Nexus ဖုန်းတွေအရင် Google Pixel နဲ့ Pixel XL မှာ သြဂတ်စ်လအတွင်း Android O Update ရနိုင်ဖွယ်ရှိ

date_range 08 June 2017

Nexus ဖုန်းတွေအရင် Google Pixel နဲ့ Pixel XL မှာ သြဂတ်စ်လအတွင်း Android O Update ရနိုင်ဖွယ်ရှိ

visibility 350 Views

                Google I/O 2017 ပွဲမှာ လူစိတ်ဝင်စားမှုအများဆုံး ကြေငြာချက်တစ်ခုက Android O လို့ ပြောလို့ရပါတယ်။

                Google ဟာ Android O ကို အခုအချိန်မှာ Developer Preview 2 နဲ့ Public Beta ထုတ်ပေးထားပြီး ဖြစ်ကာ၊ ပုံမှန်အတိုင်းဆို လာမယ့် အောက်တိုဘာလလောက်မှာ Pixel ဖုန်းအသစ်နဲ့အတူ Public Release လုပ်ပေးဖို့ ရှိပါတယ်။

                ဒါပေမယ့် Android Police က David Ruddock ရဲ့ Tweet တစ်ခုအရ Google Pixel နဲ့ Pixel XL ဖုန်းတွေဟာ Android O Update ကို အစောဆုံး ရနိုင်ခြေရှိပြီး၊ အစောဆုံးအနေနဲ့ လာမယ့် သြဂတ်စ်လ လောက်မှာတင် OTA (Over-the-air) Update ရနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။ David Ruddock ကတော့ ဒီသတင်းအချက်အလက်ဟာ ခိုင်လုံတဲ့ရင်းမြစ်က ဖြစ်လို့ စိတ်ချရပေမယ့်၊ အပြောင်းအလဲတော့ နည်းနည်းရှိနိုင်တယ်လို့ ဆိုထားပါတယ်။

                အရင်တုန်းကတော့ Nexus Devices တွေကပဲ Android Version အသစ်တွေကို စောစောစီးစီး ရတာဖြစ်ပေမယ့်၊ Google က ကိုယ်ပိုင် Pixel တွေ ထုတ်နေပြီဆိုတော့ Pixel က အရင်ရတာ သဘာဝကျပါတယ်။ ဒါပေမယ့် Nexus တွေမှာလည်း Android O ရမှာပါ။ Pixel ထက် နောက်ကျသွားမှာပဲ ရှိနိုင်ပါတယ်။

                Android O Update ထွက်တာနဲ့ ရရှိမယ်လို့ သေချာသလောက်ရှိနေတဲ့ တခြားဖုန်းတွေကတော့ Nokia 3 ၊ Nokia 5 ၊ Nokia 6 နဲ့ OnePlus 3 ၊ OnePlus 3T တို့ပဲ ဖြစ်ပါတယ်။

                Android O ကို Google ပေးမှ မစောင့်ချင်ဘူး။ ကိုယ့်ဘာသာ စမ်းသုံးကြည့်ချင်တယ်ဆိုရင်လည်း အခုပဲ Public Beta version ကို စမ်းသုံးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ Google ဖုန်းတစ်လုံးလုံးတော့ ရှိဖို့လိုပြီး၊ Google ဖုန်းတိုင်းလည်း ရမှာမဟုတ်ဘဲ၊ Google Pixel ၊ Pixel XL ၊ Pixel C ၊ Nexus 6P ၊ Nexus 5X နဲ့ Nexus Player တို့မှာပဲ စမ်းသုံးကြည့်နိုင်မှာပါ။

References
Gadgets NDTV Google
About Author
Assinged Tags
Google Android Operating System Android O Update Google Pixel Google Nexus Google Smartphones Google Pixel XL Google Pixel C Nexus 5X Nexus 6P Public Beta Android 8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed