Microsoft က Commercial Surface Laptop တွေကို Windows 10 Pro နဲ့ စတင်ရောင်းချ

date_range 26 January 2018

Microsoft က Commercial Surface Laptop တွေကို Windows 10 Pro နဲ့ စတင်ရောင်းချ

visibility 840 Views

                Microsoft အနေနဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Surface Laptop တွေကို ပြီးခဲ့တဲ့ ၂၀၁၇ မေလ ၃ ရက်နေ့တုန်းက မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Surface Laptop တွေမှာ စတင် အသုံးပြုခဲ့တဲ့ Windows 10 S ဟာ ကျောင်းသားတွေ အတွက်သာမက တစ်ခြား သုံးစွဲသူတွေအတွက်ပါ သုံးစွဲလို့ အဆင်မပြေခဲ့ပါဘူး။

                ဒါကြောင့်လည်း Microsoft အနေနဲ့ Windows 10 S ကနေ Windows 10 Pro ကို အခမဲ့ Upgrade လုပ်ခွင့်ပေးခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အခမဲ့ Upgrade လုပ်ခွင့်ကာလကို ၂၀၁၈၊​ မေလ ၃၁ ရက်နေ့အထိ ထပ်မံ တိုးမြှင့်ပေးခဲ့ပါတယ်။ Built-In ပါဝင်လာတဲ့ Windows 10 S ကို လုံးဝ မသုံးချင်လို့ Windows 10 Pro ကို Upgrade လုပ်ရဦးမယ်ဆိုရင်လည်း အချိန်ကြာသလို အလုပ်လည်းရှုပ်ပါတယ်။ ဒီတော့ Microsoft အနေနဲ့ အလုပ်ရှုပ်သက်သာသွားအောင် ဝယ်ကတည်းက Windows 10 Pro နဲ့ ဝယ်ယူလို့ရအောင် ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                ဒါပေမယ့်လည်း Microsoft အနေနဲ့ ဒီလိုရွေးချယ်ဝယ်ယူခွင့်ကို အခမဲ့ပေးထားတော့ မဟုတ်ပါဘူး။ Microsoft Store မှာ ဝယ်မယ်ဆိုရင် Windows 10 Pro ကို ရွေးချယ်လိုက်တာနဲ့ ဈေးက နောက်ထပ် ကန်ဒေါ်လာ ၁၀၀ ထပ်တက်သွားမှာပဲ ဖြစ်ပါတယ်။ Windows 10 S နဲ့ ဆိုရင် ဈေးနှုန်းက ကန်ဒေါ်လာ ၁,၀၉၉ ရှိမှာဖြစ်ပြီး Windows 10 Pro နဲ့ ဆိုရင်တော့ ကန်ဒေါ်လာ ၁,၁၉၉ ရှိမှာပါ။

                ဆိုတော့ Upgrade လုပ်နေရတာ အလုပ်ရှုပ်လို့ Windows 10 Pro လေးနဲ့ ဝယ်လိုက်ရင် အဆင်ပြေသွားမယ် မထင်ပါနဲ့။ နောက်ထက် ဒေါ်လာတစ်ရာ ထပ်ပေးရမှာပါ။ Microsoft အနေနဲ့ Surface Laptop ဝယ်ယူသူတွေကို Windows 10 S ကနေ Windows 10 Pro ကိုတောင် အခမဲ့ Upgrade လုပ်ခွင့်ပေးထားတာကို ဘာကိစ္စ Windows 10 Pro နဲ့ ဝယ်ချင်ရင် နောက်ထပ် ဒေါ်လာတစ်ရာ ထပ်တောင်းရတာလည်း ဆိုတာကိုတော့ နားမလည်နိုင်ပါဘူး။

                နောက်ပြီး Windows 10 Pro ကို ရွေးချယ်ဝယ်ယူခွင့် ပေးထားပေမယ့်လည်း Mainstream Model တွေတုန်းကလိုမျိုးတော့ Graphite Gold Color ကိုတော့ ရွေးချယ်လို့ရမှာ မဟုတ်ပါဘူး။ အရင် Mainstream Model နဲ့ ကွာခြားသွားတဲ့ Hardware Specification ကိုတော့ အောက်ကဇယားမှာ ဖော်ပြထားပါတယ်။


                Windows 10 Pro ဟာ Low-end Machine တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ မဟုတ်ပေမယ့် ကျောင်းသားတွေအတွက် သူတို့လိုအပ်တဲ့ Enterprise-friendly Features တွေ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် Microsoft အနေနဲ့ Windows 10 Pro ကို Windows 10 S ကနေ Upgrade လုပ်ပြီး အသုံးပြုခဲ့မယ်ဆိုရင်တော့ Windows 10 S ကို Downgrade လုပ်လို့ ရတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

This Article is contributed by 2puu.
References
DigitalTrends
About Author
Assinged Tags
Microsoft Surface Laptop Windows 10 S Windows 10 Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed