စျေးနှုန်းသက်သာတဲ့ Microsoft Surface Book 2 နဲ့ Surface Laptop မော်ဒယ်အသစ်နှစ်မျိုးကို ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Microsoft

date_range 05 February 2018

စျေးနှုန်းသက်သာတဲ့ Microsoft Surface Book 2 နဲ့ Surface Laptop မော်ဒယ်အသစ်နှစ်မျိုးကို ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Microsoft

visibility 780 Views

                နည်းပညာ ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Microsoft အနေနဲ့ Surface Pro (2017), Surface Book 2, Surface Laptop စတဲ့ Professional Laptop တွေကို ပြီးခဲ့တဲ့ နှစ်တုန်းက မိတ်ဆက် ပေးခဲ့ပါတယ်။ Professional Laptop ဆိုတဲ့ အတိုင်း High-End Specifications တွေကို အသုံးပြုထားတာကြောင့် စျေးနှုန်းကတော့ အနည်းငယ် များပါတယ်။

                ဒါကြောင့်မို့လို့ Microsoft အနေနဲ့ Professional Laptop တွေကို အသုံးပြုချင် ပေမယ့်လည်း ပိုက်ဆံ အများကြီး မသုံးချင်သူတွေအတွက် ရည်ရွယ်ပြီး အခုလို စျေးနှုန်းသက်သာတဲ့ Microsoft Surface Book 2 နဲ့ Surface Laptop တို့ကို ထပ်မံ မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Surface Laptop

                Surface Laptop ကို စတင် မိတ်ဆက်ခဲ့တုန်းက Processor ပိုင်းအတွက် Intel ရဲ့ Core i5 နဲ့ Core i7 စတဲ့ Processor နှစ်မျိုးထဲက ကြိုက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပေမယ့် အသစ်ထွက်ရှိ လာမယ့် Surface Laptop မှာတော့ Core i5 နဲ့ Core i7 CPU တို့လောက် စွမ်းဆောင်ရည် မမြင့်မားတဲ့ Intel Core M3 Processor ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Core M3 Processor ဟာ Mid-Range Processor တစ်ခု ဖြစ်တာကြောင့် Performance ကတော့ အရမ်းကြီး ကောင်းမွန်မှာ မဟုတ်ပါဘူး။

                ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Surface Laptop မော်ဒယ်အသစ်မှာ RAM 4GB နဲ့ အတူ Internal Storage 128GB ပါဝင်မှာ ဖြစ်ပါတယ်။ အရင်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Surface Laptop မှာလို RAM 4GB, 8GB, 16 GB၊ Internal Storage 128GB, 256GB, 512GB ကြိုက်ရာကို ရွေးချယ်ဝယ်ယူနိုင် မှာတော့ မဟုတ်ပါဘူး။

                Hardware ပိုင်းမှာ လျှော့ချလိုက်တာကြောင့် စျေးနှုန်းပိုင်းမှာလည်း ကန်ဒေါ်လာ ၇၉၉ ဒေါ်လာသာ ကျသင့်တော့မှာ ဖြစ်ပါတယ်။ အရင်နှစ်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ Surface Laptop အတွက် အနိမ့်ဆုံး ဒေါ်လာ ၉၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်တာကြောင့် ဒေါ်လာ ၂၀၀ နီးပါး သက်သာသွားမှာ ဖြစ်ပါတယ်။

                အခြား Specifications တွေကတော့ အရင်မော်ဒယ်နဲ့ တူညီမှာ ဖြစ်တယ်လို့ ကြေငြာထားတာကြောင့် အသစ်ထွက်ရှိလာမယ့် Microsoft Surface Laptop ကို Metal Design အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Alcantara Fabric သုံး Keyboard ကို ဆက်လက် အသုံးပြုထားမှာ ဖြစ်ပါတယ်။ Display ပိုင်းမှာ တော့ ၁၅.၆ လက်မအရွယ်အစားရှိ (2256 x 1504 Resolution) Pixel Sense Display ကို အသုံးပြုထားပြီး Multi-Gesture Trackpad လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Surface Book 2

                နောက်ထပ် မိတ်ဆက်ပေးခဲ့တာကတော့ Surface Book 2 Budget မော်ဒယ်ပဲ ဖြစ်ပါတယ်။ Surface Book 2 မော်ဒယ်အသစ်ဟာ Surface Laptop Budget မော်ဒယ်အသစ်ထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုမို ကောင်းမွန်မှာ ဖြစ်ပေမယ့် စျေးနှုန်းမှာတော့ Surface Laptop Budget မော်ဒယ်ထက် အနည်းငယ် များပြားမှာ ဖြစ်ပါတယ်။

                အရင်တုန်းက ထွက်ရှိထားတဲ့ Surface Book 2 အတွက် ၁၃.၅ လက်မ အရွယ်အစားရှိ (3000 x 2000 Resolution) Pixel Sense Display ကို အသုံးပြုထားတဲ့ Version အပြင် ၁၅ လက်မ အရွယ်အစားရှိ (3240 x 2160 Resolution) Pixel Sense Display အသုံးပြုထားတဲ့ Version ကို ပါ ထုတ်လုပ်ခဲ့ပေမယ့် စျေးသက်သာတဲ့ Surface Book 2 မော်ဒယ်အတွက်ကိုတော့ ၁၃.၅ လက်မ အရွယ်အစားရှိ (3000 x 2000 Resolution) Pixel Sense Display အသုံးပြုထားတဲ့ မော်ဒယ် တစ်မျိုးထဲ အနေနဲ့သာ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။

                အရင်တုန်းက ထွက်ရှိထားတဲ့ မော်ဒယ်နှစ်မျိုးမှာလို အသစ်ထွက်လာမယ့် Budget မော်ဒယ်မှာလည်း Touch Screen Support ပါဝင်ပြီး Surface Dial နဲ့ Surface Pen ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ထွက်ရှိလာမယ့် Microsoft Surface Book 2 မှာ Intel Core i5 Processor ကို အသုံးပြုသွားမှာ ဖြစ်ပြီး RAM 8GB, Internal Storage 128GB ပါဝင်မှာ ဖြစ်ပါတယ်။

                Surface Book 2 မှာ အသုံးပြုထားမယ့် Graphic Card နဲ့ ပတ်သတ်ပြီး Microsoft က အသေးစိတ် ကြေငြာထားခြင်း မရှိသေးတာကြောင့် အရင်နှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ ၁၃.၅ လက်မ မော်ဒယ်မှာလို NVidia GeForce GTX 1050 2GB Graphic ကို ဆက်လက် အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                Surface Book 2 မော်ဒယ်အသစ်ကို ကန်ဒေါ်လာ ၁,၁၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အရင်နှစ်တုန်းက ထွက်ရှိထားတဲ့ Surface Book 2 ကို ကန်ဒေါ်လာ ၁,၄၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တာ ဖြစ်တာကြောင့် ဒေါ်လာ ၂၀၀ နီးပါး သက်သာသွားမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina
About Author
Assinged Tags
Microsoft Surface Laptop Surface Pro Surface Book 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed