iPhone 8 ကို စက်တင်ဘာလ (၁၂) ရက်တွင် မိတ်ဆက်ဖွယ်ရှိ

date_range 24 August 2017

iPhone 8 ကို စက်တင်ဘာလ (၁၂) ရက်တွင် မိတ်ဆက်ဖွယ်ရှိ

visibility 780 Views

                OLED Screen ပါဝင်မယ့် iPhone 8 အပြင် iPhone 7S နဲ့ iPhone 7S Plus တို့ကိုပါ ကြေညာပေးသွားဖွယ် ရှိတဲ့ Apple ရဲ့ September Event ပြုလုပ်မယ့် နေ့ရက်ကို ပြင်သစ် နည်းပညာ Website တစ်ခု ဖြစ်တဲ့ Mac4Ever က ဖော်ပြလိုက်ပါတယ်။ Mobile Carrier တွေဆီက ရတဲ့ သတင်းတွေအရ iPhone 8 ကို စက်တင်ဘာလ (၁၂) ရက်မှာ မိတ်ဆက်ပေးသွားမယ် လို့ ဆိုပါတယ်။

                Apple ဟာ iPhone အသစ်တွေ မိတ်ဆက်မယ့်ရက်ကို ၎င်းနဲ့ ချိတ်ဆက်ထားတဲ့ Mobile Operator တွေထံ အသိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ် Mobile Operator တွေ ဖြစ်တဲ့ SFR နဲ့ Orange တို့လို ကုမ္ပဏီတွေ အတွက် ဒီလို သတင်းအချက်အလက်ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။ Apple နဲ့ ချိတ်ဆက်ပြီး iPhone တွေ ရောင်းချပေးနေတဲ့ Mobile Operator တွေကို ဒီလို အသိပေးထားမှသာ iPhone အသစ်တွေ အတွက် Inventory, Marketing နဲ့ Pre-order စတာတွေကို ကြိုတင် ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။

                September Event ပြုလုပ်မယ့် နေ့ရက်ကို Apple က တရားဝင် ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် နောက်အပတ်ထဲမှာ Media တွေဆီကို Invitation Letter တွေပို့ပေးနိုင်ခြေ ရှိပြီး၊ အဲ့ဒီ့ အချိန်ကျရင်တော့ နေ့ရက် အတိအကျကို သိရမှာပါ။

                iPhone 8 ကို ထုတ်လုပ်မှု အခက်အခဲ အချို့ကြောင့် အောက်တိုဘာလ လောက်မှ တွေ့မြင်ရဖွယ် ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို သတင်းတွေအရ ဆိုရင် စက်တင်ဘာလထဲမှာပဲ မိတ်ဆက်ပေးသွားဖို့ များပါတယ်။ အားလုံး စောင့်မျှော်နေကြတဲ့ iPhone 8 ကို မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပြီး၊ လာမယ့် September Event မှာ LTE စနစ် ပါဝင်မယ့် Third-generation Apple Watch နဲ့ 4K Apple TV တို့ကိုလည်း မိတ်ဆက်ပေးသွားဖွယ် ရှိနေပါတယ်။

References
9to5Mac Mac4Ever
About Author
Assinged Tags
iPhone 8 related news Launch Event Apple Watch Apple Watch LTE iPhone 7S iPhone 7S Plus Apple
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed