Windows 10 S-to-Pro အခမဲ့ Upgrade သက်တမ်းကို ၃ လ တိုးမြှင့်ပေးလိုက်တဲ့ Microsoft

date_range 07 September 2017

Windows 10 S-to-Pro အခမဲ့ Upgrade သက်တမ်းကို ၃ လ တိုးမြှင့်ပေးလိုက်တဲ့ Microsoft

visibility 500 Views

                Windows 10 S သုံး Laptop တွေကို ဝယ်ယူသူတွေအနေနဲ့ Windows 10 Pro သို့ အခမဲ့ Upgrade လုပ်နိုင်မယ့် အစီအစဉ်ကို Microsoft က သက်တမ်း ၃ လ တိုးမြှင့်ပေးလိုက်ပါတယ်။

                အခုနှစ်အစောပိုင်းတုန်းက Surface Laptop နဲ့အတူ  Windows 10 S ကို မိတ်ဆက်စဉ်တုန်းက  Microsoft ဟာ  Windows 10 S ကနေ Windows 10 Pro ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသာ အခမဲ့ Upgrade လုပ်နိုင်ခွင့်ရရှိမယ်လို့ ကြေငြာထားခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာ ၅ ရက်နေ့မှာတော့  အခမဲ့ Upgrade ကာလကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း Microsoft Blog Post ကနေ ကြေငြာခဲ့တာတွေ့ရပါတယ်။

                Windows 10 S ဟာ Windows Store က Apps တွေကိုပဲ သွင်းလို့ရအောင် ကန့်သတ်ထားတဲ့ Windows 10 Version တစ်ခုဖြစ်ပါတယ်။ Microsoft ကတော့ Windows 10 S ဟာ တခြား Windows 10 Versions တွေထက် ပိုပြီး လုံခြုံမှုရှိသလို၊ ပိုမိုမြန်ဆန်၊ စွမ်းဆောင်ရည်မြင့်တယ်လို့ ပြောကြားထားပါတယ်။ Windows 10 S ကနေ Pro ကို အခမဲ့ Upgrade လုပ်နိုင်တဲ့အစီအစဉ်ကလည်း Windows 10 S ကို လူတွေ သုံးစွဲကြည့်ချင်အောင်လို့ ဆွဲဆောင်တဲ့အစီအစဉ်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

                တကယ်လို့ မတ်လ ၃၁ ရက်နေ့ကျော်ပြီးမှာ Windows 10 S ကနေ Windows 10 Pro ကို ပြောင်းချင်တယ်ဆိုရင်တော့ ၄၉ ဒေါ်လာ ထပ်ပေးရမှာဖြစ်ပါတယ်။

                စက်တင်ဘာလ ၅ ရက်နေ့၊ Microsoft Blog Post မှာ နောက်ထပ်အနေနဲ့ Surface Laptops မော်ဒယ်အရောင်စုံကို ယခုအခါ နိုင်ငံပေါင်း ၂၀ မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းလည်း ကြေငြာခဲ့ပါတယ်။

References
ZDNet
About Author
Assinged Tags
Microsoft Windows Windows 10 Operating System Surface Laptop Windows 10 S Windows 10 S Laptops Free Upgrade
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed