8th Gen Intel Core Processors နဲ့ GeForce GTX 1060 သုံး Surface Book 2 ကို Microsoft မိတ်ဆက်

date_range 18 October 2017

8th Gen Intel Core Processors နဲ့ GeForce GTX 1060 သုံး Surface Book 2 ကို Microsoft မိတ်ဆက်

visibility 980 Views

                Microsoft ဟာ ယခင်ကထုတ်လုပ်ခဲ့ဖူးတဲ့ Microsoft Surface Book Laptop ကို အဆင့်မြှင့်တင်ထားတဲ့ Microsoft Surface Book 2 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ Microsoft Surface Book 2 ဟာဆိုရင် အဆင့်မြှင့်တင်ထားတဲ့ဒီဇိုင်း၊ ပိုကောင်းလာတဲ့ Internal Specifications တွေ၊ Updated Connectivity တွေနဲ့ Battery Life ပိုကောင်းလာမယ့်အပြင် အရွယ်အစား ၂ မျိုးကို ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ 

                ဒီဇိုင်းပိုင်းအရတော့ ယခင် Surface Book လိုပဲ Keyboard ကနေ ဖြုတ်ယူနိုင်တဲ့ Display ကို ကြိုက်တဲ့ဘက်ကနေ ပြန်ပြီးတပ်ထားလို့ရမှာဖြစ်ပြီး Tablet တစ်ခုအနေနဲ့လည်း သီးခြားအသုံးပြုနိုင်မှာပါ။ 

                Display အနေနဲ့ကတော့ ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး 13.5" Model မှာတော့ 3000×2000 Resolution ရှိတဲ့ Pixel Sense Display ပါဝင်မှာဖြစ်ကာ၊ အနည်းငယ်ပိုကြီးတဲ့ 15" Model အသစ်မှာဆိုရင် 3240×2160 Resolution Pixel Sense Display ပါဝင်မှာပါ။ Display ၂ မျိုးစလုံးက Touch Screen Support ပြုလုပ်ပြီး Surface Dial နဲ့ Surface Pen လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


                Specifications တွေအနေနဲ့တော့ Intel i5 နဲ့ i7 Processors တွေကို ရွေးချယ်နိုင်တယ်ဆိုပေမယ့် 13.5" Model မှာပဲ i5 Processor နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Intel i7 Processor တွေက Quad Core 8th Generation Processor တွေဖြစ်ပေမယ့် Intel i5 Model ကတော့ 7th Gen i5 - 7300U ပဲ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် နောက်ဆုံး Generation Processor ကို လိုချင်တဲ့သူဆိုရင်တော့ Intel i7 Model တွေကိုပဲ ရွေးချယ်ရမှာပါ။ 

                Intel i7 - 8650U 8th Generation Processor ကိုတော့ 13.5" Model ရော 15" Model မှာပါ ရရှိနိုင်မှာဖြစ်ပါတယ်။ Microsoft က အခု Surface Book 2 ၂ မျိုးကို Gaming Grade Graphic Level အထိရောက်အောင်အဆင့်မြှင့်တင်ခဲ့ပြီး၊ 13.5" Model မှာ Nvidia Geforce GTX 1050 2GB GDDR5 2GB Graphic ဒါမှမဟုတ် 15" Model မှာ Nvidia Geforce GTX 1060 6GB GDDR5 Graphic Card တွေကို ထပ်သွင်းပေးထားတာဖြစ်ပါတယ်။ Model ၂ မျိုးစလုံးမှာ 8GB RAM နဲ့ 16GB RAM ဆိုပြီး ရွေးချယ်နိုင်တဲ့အပြင် 256GB SSD ကနေ 1TB အထိ ရွေးချယ်နိုင်ဦးမှာပါ။ 

                အခြား Connectivity အနေနဲ့ကတော့ Microsoft Surface Book 2 မှာ USB 3.0 ၂ ပေါက်၊ USB - C ၁ ပေါက်၊ SD Card Slot ၊ Headphone Jack နဲ့ Surface Connector တွေပါဝင်မှာဖြစ်ပါတယ်။ အားနည်းချက်လို့ပြောလို့ရတဲ့အချက်ကတော့ Thunderbolt ကို အခုအချိန်အထိ Support ပြုလုပ်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ 

                Microsoft က အခု Surface Book 2 ၂ မျိုးစလုံးက Battery ပိုမိုကောင်းမွန်လာပြီး ပုံမှန်အနေနဲ့ အသုံးပြုရင် ရုပ်ရှင်ကြည့်ရှုချိန် ၁၇ နာရီနဲ့ Tablet အနေနဲ့ အသုံးပြုရင် ရုပ်ရှင်ကြည့်ရှုချိန် ၅ နာရီခန့်ရရှိမယ်လို့ ပြောထားပါတယ်။ 

                ဈေးနှုန်းတွေအနေနဲ့ကတော့ Microsoft Surface Book 2 13.5" ကို $1499 ကနေ စတင်ရရှိနိုင်မှာဖြစ်ပြီး 15" Model ကတော့ $2499 ကနေ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။ Pre-Order တွေကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်လက်ခံသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

Microsoft Surface Book 2 Specifications

SURFACE BOOK 2, 15 INCH

15-inch Display, 3240 x 2160, 260 PPI
8th Gen Intel Quad-Core i7-8650U, 4.2GHz "max turbo"
16GB RAM
256GB, 512GB, or 1TB SSD
Nvidia GeForce GTX 1060, 6GB VRAM
13.5 x 9.87 x 0.9 inches
4.2 pounds, 1.8-pound Tablet Mode

SURFACE BOOK 2, 13 INCH

13.5-inch Display, 3000 x 2000, 267 PPI
Base model: 7th Gen dual-core i5-7300U with 8GB RAM
Upgrade Options: 8th Gen Intel Quad-Core i7-8650U, 4.2GHz "max turbo"
16GB RAM
256GB, 512GB, or 1TB SSD
Nvidia GeForce GTX 1050, 2GB VRAM (not available on base i5 model)
12.3 x 9.14 x 0.9 inches
3.62 pounds (Base model is 3.38 pounds), 1.59-pound Tablet Mode

SURFACE BOOK 2 SHARED SPECS

Claimed 17 hours Battery, 5 hours for Tablet (Video Watching)
Bluetooth 4.1
2 USB-A, 1 USB-C, Surface Connect, SD card slot, Headphone Jack
5MP Camera (Front), 8MP Rear
Supports Windows Hello login
Dolby Atmos Support for Headphones
Backlit keyboard, 1.55mm travel
References
GSM Arena
About Author
Assinged Tags
Microsoft Notebook Intel 8th Generation Intel Core Surface Book 2 Microsoft Surface GeForce GTX 1060
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed