MIUI မပါ၀င်ဘဲ Google နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Pure Android OS သုံး Xiaomi Mi A1

date_range 05 September 2017

MIUI မပါ၀င်ဘဲ Google နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Pure Android OS သုံး Xiaomi Mi A1

visibility 15020 Views

                မကြာသေးမီကပဲ Xiaomi နဲ့ပတ်သက်လို့ ကောလာဟလတွေမျိုးစုံထွက်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Xiaomi ကနေ စမတ်ဖုန်း Series အသစ်မိတ်ဆက်ပေးဖို့ရှိတယ်ဆိုတဲ့အကြောင်း နဲ့ MIUI အစား Pure Android OS အသုံးပြုပြီး Google နဲ့ ပူးပေါင်းထုတ်လုပ်မယ့် Android One စမတ်ဖုန်းအကြောင်း တို့ပဲဖြစ်ပါတယ်။ 

                အခုအချိန်မှာတော့ ကောလာဟလတွေအတိုင်း Xiaomi ကနေ ပထမဦးဆုံးအနေနဲ့ Pure Android OS ကိုအသုံးပြုထားတဲ့ Mi A1 စမတ်ဖုန်းကို New Delhi မြို့က ပွဲတစ်ခုမှာ စတင်မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ Mi A1 ဟာ Android One ကို ကိုယ်စားပြုပြီး၊ Google မှလည်း Mi A1 အတွက် အခြား Android One စမတ်ဖုန်းတွေလို Google Services တွေအပြည့်အ၀ထည့်သွင်းပေးထားပြီး၊ သပ်ရပ်သန့်ရှင်းတဲ့ Stock Android ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။


                ဒါ့အပြင် Mi A1 ဟာ Android Oreo နဲ့ Android P စတဲ့ Major OS Update နှစ်ခုတိတိ ရရှိမယ်လို့ အာမခံချက်ပေးထားပါတယ်။ ထူးခြားချက်အနေနဲ့ Mi A1 မှာ 2.5D Curved Glass ပါ၀င်လာပြီး၊ Overheat ဒဏ်ကိုကာကွယ်ပေးနိုင်မယ့် Dual Pyrolytic Graphite Sheet လည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Dual Rear Camera Setup လည်းပါ၀င်ပြီး၊ IR Blaster Sensor လည်းပါ၀င်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

                Mi A1 ဟာ Android One ကို ကိုယ်စားပြုပေမယ့်လည်း Mi Services ကို Settings ထဲမှာထည့်သွင်းပေးထားပြီး၊ Mi Apps အချို့ဖြစ်တဲ့ Mi Camera, Mi Remote နဲ့ Mi Store Apps တွေတော့ ပါ၀င်လာမှာဖြစ်ပါတယ်။ Mi A1 ဟာ Xiaomi ကနေ အရင်မိတ်ဆက်ပေးထားတဲ့ Mi 5X စမတ်ဖုန်းရဲ့ နောက်ထပ် Variant တစ်မျိုးအနေနဲ့ထွက်ရှိထားတာလို့လည်း သိရှိရပါတယ်။ 


                Specifications တွေအနေနဲ့ကတော့ Xiaomi Mi A1 စမတ်ဖုန်းဟာ Dual SIM (Nano-SIM) အမျိုးအစားဖြစ်ပြီး၊ Android 7.1.2 (Nougat) ပါ၀င်လာမှာဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း ၅.၅ လက်မရှိပြီး၊ Full-HD (1080 x 1920 Pixels) ထောက်ပံ့ပေးနိုင်တဲ့ LCD Display Panel ပါ၀င်လာမှာဖြစ်ပါတယ်။ Screen Protection အနေနဲ့ Corning Gorilla Glass ကိုအသုံးပြုထားတယ်လို့သိရှိရပြီး၊ Glass Version ဘယ်လောက်ကို အသုံးပြုထားတယ်ဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

                Mi A1 မှာ Snapdragon 625 SoC အသုံးပြုထားပြီး၊ RAM အနေနဲ့ 4GB ပါ၀င်လာမှာဖြစ်ပါတယ်။ Dual Camera Setup အနေနဲ့ 12-Megapixel Sensors နှစ်ခုကိုအသုံးပြုထားပါတယ်။ ဒီ Sensor နှစ်ခုထဲက တစ်ခုမှာတော့ Wide-Angel Lens, f/2.2 Aperture, 1.25-Micron Pixel Sensor ပါ၀င်လာမှာဖြစ်ပြီး၊ ကျန်တဲ့တစ်ခုမှာတော့ Telephoto Lens, 1-Micron Pixel Sensor, f/2.6 Aperture ပါ၀င်လာမှာဖြစ်ပါတယ်။ Optical Zoom အနေနဲ့ 2X ပြုလုပ်နိုင်တယ်လို့ သိရှိရပါတယ်။ 

                ဒါ့အပြင် Xiaomi ရဲ့ပြောကြားချက်အရ ယခု Camera Setup မှာ Portrait Mode လည်းပါ၀င်လာပြီး၊ Depth Of Field Effect တွေ (ဥပမာ-Bokeh Effect) လည်းအသုံးပြုလာနိုင်မယ်လို့သိရှိရပါတယ်။ Front Facing အတွက်ကတော့ 5-Megapixels Camera ပါ၀င်လာပြီး၊ Real-Time Beautification Mode လည်းပါ၀င်လာမှာဖြစ်ပါတယ်။

                Storage အနေနဲ့ လက်ရှိအချိန်မှာတော့ 64GB တစ်မျိုးတည်းပဲထွက်ရှိလာပေမယ့် MicroSD Card ထပ်စိုက်နိုင်ပြီး၊ MicroSD အတွက် 128GB အထိ အထောက်အပံ့ပေးနိုင်တယ်လို့လည်းသိရှိရပါတယ်။ Mi A1 မှာ 4G VoLTE, Dual-Band Wi-Fi 802.11ac, GPS/A-GPS, USB Type-C Port, 3.5mm Headphone Jack တို့ ပါ၀င်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3,080 mAh ပါ၀င်မှာဖြစ်ပါတယ်။ 

                Mi A1 မှာ Google ရဲ့ Google Play Protect Malware Protection ကို Built-In အနေနဲ့ ပါ၀င်လာမှာဖြစ်ပြီး၊ ပုံမှန် Security Updates တွေလည်း ရရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။ Pure Android Experience အပြင် Google Assistant နဲ့ Google Photos စ တဲ့ Services တွေကိုလည်း Mi A1 မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Mi A1 ပေါ်မှာ Mi App အချို့ကလွဲပြီး၊ Bloatware Apps တွေ လုံး၀မပါ၀င်ပါဘူးလို့လည်း သိရှိရပါသေးတယ်။


                Xiaomi Mi A1 ကို USD $233 ခန့်နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး၊ ကမ္ဘာတစ်၀န်းမှာလည်း (မြန်မာနိုင်ငံအပါအ၀င်) ဖြန့်ချိပေးသွားမယ်လို့လည်း သိရှိရပါတယ်။ အရောင်အနေနဲ့ကတော့ Black, Gold, Rose Gold ဆိုပြီးရွေးချယ်၀ယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Xiaomi Google Google Assistant Nougat Android Nougat Google Photos Oreo Stock Android UI Stock Android Android Oreo Xiaomi Mi A1 Mi A1 Pure Android
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed