Android One စမတ်ဖုန်းအသစ်တစ်မျိုး ထုတ်လုပ်သွားမယ့် Motorola

date_range 12 September 2017

Android One စမတ်ဖုန်းအသစ်တစ်မျိုး ထုတ်လုပ်သွားမယ့် Motorola

visibility 440 Views

                လွန်ခဲ့တဲ့ဇန်နဝါရီလလောက်တုန်းက Google ဟာ US မှာလည်း Android One စမတ်ဖုန်းတွေ ထုတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ နာမည်ကြီး Leaker တစ်ယောက်ဖြစ်တဲ့ Evan Blass ဆီကနေ အခုနောက်ဆုံးသိရှိရတဲ့သတင်းအရ US မှာ Android One စမတ်ဖုန်းတွေ စထုတ်မယ့်ကုမ္ပဏီက Motorola ဖြစ်ဖို့ များနေပါတယ်။ Evan Blass ဟာ စမတ်ဖုန်းသတင်းတွေမှာ အမြဲလိုလိုမှန်ကန်တတ်တဲ့ Mobile Reporter တစ်ယောက်ဖြစ်တာကြောင့် Motorola Android One သတင်းက သေချာသလောက်ကို ရှိနေပါတယ်။

                မကြာခင်ကမှ Xiaomi နဲ့ပေါင်းပြီး Android One သုံး Mi A1 ဖုန်းထုတ်ထားတဲ့ Google ဟာ US မှာလည်း Android One Program ကို စလုပ်ဖို့ Motorola နဲ့ ပူးပေါင်းသွားဖို့ရှိနေတာပါ။ အခုထွက်လာတဲ့ ဓာတ်ပုံအရဆို မကြာသေးခင်က Motorola ရဲ့ Android One ဖုန်းအသစ်ဟာ မကြာမီကထွက်ထားတဲ့ Moto X4 ဖုန်းရဲ့ တော်တော် တူနေတာကို သတိထားမိမှာပါ။

                လက်ရှိ Motorola ဖုန်းတွေမှာလည်း Stock Android Version နီးပါး Android OS ကိုပဲသုံးထားတာဆိုတော့ Standard Moto X4 နဲ့ Android One Version တို့က ကြီးကြီးမားမား ကွာခြားမယ့်ပုံတော့ မပေါ်ပါဘူး။ ဒါပေမယ့် Updates တွေတော့ ပိုမြန်မြန်ရ နိုင်ပြီး၊ တခါတည်းပါလာမယ့် Pre-Installed Apps တွေလည်း နည်းသွားမှာပေါ့။ ဒါ့အပြင် Moto X4 ဟာ US မှာရောင်းမယ့် ပထမဆုံး Android One ဖုန်းဖြစ်လာမှာပါ။ Google ကအခုအချိန်ထိတော့ ဒီ တန်ဖိုးနည်း Android One ဖုန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာ ရောင်းချနေတာဖြစ်ပါတယ်။

                Moto X4 ဟာ Google's Project Fi အတွက် ပထမဆုံး တန်ဖိုးသင့်ဖုန်းအနေနဲ့ ထွက်လာလိမ့်မယ်လို့လည်း လွန်ခဲ့တဲ့လအနည်းငယ်က Evan Blass ဆီကပဲ သတင်းထွက်ခဲ့ပါသေးတယ်။ အခုလောလောဆယ် အချိန်ထိတော့ Project Fi (Mobile Virtual Network Operator)  ကို Pixel, Pixel XL, Nexus 6P, Nexus 5X နဲ့ Nexus 6 လို ဖုန်းအနည်းငယ်ကပဲသုံးနိုင်ပါသေးတယ်။

                Motorola ရဲ့ Android One ဖုန်းက ဘယ်အချိန်မှာထွက်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

This Article is Contributed by YLin
References
Android Guys Android Authority
About Author
Assinged Tags
Google Android Android Operating System Motorola Android One Mi A1 Project Fi Motorola Android One Mobile Virtual Network Operator
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed