Low-End စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ Gmail Go ဆိုတဲ့ App ကို Google မိတ်ဆက်

date_range 14 February 2018

Low-End စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ Gmail Go ဆိုတဲ့ App ကို Google မိတ်ဆက်

visibility 220 Views

                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Google အနေနဲ့ RAM 1GB နဲ့ RAM 1GB အောက် စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Android Oreo Go Edition Operating System ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ Android Oreo Go OS ကို စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ Developer တွေသာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး User တွေ အနေနဲ့ အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။


                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက Google အနေနဲ့ Google Maps Go, Files Go App, Google Go App စတဲ့ Go Edition App တွေကို စတင်မိတ်ဆက်တဲ့ အနေနဲ့ Play Store ပေါ် တင်ပေးခဲ့ပါတယ်။ ဒီ Go Version Apps တွေကို Google အနေနဲ့  RAM နည်းပြီး Android Version လည်းနိမ့်မယ့် အရင်တုန်းက ထွက်ရှိထားခဲ့တဲ့ စမတ်ဖုန်းတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

                အခုအခါမှာတော့ Google အနေနဲ့ Go Edition Apps တွေထဲက နောက်ထပ်တစ်ခုဖြစ်တဲ့ Gmail Go App ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ Go Apps တွေလိုပဲ Gmail Go App ဟာ ပုံမှန် Gmail App ထက် ပါဝင်တဲ့ Function တွေ နည်းသွားမှာ ဖြစ်ပေမယ့် Performance ပိုင်းမှာတော့ Entry-Level စမတ်ဖုန်းတွေမှာ Gmail App ကို သုံးရတာထက် ပိုမို လျှင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Application ထဲကို ဝင်လိုက်တာနဲ့ Hang သွားတာမျိုးကိုလည်း ကြုံတွေ့ရမှာ မဟုတ်ပါဘူး။


                Gmail Go App ကို Play Store ပေါ်မှာ လွှင့်တင်ပြီး ဖြစ်ပေမယ့် အားနည်းချက်လေးတွေတော့ ရှိနေပါသေးတယ်။ အားနည်းချက်တွေထဲမှာ ပထမဆုံး တစ်ခုကတော့ ဒီ Gmail Go App ကို Play Store ကနေ Download ရယူနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ်တစ်ချက်ကတော့ လက်ရှိအချိန်မှာ Gmail Go App ကို RAM 1GB အောက် Budget စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ မပြောနဲ့ Android Version 8.0, Nougat အသုံးပြုထားတဲ့ High-End, Mid-Range စမတ်ဖုန်းတွေမှာတောင် အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

                Gmail Go App ကို Android 8.1 Oreo အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Android 8.1 Oreo အသုံးပြုနိုင်တဲ့ စမတ်ဖုန်းဆိုလို့ Google ထုတ် စမတ်ဖုန်းများနဲ့ HMD Global ရဲ့ Nokia 8 ပဲ ရှိပါသေးတယ်။ Nokia အနေနဲ့လည်း Android Go စမတ်ဖုန်းကို ပထမဆုံး အနေနဲ့ ထုတ်လုပ်သွားဖို့ရှိတယ် ဆိုပေမယ့် အခုအချိန်ထိ ကောလာဟလ အဆင့်သာ ရှိနေသေးတဲ့ အချိန်မှာ Google အနေနဲ့ Gmail Go App ကို ဘာကိစ္စကြောင့် အခုလိုပုံစံနဲ့ ထုတ်လိုက်မှန်းတော့ မသိပါဘူး။

                တကယ်လို့ Gmail Go App ကို အသုံးပြုချင်တယ်၊ Android 8.1 Oreo အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ရှိတယ်ဆိုရင်တော့ ဒီမှာ Download ရယူနိုင်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina ComputerHoy
About Author
Assinged Tags
Android Android Go Android Oreo Google Maps Go Android Go Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed