမှာပါ။




                လတ်တလော သိရှိထားသလောက်ကတော့ HTC U စမတ်ဖုန်းရဲ့ ဘေးဘက်တွေမှာ“The Edge” sensor လို့ အမည်ပေးထားတဲ့ အာရုံခံကိရိယာ (Sensor) လေးတွေ ပါရှိမှာဖြစ်ပြီး၊ User အနေနဲ့ ဖုန်းရဲ့ ဘေးက သတ္တုဘောင်လေးတွေကို ပွတ်ဆွဲလိုက်ရုံ၊ ဖြစ်ညှစ်လိုက်ရုံ ဒါမှမဟုတ် ခေါက်လိုက်ရုံနဲ့ ဖုန်း Funtions တစ်ချို့ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဒီနည်းအတိုင်း Apps တွေကို ဖွင့်လို့ရမှာ ဖြစ်ပါတယ်။

                အခု ကြော်ငြာဗီဒီယိုအပြင် အရင်က ပေါက်ကြားထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဒီ Edge Sensors တွေကို ဖုန်းရဲ့ အောက်ခြမ်း၊ ဘေးဘက်တွေမှာ တပ်ဆင်ထားပုံရပြီး၊ ကျနော်တို့တွေ ဖုန်းကို လက်ထဲမှာ ဆုပ်ကိုင်သုံးနေကြ နေရာတွေမှာ ဖြစ်လောက်ပါတယ်။ ဒီလိုမျိုး ဖုန်းကို ဆုပ်ကိုင်သုံးတဲ့ ပုံစံကပဲ ဖုန်းကို ညှစ်လို့ ရတဲ့ အနေအထားမှာ အဆင်သင့်ဖြစ်နေမှာပါ။

                Specifications ပိုင်းမှာတော့ (ကောလဟာလတွေအရ ဆိုရင်) HTC U စမတ်ဖုန်းဟာ SIM နှစ်ကတ်ထိုးဖုန်း ဖြစ်ပြီး၊ Android 7.1 Nougat နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ မျက်နှာပြင်က ၅.၅ လက်မအကျယ် QHD (1440x2560 pixels) ဖြစ်ပြီး၊ နောက်ဆုံးပေါ် Gorilla Glass 5 ဖန်သားကို အသုံးပြုမှာပါ။

                Samsung ရဲ့ Galaxy S8 ၊ Xiaomi ရဲ့ Mi 6 စမတ်ဖုန်းတွေမှာ သုံးထားတဲ့ Snapdragon 835 SoC နဲ့ပဲ ဖြစ်ပြီး၊ RAM 4GB နဲ့ RAM 6GB ဆိုပြီး မော်ဒယ်နှစ်မျိုး ထွက်ရှိလာနိုင်ပါတယ်။ အခုဗီဒီယိုမှာ မြင်တွေ့ရသလောက်ဆိုရင် ကိုယ်ထည်ကလည်း တော်တော်လေး ပါးဖို့ရှိပါတယ်။

                ကင်မရာပိုင်းမှာတော့ ကျောကင်မရာက 12-MP Sony IMX362 Sensor နဲ့ ရှေ့ကင်မရာက 16-MP IMX351 Sensor ဆိုတော့ Selfie အသားပေးဖုန်းတစ်လုံးဖြစ်ဖို့များပါတယ်။

                နောက်ထပ်အချက်အလက်တွေကတော့ HTC ရဲ့ နာမည်ကျော် USonic earphones တွေ အသုံးပြုနိုင်တဲ့ USB Type-C Port ပါမယ်။ ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်မှာ Dual Speakers တွေ ပါမယ်။ 3D Audio နဲ့ အရည်အသွေးမြင့် အသံတွေ ဖမ်းယူနိုင်မယ့် မိုက်ခရိုဖုန်းလေးလုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။

                “Squeezable Phone” လို့ အခု နာမည်ကြီးနေတဲ့ HTC U စမတ်ဖုန်းက ဘယ်လို Features တွေနဲ့ ပွဲထွက်လာမလည်းဆိုတာကတော့ မေလ ၁၆ ရက်နေ့မှာ ကျနော်တို့အားလုံး တရားဝင်သိရမှာပါ။

References
Gadgets NDTV
About Author
Assinged Tags
Smartphones HTC HTC U Squeezable Phone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed