OnePlus ရဲ့ Flagship စမတ်ဖုန်းအသစ်ကို ၂၀၁၈ ဧပြီလမှာ တရားဝင် မိတ်ဆက်သွားမယ်လို့ အတည်ပြုပေးလိုက်တဲ့ OnePlus CEO

date_range 15 January 2018

OnePlus ရဲ့ Flagship စမတ်ဖုန်းအသစ်ကို ၂၀၁၈ ဧပြီလမှာ တရားဝင် မိတ်ဆက်သွားမယ်လို့ အတည်ပြုပေးလိုက်တဲ့ OnePlus CEO

visibility 1760 Views

                OnePlus 5, OnePlus 5T စတဲ့ စမတ်ဖုန်းတွေနဲ့ Android ပရိတ်သတ်တွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့တဲ့ Shenzhen အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီ OnePlus ဟာ အခုအခါမှာလည်း ၂၀၁၈ ခုနှစ်အတွက် OnePlus ရဲ့ ပထမဆုံး Flagship စမတ်ဖုန်း ကို ၂၀၁၈ ဧပြီလမှာ တရားဝင် မိတ်ဆက်ပေးသွားမယ်လို့ CES 2018 မှာ အတည်ပြု ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

                CES 2018 မှာ OnePlus ရဲ့ CEO Pete Lau က ၂၀၁၈ Flagship စမတ်ဖုန်းမှာ အသုံးပြုမယ့် Processor အမျိုးအစားနဲ့ ထွက်ရှိလာမယ့် နေ့ရက်ကို တရားဝင် အတည်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ အသစ်ထွက်ရှိ လာမယ့် OnePlus ရဲ့ Flagship စမတ်ဖုန်းအသစ်ကို ၂၀၁၈ ဧပြီလမှာ မိတ်ဆက်သွားမှာဖြစ်ပြီး  Qualcomm ရဲ့ Snapdragon 845 Processor ကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ Snapdragon 845 Processor ကို အသုံးပြုရတာနဲ့ ပတ်သတ်လို့လည်း OnePlus ရဲ့ CEO က အောက်ပါအတိုင်း ရှင်းပြသွားခဲ့ပါတယ်။

                “အသစ်ထွက်လာမယ့် OnePlus ရဲ့ စမတ်ဖုန်းအသစ်မှာ Snapdragon 845 Processor ကို အသုံးပြုသွားမှာပါ။ ဘာလို့လည်းဆိုတော့ Processor ပိုင်းမှာ တခြားရွေးစရာ Processor ရှိမှ မရှိတာ”

                ဒါ့အပြင် OnePlus အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ဒုတိယမြောက် စမတ်ဖုန်းတစ်လုံး ထပ်မံ မိတ်ဆက်ပေးသွားမယ် ဆိုတာကိုတော့ ၁၀၀ ရာခိုင်နှုန်း အာမ မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

                ၂၀၁၈ အတွင်းမှာ ထွက်ရှိလာမယ့် OnePlus စမတ်ဖုန်းနဲ့ ပတ်သတ်လို့ Pete Lau အနေနဲ့ အခုမှသာ ပထမဆုံး တရားဝင် ပြောကြားတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး OnePlus 3 နဲ့ OnePlus 3T တို့မှာလည်း Face Unlock Beta Version ကိုမကြာမီ အချိန်အတွင်း အသုံးပြုနိုင်တော့မယ်လို့ Pete Lau က CES 2018 မှာ ပြောကြားသွားခဲ့ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadget NDTV Waqar Khan
About Author
Assinged Tags
Smartphones OnePlus 5 OnePlus OnePlus 5T OnePlus 6
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed