RAM 1GB အောက် Model နိမ့်ဖုန်းများအတွက် Google က မိတ်ဆက်လိုက်တဲ့ Android Oreo (Go Edition)

date_range 06 December 2017

RAM 1GB အောက် Model နိမ့်ဖုန်းများအတွက် Google က မိတ်ဆက်လိုက်တဲ့ Android Oreo (Go Edition)

visibility 960 Views

                Google ဟာ Latest Android OS ဖြစ်တဲ့ Android Oreo ကို သူ့ရဲ့ High-end စမတ်ဖုန်းတွေဖြစ်တဲ့ Pixels တို့ Nexus တို့အတွက် ထုတ်ပေးနေတဲ့အပြင်၊ အခုလည်း RAM ပမာဏ 1GB  အောက် ရှိတဲ့ Low-end Phone တွေအတွက်ပါ Android Oreo (Go Edition) ကို မိတ်ဆက်ပေးလိုက်ပါပြီ။

                Android Oreo ဟာ အခုလက်ရှိ နောက်ဆုံးပေါ် Flagship Models အများစုမှာ အသုံးပြုနေတဲ့ Latest Android OS ဖြစ်ပြီး Android Go ကတော့ Oreo Version ကို တန်ဖိုးနည်း Model နိမ့်ဖုန်းတွေမှာ အသုံးပြုလို့ရအောင် ပြန်လည် ပြင်ဆင်မွမ်းမံထားတဲ့ Go Version ဖြစ်ပါတယ်။ လောလောဆည် ဖုန်းထုတ်လုပ်သူတွေနဲ့ Developers တွေအတွက်ပဲ ထုတ်ပေးခဲ့တာဖြစ်ပြီး၊ Users တွေအနေနဲ့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

                Android Oreo (Go Edition) ဟာ အထူးသဖြင့် RAM 512 MB (သို့) 1 GB လောက်ပဲ သုံးထားတဲ့ ဖုန်းတွေမှာ အဆင်ပြေပြေ သုံးနိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့ Android Oreo Version တစ်ခုလို့ ဆိုရမှာပါ။ Operating System တစ်ခုတည်းကို Flagship ဖုန်းတွေမှာကော၊ စျေးအသက်သာဆုံးဖုန်းတွေမှာပါ အဆင်ပြေပြေသုံးနိုင်အောင် လုပ်ရတဲ့အဖြစ်က မလွယ်ပေမယ့်၊ ရအောင် လုပ်နိုင်ခဲ့တယ်လို့ Google က ဆိုပါတယ်။ Android Oreo နဲ့ Android Oreo (Go Edition) မှာ ကွာခြားသွားတာတွေက Optimized လုပ်ထားတဲ့ Operating System၊ Optimized လုပ်ထားတဲ့ Default Apps တွေရယ်၊ Go Version နဲ့ ကိုက်ညီမယ့် ဖိုင်ဆိုက်မကြီးတဲ့ Apps တွေကို Highlight ပြပေးမယ့် Play Store version တို့ ဖြစ်ပါတယ်။


                Go Version က Low-end Hardware တွေမှာတောင် Apps ရဲ့  Performance Speed ကို 15% ထိ ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်၊ OS ကလည်း Storage Space တစ်ဝက်ပဲယူတော့မယ့်အပြင်၊ Built-in ပါတဲ့ Google Apps တွေကလဲ ကျနော်တို့ အခုလက်ရှိသုံးနေတဲ့ Google Apps တွေရဲ့ File Size ထက် 50% ပိုနည်းမှာ ဖြစ်တဲ့အတွက် ဖုန်းရဲ့ Storage Space က ၂ဆ ပိုလွတ်လာမှာ ဖြစ်ပါတယ်။ Android Go အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Google Apps တွေက Size နည်းသလို၊ Data Consumption လည်း နည်းတာကြောင့် တန်ဖိုးနည်း စမတ်ဖုန်းပရိတ်သတ်တွေအတွက် အဆင်ပြေမှာပါ။


                Go Version Google Apps တွေထဲမှာ Google Go ၊ Google Assistant Go ၊ YouTube Go ၊ Google Maps Go၊ Gmail Go စတဲ့ GO Version Apps တွေအပြင် မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Files Go App တို့ ပါဝင်ပါတယ်။ ဒီ့အပြင် Apps တွေထဲမှာ Data Saver Feature လဲ ပါအုံးမှာမို့ Background Data သုံးစွဲမှုကိုလည်း ထိန်းချုပ်နိုင်မှာပါ။


                Go Version Play Store မှာ ထူးခြားတဲ့ Feature တစ်ခုက ဖိုင်ဆိုက်နည်းတဲ့ Apps တွေကို သီးသန့်ရွေးချယ်ဖော်ပြပေးမယ့် Section တစ်ခု သက်သက်ပါဝင်တာပါ။ ဒီ Section ကို Android Go ဖုန်းတွေကနေ Play Store သုံးရင် Featured Apps ဆိုပြီး တွေ့ရပါမယ်။

                Android Go ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်က Android ဖုန်းထုတ်လုပ်တဲ့ Company တွေအနေနဲ့လည်း Android Oreo (Go Version) နဲ့ တန်ဖိုးနည်း၊ Latest Android OS သုံး ဖုန်းတွေ ထုတ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

                Android Oreo (Go Edition) ကို ယနေ့ဒီဇင်ဘာ (၆) ရက်နေ့မှာ၊ Android 8.1 နဲ့အတူ တရားဝင် ထုတ်ပေးဖို့ ရှိပြီး၊ Android Go အသုံးပြုထားတဲ့ ဖုန်းတွေကို ရှေ့လအနည်းငယ်အတွင်း စတင်မြင်တွေ့ရနိုင်ပါတယ်။

                Xiaomi Mi A1 မှာ သုံးထားတဲ့ Android One နဲ့ အခု Android Go နှစ်မျိုးစလုံးဟာ Low-end ဖုန်းတွေမှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ Latest Android OS ကို ပေးစွမ်းဖို့ ရည်ရွယ်ထားတဲ့ Android OS Versions တွေဖြစ်ပေမယ့် ကွာခြားချက်ကလေးတွေတော့ ရှိပါတယ်။ Android One မှာ Nexus တွေလိုပဲ Google ကိုယ်တိုင် ဖုန်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းထုတ်ထားတဲ့ Android Version တစ်ခုဖြစ်ပြီး၊  Android Go ကတော့ AOSP (Android Open Source Project) ကနေ ဖုန်းထုတ်လုပ်သူတိုင်း ယူသုံးနိုင်တဲ့ Android Version တစ်ခုဖြစ်ပါတယ်။

This Article is Contributed by Thaw Zin
References
The Verge GSM Arena
About Author
Assinged Tags
Google Android Android Go Android Oreo Android One Android Open Source Project Android Oreo (Go Edition)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed