Windows XP နဲ့ Vista တို့မှာ Blizzard ဂိမ်းတွေ ကစားလို့ရမှာမဟုတ်တော့ကြောင်း ကြေငြာ

date_range 22 February 2017

Windows XP နဲ့ Vista တို့မှာ Blizzard ဂိမ်းတွေ ကစားလို့ရမှာမဟုတ်တော့ကြောင်း ကြေငြာ

visibility 110 Views

                Windows XP နဲ့ Vista တို့ဟာ တော်တော်ကြီးကို ဟောင်းနေပြီဖြစ်တဲ့ Windows OS တွေဖြစ်ပေမယ့်၊ အခုထိ သုံးနေကြသူတွေရှိပါသေးတယ်။ 

                တကယ်လို့ ခင်ဗျားကိုယ်တိုင်လည်း World of Warcraft တို့၊ StarCraft ll တို့ Diablo lll ဒါမှမဟုတ် Heroes of the Storm တို့ကို ဒီ Windows OS တွေမှာ ဆော့နေတဲ့သူဆိုရင် စဥ်းစားဖို့အချိန်သင့်ပါပြီ။ ဘာလို့လည်းဆိုတော့ ဒီဂိမ်းတွေကို ယခုနှစ်နှောင်းပိုင်းလောက်မှာ အထက်ပါ OS တွေကနေ ဆော့လို့ရမှာမဟုတ်တော့ဘူးလို့ Blizzard က ကြေငြာလိုက်ပါတယ်။

“ Microsoft ကိုယ်တိုင်က ဒီ Windows ဗားရှင်း (XP နဲ့ Vista) တို့ကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ Support ရပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်လောက်ထိ ကျနော်တို့ပရိတ်သတ်တစ်ချို့တစ်လေက အဆိုပါ OS တွေသုံးပြီးဆော့နေကြတုန်းပါ။ ဒါကြောင့် ကျနော်တို့ဘက်က Support မရပ်ခဲ့ပါဘူး။ အခုဆို Vista ပြီးလို့ အဓိက Windows OS သုံးခုတိတိ (8.1 မပါ) ထွက်ပြီးသွားပါပြီ။ ကျနော်တို့ပရိတ်သတ်တွေတော်တော်များများလည်း Windows ဗားရှင်းအသစ်တွေသုံးနေကြတာကြောင့် ကျနော်တို့ဘက်ကလည်း Support ရပ်ဆိုင်းတော့မှာပါ။

                လို့ Blizzard ရဲ့ လူမှုဆက်ဆံရေးမန်နေဂျာ Ornyx က Battle.net မှာ ရေးသားခဲ့ပါတယ်။

                Ornyx ရဲ့ ပြောကြားချက်အရဆိုရင် ဒီတစ်နှစ်အတွင်းမှာ Windows XP နဲ့ Vista သုံးသူတွေအနေနဲ့ Blizzard ဂိမ်းတွေကို ဖွင့်လို့ရမှာမဟုတ်တော့ဘဲ၊ Windows ပြောင်းတင်ရမှာဖြစ်ပါတယ်။

                Blizzard ဘက်က အဆိုပါပြောင်းလဲမှုကို တကယ်နီးလာပြီဆိုရင် User တွေကို အသိပေးအကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

References
PC Mag Battle.net
About Author
Assinged Tags
Microsoft Blizzard World of Warcraft Windows Windows XP Windows Vista Diablo Starcraft Heroes Of The Storm
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed