Play Store မှာ RAM 1GB အောက် စမတ်ဖုန်းတွေအတွက် Google Maps Go ကို Download ပြုလုပ်နိုင်ပြီ

date_range 16 December 2017

Play Store မှာ RAM 1GB အောက် စမတ်ဖုန်းတွေအတွက် Google Maps Go ကို Download ပြုလုပ်နိုင်ပြီ

visibility 780 Views

                လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မိတ်ဆက်သွားခဲ့တဲ့ Google Maps Go App ဟာ မိတ်ဆက်ပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပဲ Google Play Store ပေါ်ကို ရောက်ရှိလို့ လာပြီပဲ ဖြစ်ပါတယ်။ မကြာခင်အချိန်က New Delhi မှာကျင်းပခဲ့တဲ့ Event မှာ Google အနေနဲ့ Android Oreo (Go Edition) ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Go Edition ဆိုတာကတော့ RAM 1GB ဒါမှမဟုတ် 1GB အောက် စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Android OS Version တစ်ခုပဲဖြစ်ပါတယ်။

                အသစ်ထွက်ရှိလာတဲ့ Google Maps Go App ဟာဆိုရင် အနိမ့်စား Hardwares တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ Lightweight Apps Series (Go Edition Series) ထဲက တစ်ခုပါ။

                Google အနေနဲ့ Go Edition App Series တွေထဲက Files Go App ကို ဒီဇင်ဘာလ ၁၁ ရက်၊ Google Go App ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က Play Store ပေါ် တင်ပေးခဲ့ပြီး၊ အခုအခါမှာတော့ Google Maps Go App ကို  Play Store အပေါ်သို့ တတိယမြောက် Go App အနေနဲ့ ထပ်မံ တင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gmail, Google Assistant တို့ရဲ့ Lightweight Go Versions များကိုလည်း မကြာမီ အချိန်အတွင်းမှာ Play Store ပေါ် တင်ပေးတော့မယ်လို့ Google က ထပ်မံပြောကြားသွားခဲ့ပါတယ်။ Android Oreo (Go Edition) OS နဲ့ ဖုန်းတွေ ထွက်လာရင်တော့ ဒီ Go Apps တွေ တခါတည်းသွင်းပြီးသား (Pre-Installed) ပါလာမှာပါ။

                Google Maps Go App ကို RAM 1GB ဒါမှမဟုတ် 1GB အောက်သာရှိတဲ့ Android OS 4.1 သို့မဟုတ် OS 4.1 အထက် ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Files Go နဲ့မတူတဲ့ အချက်ကတော့ Files Go App ကို RAM 1GB အထက်ရှိတဲ့ ဖုန်းတွေမှာပါ ရယူအသုံးပြုနိုင်ပေမယ့်၊ Maps Go, Gmail Go, Google Assistant Go စတဲ့ Go Apps တွေကိုတော့ RAM နည်းတဲ့ဖုန်းတွေသီးသန့်ပဲ Play Store က Support ပေးမှာဖြစ်ပါတယ်။

                Google Maps Go App ဟာ Application လို့ ကြေညာထားပေမယ့် တကယ်တော့ Progressive Web App (PWA) တစ်ခုပဲ ဖြစ်ပါတယ်။ PWA ဆိုတာကတော့ ကျွန်တော်တို့ Mobile Phone တွေကနေ Website တွေကို ၀င်ကြည့်တဲ့ အခါ မြင်တွေ့ရလေ့ ရှိတဲ့ Website Mobile View ပဲ ဖြစ်ပါတယ်။  PWA Directory ထဲမှာလည်း Google Maps Go App ကို တွေ့မြင်နိုင်ပါတယ်။


                Features တွေအနေနဲ့ကတော့ Google Maps ရဲ့ Features တွေဖြစ်တဲ့ Detect Location, Providing Directions, Traffic Information For Cars, Public Transit, Walking စတဲ့ Features အားလုံးကို အသုံးပြုလို့ ရနေမှာပါ။ ဘာသာစကားပေါင်း (၇၀) နဲ့ အသုံးပြုနိုင်ပြီး၊ ဖုန်းမှာ Space အနည်းငယ်သာ ယူစေရမယ်လို့ Google က အာမခံထားပါတယ်။


                Google Maps Go App ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ယခု Play Store Link ကနေ Download ရယူနိုင်ပါတယ်။

This Article is Contributed by Phyo Kyaw Zwar
References
Gadgets NDTV Android Police
About Author
Assinged Tags
Android Applications Google Play Store Android Go Files Go Android Oreo (Go Edition) Google Maps Go Android Go Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed