“နောက်ထွက်လာမယ့် iOS Update မှာ CPU Throttling Feature ကို ပိတ်ထားလို့ရမယ်” လို့ Tim Cook ပြောကြား

date_range 18 January 2018

“နောက်ထွက်လာမယ့် iOS Update မှာ CPU Throttling Feature ကို ပိတ်ထားလို့ရမယ်” လို့ Tim Cook ပြောကြား

visibility 2500 Views

                Apple အနေနဲ့ Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေမှာ Shutdown ခဏ၊ ခဏ ကျသွားတာမျိုး မဖြစ်စေဖို့အတွက် CPU Performance ကို လျော့ပစ်တဲ့ Fix တစ်ခုကို တိတ်တဆိတ် ထုတ်ပေးခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီး တရားစွဲဆိုမှုတွေတောင်းပန်ရတာတွေBattery လဲလှယ်ခ နှုန်းထားကို လျော့ပစ်ရတာတွေ လုပ်ခဲ့ရပါတယ်။

                ဒီကိစ္စမှာ Customer တွေကို ပွင့်ပွင့်လင်းလင်း မပြောခဲ့တာက Apple ဘက်က မဟာအမှားကြီး တစ်ခုပါ။ ဒါကြောင့်လည်း Customer တွေကို တောင်းပန်ခဲ့တဲ့ Statement ထဲမှာ နောက်ထွက်လာမယ့် iOS Update တွေကျရင် iPhone မော်ဒယ်လ် အဟောင်းတွေကို အသုံးပြုနေသူတွေ အနေနဲ့ Battery နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို Settings ထဲမှာ တိတိကျကျ သွားကြည့်လို့ ရနိုင်မယ့် Feature သစ်တစ်ခုကို ထည့်သွင်းပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

                ဒါပေမယ့် ခက်တာက မိမိ iPhone မှာ Battery Capacity နည်းသွားရင် CPU Throttling Feature က အလိုအလျောက် အလုပ်လုပ်မှာဆိုတော့ အသုံးပြုသူအတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကြောင့်လည်း ABC News က ပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာ Apple CEO Tim Cook အနေနဲ့ အသုံးပြုသူတွေကို ထပ်မံ တောင်းပန်ခဲ့သလို

                “Apple အနေနဲ့ အသုံးပြုသူတွေကို Battery ရဲ့ အခြေအနေနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို Settings ထဲမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြပေးမှာပါ။ ဒါမျိုးကိုလည်း Apple အနေနဲ့ တစ်ခါမှ မလုပ်ဖူးသေးပါဘူး။ နောက်ပြီး CPU Throttling Feature ကိုလည်း မလိုချင်ဘူးဆိုရင် ပိတ်ထားလို့ ရဦးမှာပါ။ ဒါပေမယ့် ဒီ Feature ကို ပိတ်ထားဖို့တော့ မတိုက်တွန်းပါဘူး”

လို့လည်း ပြောကြားခဲ့ပါတယ်။

                အခုအချိန်မှာတော့ ဒီ Feature သစ်ကို ဘယ် iOS Update မှာ ထည့်သွင်းပေးသွားမလဲ ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဖေဖော်ဝါရီလ အစောပိုင်းလောက်မှာ ထွက်ရှိလာမယ့် iOS 11 Developer Beta မှာတော့ ပါဝင်လာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

References
The Verge 9to5Mac
About Author
Assinged Tags
iOS Battery Lithium-Ion Battery Battery Issue iOS Update Apple Battery Capacity
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed