iPhone မော်ဒယ်အဟောင်းတွေအတွက် Battery Capacity ၈၀% ရှိနေသေးတယ် ဆိုရင်တောင် အသစ်လဲလှယ်ပေးသွားမယ့် Apple

date_range 03 January 2018

iPhone မော်ဒယ်အဟောင်းတွေအတွက် Battery Capacity ၈၀% ရှိနေသေးတယ် ဆိုရင်တောင် အသစ်လဲလှယ်ပေးသွားမယ့် Apple

visibility 1680 Views

                Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းမှာ Performance လျော့ပစ်ခဲ့တဲ့ ပြဿနာကြောင့် တရားစွဲဆိုမှုတွေ ရင်ဆိုင်ခဲ့ရသလို ပရိတ်သတ်တွေလည်း အမြင်မကြည်တော့တာကြောင့် Apple အနေနဲ့ အရင်တစ်ပါတ်ကပဲ Battery လဲလှယ်ခကို ကန်ဒေါ်လာ ၅၀ အထိ လျော့ချပေးပြီး ပရိတ်သတ်တွေကို ပြန်တောင်းပန်ခဲ့ရပါတယ်။

                Battery လဲလှယ်ခ ဈေးနှုန်းကို လျော့ချပေးခဲ့တယ် ဆိုပေမယ့် Battery Diagnostic Test မှာ Battery Capacity ဘယ်လောက်အထိ လျော့နေရင်တော့ လဲပေးမယ်၊ ဘယ်လောက်အထိ ကျန်နေသေးရင်တော့ မလဲပေးဘူး၊ စတဲ့ Battery လဲလှယ်မှု စည်းကမ်းချက်တွေကို တိတိကျကျ မပြောသွားပါဘူး။ တိတိကျကျ မပြောထားခဲ့တာ ဖြစ်တဲ့အတွက် Battery လဲချင်တဲ့ အသုံးပြုသူတွေကြားမှာလည်း “Apple က မလဲပေးချင်လို့ သေချာမပြောထားတာ” ဆိုပြီး မြင်လာကြပါတယ်။

                ဒါပေမယ့် ဒီနေ့မနက်မှာပဲ ပြင်သစ်နည်းပညာ Blog iGeneration က

                “iPhone 6 နဲ့ iPhone 6 ထက်နောက်ကျတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေကို Battery Diagnostic Test မှာ Battery Capacity ၈၀% ရှိနေမယ်ဆိုရင်တောင် Battery လဲလှယ်ခွင့် ပေးရမယ်”

လို့ ရေးသားထားတဲ့ Apple Store Memo တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

                ဒီတော့ MacRumors အနေနဲ့လည်း Apple ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ဟုတ်မှန်ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Battery Diagnostic Test မှာ Battery Capacity က ၈၀% နှင်အထက် ရှိနေခဲ့မယ်၊ Charge Cycles အကြိမ်အရေအတွက် ၅၀၀ အောက် ရောက်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် Apple ထုံးစံအတိုင်း ဖုန်းမှာ အခြား အပြစ်အနာအဆာတွေ ရှိခဲ့မယ်၊ ဖုန်းထဲမှာ Third-Party Components တွေ တွေ့ခဲ့မယ် ဆိုရင်တော့ Apple ရဲ့ Battery လဲလှယ်မှု စည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် လဲလှယ်ပေးမှာ မဟုတ်ပါဘူး

                ဆက်လက်ပြီး Apple ရဲ့ Battery လဲလှယ်မှု စည်းကမ်းချက် အသစ်တွေထဲမှာ Battery လဲလှယ်ခ ဈေးနှုန်းပြောင်းလဲလိုက်တဲ့ Program မစမီ ဒီဇင်ဘာ ၃၀ ရက်နေ့မတိုင်ခင်က ကန်ဒေါ်လာ ၇၅ ပေးပြီး Battery လဲလှယ်သွားခဲ့ Customer တွေလည်း ပိုပေးလိုက်ရတဲ့ ကန်ဒေါ်လာ ၅၀ ကို Apple ဆီကနေ ပြန်တောင်းလို့ ရရှိနိုင်မယ်ဆိုတဲ့ စည်းကမ်းချက် အသစ်တစ်ခုလည်း ပါဝင်သေးတယ်လို့လည်း သိရှိရပါတယ်။

                လက်ရှိမှာ Phone 6 နဲ့ iPhone 6 ထက်နောက်ကျတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေ အသုံးပြုနေကြတဲ့သူတွေ အနေနဲ့ အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံအချို့က Apple Authorized Service Center တွေမှာ နောက်နှစ် ဒီဇင်ဘာလထဲအထိ ကန်ဒေါ်လာ ၂၉ ပေးပြီး လဲလှယ်လို့ ရနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက Apple Authorized Service Center တွေမှာတော့ ဈေးနှုန်းပြောင်းသွားပြီလား သေချာမသိသေးပါဘူး။

References
The Verge MacRumors iFixit
About Author
Assinged Tags
iPhone Battery Lithium-Ion Battery Battery Issue Smartphone Battery Apple Battery Test Battery Capacity
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed