ဖန်သားကိုယ်ထည် ဒီဇိုင်းနဲ့ iPhone 7S Plus ရဲ့ ဓာတ်ပုံများ ထွက်ပေါ်

date_range 07 August 2017

ဖန်သားကိုယ်ထည် ဒီဇိုင်းနဲ့ iPhone 7S Plus ရဲ့ ဓာတ်ပုံများ ထွက်ပေါ်

visibility 1960 Views

                မိတ်ဆက်ပေးဖို့ တစ်လ ခန့်သာ လိုတော့တဲ့ iPhone 8 နဲ့ ပက်သက်တဲ့ သတင်းတွေ ပလူပျံနေတဲ့ အချိန်မှာပဲ iPhone 7S Plus ရဲ့ ဓာတ်ပုံ အချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။ လာမယ့် စက်တင်ဘာ လ ထဲမှာ iPhone 8 အပြင် iPhone 7S နဲ့ iPhone 7S Plus တို့ကိုပါ မိတ်ဆက်ပေးသွားဖွယ် ရှိနေပါတယ်။

                ယခု ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာဆိုရင်  iPhone 7S Plus ဟာ လက်ရှိ iPhone 7 ရဲ့ ဒီဇိုင်းနဲ့ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ အနောက်ဘက်မှာ တွေ့မြင်နေကျ Aluminium မဟုတ်တော့ဘဲ ကြည်လင်တဲ့ ဖန်သားမျက်နှာပြင်နဲ့ ပြောင်းလဲ ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။\

                ဒီလို ဖန်သား ဒီဇိုင်းဟာ iPhone 4S မှာ နောက်ဆုံး တွေ့မြင်ခဲ့ရတာ ဖြစ်ပြီး သေသပ်တဲ့ အသွင်ရှိတာမို့ လူကြိုက်များခဲ့ပါတယ်။ iPhone 5 က စပြီး Aluminium နဲ့ ပြောင်းလဲ ထုတ်လုပ်ခဲ့ကာ၊ Wireless Signal တွေ အလွယ်တကူ ထိုးဖောက်နိုင်ဖို့အတွက် Antenna လိုင်းလေးတွေ ထည့်သွင်းခဲ့ရပါတယ်။ အခု iPhone 7S မှာတော့ Signal တွေ ထိုးဖောက်နိုင်တဲ့ ဖန်သားကို တဖန် ပြန်လည် အသုံးပြုနိုင်ဖွယ် ရှိတာကြောင့် Antenna လိုင်းတွေကို မတွေ့ရတော့ပါဘူး။

                Lightning Cable မလိုအပ်ဘဲ Charger Pad တစ်ခုပေါ်တင်ပြီး အားသွင်းနိုင်မယ့် Wireless Inductive Charging စနစ်ဟာ iPhone 7S နဲ့ iPhone 7S Plus တို့မှာ ပါဝင်လာမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါကြောင့် Wireless Charging အတွက် အထောက်အပံ့ ပေးနိုင်တဲ့ ဒီလို ဖန်သား ဒီဇိုင်းဟာ ဖြစ်နိုင်ခြေ များနေပါတယ်။

References
Phone Arena
About Author
Assinged Tags
iPhone Rumors iPhone 7S Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed