Windows OS မှာ Duplicate Files တွေ ဘယ်လိုရှာဖျက်မလဲ

date_range 08 February 2017

Windows OS မှာ Duplicate Files တွေ ဘယ်လိုရှာဖျက်မလဲ

visibility 120 Views

                ကွန်ပြူတာတစ်လုံးအတွက် အဓိကအကျဆုံးအရာတွေထဲမှာ ဒေတာသိမ်းဆည်းနိုင်မှု Storage ပမာဏ က တစ်ခုအပါအဝင်ပါ။

                အခုနောက်ပိုင်းကွန်ပြူတာတွေမှာ ပိုမိုမြန်ဆန်ပေမယ့် Storage ပိုနည်း(နေသေး)တဲ့ SSD တွေကို အသုံးပြုလာတာကြောင့်၊ Storage Space မလောက်တဲ့ပြဿနာတွေ အဖြစ်များလာပါတယ်။ Storage များတဲ့ SSD တွေ ဝယ်မယ်ဆိုရင်လည်း ဈေးမြောက်ဆဲဖြစ်တာကြောင့်၊ သာမန်အသုံးပြုသူတွေအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ 

                ဒီလိုမျိုး ကွန်ပြူတာမှာ Storage Space က နည်းရတဲ့အထဲ၊ Duplicate Files လို့ခေါ်တဲ့ ဖိုင်ထပ်နေတာတွေပါ များနေမယ်ဆိုရင်တော့ Storage ပြဿနာက အမြဲဖြစ်နေမှာပါ။

                သုံးလေးခုလောက်ထပ်နေတဲ့ သီချင်း၊ Documents နဲ့ ဓာတ်ပုံဖိုင်တွေကြောင့် ကွန်ပြူတာထဲ နောက်ထပ်တန်ဖိုးရှိတဲ့ဒေတာတွေ သိမ်းဆည်းရာမှာ အခက်တွေ့နိုင်သလို၊ ကွန်ပြူတာစနစ်ကို Backup လုပ်ရာမှာလည်း အချိန်ပိုကြာတာ၊ Backup File Size က ရှိသင့်တာထက်ပိုများနေတာတွေ ဖြစ်နိုင်ပါတယ်။

                ဒီအတွက် Duplicate Files တွေကို အမြန်ဆုံးရှာပြီး၊ ဖျက်ပစ်နိုင်မယ့် ဆော့ဖ်ဝဲကောင်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။

၁။ dupeGuru

                Duplicate Files တွေရှင်းတဲ့ အကောင်းဆုံးဆော့ဖ်ဝဲတစ်ခုကို ပြပါဆိုရင် dupeGuru ကို ပြရမှာပါ။ ဒါပေမယ့် Microsoft ရဲ့ Windows 10 စနစ်အသစ်မှာ ဒီဆော့ဖ်ဝဲကို Support မပေးတော့တာကြောင့်၊ Windows 8 အထိပဲ ဗားရှင်းအဟောင်းကို အသုံးပြုနိုင်တော့မှာပါ။

                dupeGuru မှာ ကွန်ပြူတာထဲက ထပ်နေတဲ့ဖိုင်တွေ အကုန်လုံးကို ရှာပြီးဖျက်ပေးမယ့် Standard Edition၊ သီချင်းထပ်နေတာပဲ ရွေးရှာပေးမယ့် Music Edition နဲ့ ဓာတ်ပုံတွေပဲ ရွေးဖျက်ပေးမယ့် Pictures Edition ဆိုပြီး သုံးမျိုးရှိပါတယ်။

                Standard Edition မှာ “Fuzzy Algorithm” ကို အသုံးပြုထားတာကြောင့်၊ ဖိုင်နာမည်ပြောင်းထားရင်တောင် ဖိုင်ထဲက Content ကို စစ်ပြီး၊ ထပ်နေတဲ့ဖိုင်တွေကို စစ်ပေးနိုင်ပါတယ်။ Duplicate Files တွေရှာရာမှာ တော်တော်မြန်ဆန်ပြီး၊ အကောင်းဆုံး Duplicate File Finder တစ်ခုလို့ ဆိုရမှာပါ။

                dupeGuru ဆော့ဖ်ဝဲသုံးမျိုးလုံးဟာ အခမဲ့နဲ့ Open Source ဆော့ဖ်ဝဲတွေဖြစ်ပြီး၊ တရားဝင်ဝက်ဘ်ဆိုဒ်မှာ သွားရောက်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ Mac OS X, Ubuntu တို့ အတွက်လည်း ရှိပါတယ်။

Download "dupeGuru Software" Here

၂။ Duplicate Files Finder

                ဒီဆော့ဖ်ဝဲကလည်း ပေါ့ပေါ့ပါးပါနဲ့ မြန်မြန်ဆန်ဆန်သုံးနိုင်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခုဖြစ်ပြီး၊ ထွက်ရှိတာ တော်တော်ကြာပြီဖြစ်ပါတယ်။ Windows 95 နဲ့ 98 တွေလို ဘိုးအေဗားရှင်းတွေမှာတောင် အသုံးပြုနိုင်တဲ့ ဗားရှင်းတွေရှိပါတယ်။

                Duplicate Files Finder ကို အောက်ပါလင့်ခ်မှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

Download "Duplicate Files Finder" Here

၃။ CCleaner

                ကွန်ပြူတာက Junk ဖိုင်တွေကို ရှင်းပစ်ဖို့အတွက် အကောင်းဆုံးဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ တော်တော်များများသိပြီးတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ ဒါပေမယ့် ဒီဆော့ဖ်ဝဲမှာ Duplicate File Scanner တပါတည်း ပါတယ်ဆိုတာကိုတော့ သိပ်မသိကြသေးတာ တွေ့ရပါတယ်။

                CCleaner ရဲ့ Duplicate File ရှာနိုင်စွမ်းကလည်း တော်တော်မြန်ပြီး၊ တိကျမှုလည်း ရှိပါတယ်။ ဖိုင်နာမည်၊ အရွယ်အစားနဲ့ ၊ ဖိုင်ထည့်ထားတဲ့ရက်စွဲတူတာတွေ ရွေးချယ်ရှာနိုင်သလို၊ နာမည်ပြောင်းထားရင်တောင် Content တူနေတဲ့ ဖိုင်တွေကိုလည်း ရှာပေးနိုင်ပါတယ်။

                CCleaner ကို ဒီလင့်ခ်ကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

References
Windows Central Cnet
About Author
Assinged Tags
Microsoft
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed