"Battery လဲလှယ်ခကို လျော့ချလိုက်လို့ iPhone အသစ်တွေ မဝယ်ကြတော့ဘူး ဆိုရင်လည်း ဂရုမစိုက်ပါဘူး" ဆိုတဲ့ Tim Cook

date_range 02 February 2018

"Battery လဲလှယ်ခကို လျော့ချလိုက်လို့ iPhone အသစ်တွေ မဝယ်ကြတော့ဘူး ဆိုရင်လည်း ဂရုမစိုက်ပါဘူး" ဆိုတဲ့ Tim Cook

visibility 3780 Views

                Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေအတွက် CPU Throttle လုပ်ပစ်ခဲ့တဲ့ Apple ဟာ တရားစွဲဆိုမှုတွေလည်း အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသလို ဒေါသထွက်သွားတဲ့ Apple ပရိတ်သတ်တွေကိုလည်း Battery လဲလှယ်ခ လျော့ပေးခြင်း၊ CPU Throttling Feature ကို မသုံးချင်ဘူးဆိုရင် ပိတ်ထားနိုင်အောင် လုပ်ပေးခြင်း၊ Battery ကိစ္စနဲ့ ပက်သက်ရင် ပွင့်ပွင့်လင်းလင်း ပြောသွားပါမယ်လို့ ကတိပေးခြင်း၊ စတာတွေ ပြုလုပ်ပေးပြီး တောင်းပန်ခဲ့ရပါတယ်။

                Apple အနေနဲ့ iPhone Battery လဲလှယ်ခကို ကန်ဒေါ်လာ ၅၀ အထိ လျော့ပေးခဲ့ပြီး Battery Capacity ၈၀% ကျန်နေသေးတယ် ဆိုရင်တောင်မှ အသစ်လဲလှယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်က စီးပွားရေးသမားတွေ အတွက်တော့ မေးစရာမေးခွန်းတစ်ခု ဖြစ်လာပါတယ်။

                “Battery အသစ်လဲလိုက်ပြီဆိုရင် iPhone က နဂိုအကောင်းအတိုင်း ပြန်ဖြစ်သွားမယ်ဆိုတာ အသုံးပြုသူတွေ သိသွားကြပြီဆိုတော့ iPhone အသစ်တွေ မဝယ်ကြတော့ရင် Apple ဘယ်လို လုပ်မှာလည်း?”

                ဒီမေးခွန်းကိုတော့ ရင်းနှီးမြုပ်နှံသူ တစ်ယောက်ဖြစ်တဲ့ Toni Sacconaghi က Tim Cook ကို မေးမြန်းခဲ့တာဖြစ်ပြီး Tim Cook ကတော့

                “Battery အသစ်လဲလိုက်ပြီဆိုရင် iPhone က နဂိုအကောင်းအတိုင်း ပြန်ဖြစ်သွားမယ်ဆိုတာ အသုံးပြုသူတွေ သိသွားကြလို့ iPhone အသစ်တွေ မဝယ်ကြတော့ရင်လည်း Apple ဘက်က ဂရုမစိုက်ပါဘူး။ နောက်ပြီး ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာကိုလည်း မသိသေးပါဘူး။ ဒီလိုလုပ်ခဲ့ရတယ် ဆိုတာကလည်း အသုံးပြုသူတွေအတွက် မှန်မယ်ထင်လို့ လုပ်ခဲ့တာပါ။ iPhone အသစ်ဝယ်ယူကြတဲ့ ရာခိုင်နှုန်းကျဆင်းခဲ့မယ် ဆိုရင်လည်း Apple ဘက်က ဘာလုပ်သွားမှာလဲ ဆိုတာကိုလည်း ခေါင်းထဲမှာ ထည့်မစဉ်းစားသေးပါဘူး”

လို့ ဖြေကြားသွားပါတယ်။

                “ကျနော့်အမြင်ကတော့ တစ်နှစ်ထက်တစ်နှစ် iPhone အသုံးပြုသူတွေ တိုးပွားလာမယ်လို့ပဲ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်က iPhone သုံးနေခဲ့မယ်။ နောက်ပြီး သူ့ iPhone က ဟောင်းသွားလို့ အသစ်လဲဖို့အတွက် သူ့ iPhone အဟောင်းကို ရောင်းပြီး iPhone အသစ်ဝယ်မယ်။ ပြီးတော့ သူရောင်းခဲ့တဲ့ iPhone အဟောင်းကို အခြားတစ်ယောက်က ဝယ်ပြီးသုံးမယ်။ ဒီလိုနဲ့ iPhone အသုံးပြုသူတွေ များလာမယ်လို့ မြင်ပါတယ်”

လို့ ထပ်မံ ပြောကြားသွားပါတယ်။

                Tim Cook ပြောသွားတာက ဟုတ်သလိုတော့ ရှိပါတယ်။ စဉ်းစားကြည့်ရင် iPhone တွေက တော်ရုံတန်ရုံတော့ နှေးသွားတယ်ဆိုတာ မရှိပါဘူး။ နောက်ပြီး ကြာရှည်လည်း ခံပါတယ်။ တစ်ချို့ ရိုရိုသေသေ အသုံးပြုတတ်တဲ့သူတွေရဲ့ iPhone တွေဆိုရင် ၂ နှစ်လောက်သုံးပြီးမှ ပြန်ရောင်းရင်တောင် အသစ်အတိုင်းပါပဲ။ ဒါပေမယ့် Tim Cook ပြောသလို iPhone အသုံးပြုသူတွေ များလာမလား ဆိုတာကိုတော့ စီးပွားရေး ပညာရှင်တွေပဲ ခန့်မှန်းနိုင်ပါလိမ့်မယ်။

References
9to5Mac
About Author
Assinged Tags
iPhone Tim Cook Battery Lithium-Ion Battery Battery Issue CPU Overclock Apple Battery Capacity
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed