Apple ရဲ့ နောက်ထွက်မယ့် iPhone အသစ်မှာ သီးသန့် AI Chip ပါဝင်လာနိုင်မလား ?

date_range 27 May 2017

Apple ရဲ့ နောက်ထွက်မယ့် iPhone အသစ်မှာ သီးသန့် AI Chip ပါဝင်လာနိုင်မလား ?

visibility 4170 Views

                Apple ဟာ Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာကို iPhone, iPad တွေမှာ ၂၀၁၁ ခုနှစ် ထဲက Siri နဲ့အတူ စတင်ထည့်သွင်းခဲ့ပါတယ်။

                အဲ့ဒီအချိန်ကစတင်ပြီး Siri ဟာ Voice Commands တွေကို ပြန်ဖြေပေးတာ၊ မေးခွန်းတွေ ခိုင်းစေတဲ့အချက်တွေကို စကားပြောလိုက်ရုံနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ iDevices တွေရဲ့ ပင်မ A series CPU ကနေ ခိုင်းစေတဲ့ AI တစ်ခုအနေနဲ့ပဲ ရှိနေခဲ့တာပါ။

                အခုအချိန်မှာတော့ Apple ဟာ Siri လို AI ကို CPU ကနေ ခိုင်းစေတာမျိုးမဟုတ်ပဲ Apple Neural Engine လို့ခေါ်တဲ့  သီးသန့် AI Chip တစ်ခုထည့်သွင်းပြီး အဆိုပါ Chip ကနေပဲ AI ကို ထိန်းချူပ်ဖို့ လုပ်နေတယ်လို့ Bloomberg သတင်းတစ်ခုကနေ ပေါက်ကြားလာခဲ့ပါတယ်။ 

                အဆိုပါ သတင်းသာမှန်ကန်ခဲ့မယ်ဆိုရင် Facial recognition နဲ့ Speech recognition ဆိုင်ရာ ကိစ္စရပ်တွေ၊ နောက်ထွက်မယ့် iPhone 8 မှာ ပါလာမယ်လို့ ပြောနေတဲ့ Augmented Reality (AR) ဆိုင်ရာ ကိစ္စရပ်တွေကို Apple Neural Engine လို့ ခေါ်တဲ့ Chip ကနေပဲ တာဝန်ထမ်းဆောင်တော့မှာပါ။ အဲ့လို သီးခြားတာဝန်ထမ်းဆောင်တာဟာ CPU ကို ဝန်ပေါ့သွားစေပြီး နောက်လာမယ့် Apple Devices တွေရဲ့ Battery Life ကို ပိုတိုးလာစေမှာဖြစ်သလို Overall Performance ကိုလည်း မြှင့်တင်လာနိုင်ပါလိမ့်မယ်။

                နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ Apple ဟာ IDevices တွေရဲ့ Third-Party Apps တွေမှာ AI နဲ့ သက်ဆိုင်တဲ့ Features တွေ ထည့်သွင်းနိုင်အောင်လို့ အဆိုပါ Chip ကို Developers တွေကိုပါ Access ပေးဖို့ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

                အခုအချိန်အထိတော့ ဒီနှစ်အတွင်းမှာ AI Chip ကို မြင်ရဖို့ ရှိ/မရှိ မသေချာသေးပေးမယ့်၊ Bloomberg ရဲ့ အဆိုအရတော့ Apple ကိုယ်တိုင်က iPhone ရှေ့ပြေးအလုံးတွေမှာ AI Chip ကို ထည့်သွင်းပြီး စမ်းသပ်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။

                လက်ရှိအချိန်မှာတော့ Apple ကိုယ်တိုင်က AI Chip အသစ်နဲ့ ပတ်သတ်ပြီး တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ Apple ရဲ့ CEO Tim Cook က Augmented Reality (AR) နဲ့ Artificial Intelligence (AI) တွေက Apple ရဲ့ အနာဂတ်မှာ အဓိကဆောင်ရွက်သွားမယ့် အရာနှစ်ခုဆိုတာကို အင်တာဗျူးတွေမှာ ပြောကြားခဲ့ဖူးတဲ့အတွက်ကြောင့် ဒီသတင်းက မှန်ကန်ဖို့များနေပါတယ်။

References
Bloomberg The Verge Mac Rumors
About Author
Assinged Tags
Artificial Intelligence Digital Assistant Augmented Reality iPhone Tim Cook Siri Intelligent Digital Assistant iPhone 8 related news Apple AI Chip Apple Neural Engine
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed