Apple အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ အမေရိကန်၊ အစ္စရေးနဲ့ ပြင်သစ်နိုင်ငံတွေမှာ တရားစွဲဆိုမှုတွေ ဆက်တိုက်ဆိုသလို ခံနေရတယ် ဆိုပေမယ့် ဒီတရားရင်ဆိုင်မှုတွေဟာ လျော်ကြေး ဒါမှမဟုတ် ဒဏ်ကြေးဆောင်လိုက်ရင် ပြီးသွားမှာပါ။ “ငါတို့ကို အတင်းကြီး iPhone မော်ဒယ်လ်သစ်တွေ ဝယ်ယူဖို့ ဒီလိုလုပ်တာလား?” လို့ ထင်သွားကြတဲ့ Customer တွေဆီက ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့ အတွက်ကတော့ တော်တော်လေး ကြိုးစားရဦးမှာပါ။
ဒါကြောင့် ပထမဆုံး ခြေလှမ်းအနေနဲ့ ဒီနေ့မှာပဲ Customer တွေကို တောင်းပန်ထားတဲ့ Statement တစ်ခုကို apple.com မှာ တင်ထားခဲ့ပါတယ်။ Statement ရဲ့အစမှာတော့
“Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေရဲ့ Performance နဲ့ ပက်သက်လို့ ကျနော်တို့ဘက်က မည်သူ့ကိုမှ အသိမပေးပဲ Fix ထုတ်ပေးခဲ့တာကြောင့် Customer တွေဆီကနေ Feedback တစ်ချို့ ပြန်ကြားရပါတယ်။ ဒီကိစ္စကြောင့် Apple ကို တစ်မျိုးထင်သွားတဲ့သူတွေအတွက် တောင်းပန်ပါတယ်။ နောက်ပြီး နားလည်မှုလွဲနေတာလေးတွေကိုလည်း သေသေချာချာ ရှင်းပြချင်ပါတယ်။ Apple ဘက်ကနေ Customer တွေ ဖုန်းအသစ်တစ်လုံး ထက်ဝယ်စေဖို့အတွက် CPU Performance ကို ရည်ရွယ်ချက်ရှိရှိ လျော့ချခဲ့တာ မဟုတ်ပါဘူး”
လို့ ရေးသားထားပါတယ်။
ဆက်လက်ပြီး Statement ထဲမှာ iPhone Battery နဲ့ ပက်သက်တာ၊ iPhone Battery and Performance ဆိုတဲ့ Support Article တစ်ခုကို တင်ထားခဲ့တယ်၊ ရုတ်တရက် Shutdown ကျသွားတာတွေကို ကာကွယ်ပေးဖို့အတွက် iOS 10.2.1 မှာထဲက CPU Performance လျော့ချပေးတဲ့ Fix တစ်ခု ထုတ်ပေးခဲ့တယ်၊ Battery လဲလိုက်ရင် ဖုန်းကပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်၊ စတာတွေကို ရေးသားထားပါတယ်။
Statement ရဲ့ နောက်ဆုံးခေါင်းစဉ်မှာတော့ Customer တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့အတွက် Apple အနေနဲ့ iPhone Battery လဲခ ဈေးနှုန်းကို ကန်ဒေါ်လာ ၅၀ အထိ (၇၅ ဒေါ်လာကနေ ၂၉ ဒေါ်လာအထိ) လျော့ချပေးလိုက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒီဈေးနှုန်းဟာ Warranty မရှိတဲ့သူတွေအတွက်လည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ Program က နောက်နှစ် ဇန်နဝါရီ လကုန်ပိုင်းလောက်ကနေ ဒီဇင်ဘာလအထိပဲ ကြာမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အကျုံးဝင်မှာဖြစ်ပြီး (မြန်မာနိုင်ငံမှာတော့ ဘယ်လိုလာမလဲ မသိပါ) ၂၀၁၉ မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း ပြန်ဖြစ်သွားမှာပါ။ အသေးစိတ်အချက်အလက်ကိုတော့ မကြာမီ အချိန်အတွင်း apple.com မှာ တင်ပေးသွားမယ်လို့ သိရပါတယ်။ဆက်လက်ပြီး နောက်နှစ်အစောပိုင်း ရောက်ရင်လည်း iOS Update တစ်ခု ထုတ်ပေးသွားမှာဖြစ်ပြီး iPhone Battery နဲ့ သက်ဆိုင်တဲ့ အချက်အလက်အသေးစိတ်ကို ဖော်ပြပေးနိုင်မယ့် Feature သစ်တစ်ခုလည်း ပါဝင်လာမယ်လို့ သိရပါတယ်။
ဒီကိစ္စ အဆင်ပြေပြေနဲ့ ပြီးသွားမယ်ဆိုရင်တောင် Apple အနေနဲ့ ဆင်ခြင်ရမှာ တစ်ခုကတော့ Customer ကို အသိမပေးပဲ လုပ်ချင်ရာလုပ်လို့ မရဘူး ဆိုတာပါပဲ။ Customer တွေဘက်က ဒေါသထွက်ကြတယ် ဆိုတာကလည်း အသိမပေးပဲ လုပ်ချင်ရာလုပ်ခဲ့လို့ ဖြစ်ပါတယ်။ Customer တွေအနေနဲ့ iPhone တွေ တာရှည်ခံတာကို သိပေမယ့် Battery မကောင်းတော့ရင် ဖုန်းက ရုတ်တရက် Shutdown ကျသွားတတ်တယ် ဆိုတာကို အသိမပေးပဲ ဖုန်းကိုနှေးသွားအောင် တိတ်တဆိတ် လုပ်ပစ်တာကတော့ Apple ဘက်က ဘယ်လောက်ပဲ မှန်တယ်ပြောပြော Customer တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် ဒီကိစ္စက လုံးဝ မဖြစ်သင့်ဘူးလို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်။
Join Us On