တရုတ်နိုင်ငံ အခြေစိုက် အဝတ်အထည် ကုမ္ပဏီက Apple ကို Logo ဒီဇိုင်း ခိုးယူမှုနဲ့ တရားစွဲ

date_range 20 December 2017

တရုတ်နိုင်ငံ အခြေစိုက် အဝတ်အထည် ကုမ္ပဏီက Apple ကို Logo ဒီဇိုင်း ခိုးယူမှုနဲ့ တရားစွဲ

visibility 5140 Views

                Phone Radar က Report တစ်ခုအရ “Kon” ဆိုတဲ့ တရုတ်နိုင်ငံ အခြေစိုက် အဝတ်အထည် ကုမ္ပဏီက Apple ကို Logo ဒီဇိုင်း ခိုးယူမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။ Logo ဆိုလို့ Apple Logo ပန်းသီးတစ်ခြမ်းပဲ့လေးတော့ မဟုတ်ပါဘူး။ အသစ်ပြောင်းလဲလိုက်တဲ့ App Store Logo ပါ။

                အသစ်ပြောင်းလိုက်တဲ့ App Store Logo ဒီဇိုင်းက ထိပ်ဖျားတွေမှာ လုံးနေတဲ့ မျဉ်းသုံးကြောင်းကို English အက္ခရာ “A” လို ပုံစံမျိုးလေး လုပ်ထားတာ ဖြစ်ပါတယ်။​ ဖြစ်ချင်တော့ အောက်ကပုံမှာ ပြထားတဲ့ “Kon” ကုမ္ပဏီရဲ့ Logo နဲ့ သွားဆင်နေပါတယ်။ မျဉ်းသုံးကြောင်းမှာ ထိပ်ဖျားတွေ လုံးနေတာနဲ့ မလုံးတာနဲ့ပဲ ကွာပါတော့တယ်။


                အရင် App Store Logo အဟောင်းရဲ့ ဒီဇိုင်းက အောက်မှာပြထားတဲ့အတိုင်း ပန်းချီဆွဲတဲ့ စုတ်တံလေးရယ်၊ ခဲတံလေးရယ်၊ ပေတံရယ်နဲ့ဆိုတော့ Logo အဟောင်းက “Kon” ကုမ္ပဏီအတွက် ပြဿနာမဟုတ်ခဲ့ပါဘူး။ Apple အနေနဲ့ ပြီးခဲ့တဲ့ August လတုန်းကမှ Apple Logo ကို ဒီဇိုင်းအသစ် ပြန်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။


                “Kon” ကုမ္ပဏီကို ၂၀၀၉ ခုနှစ်ထဲက တည်ထောင်ခဲ့တာဖြစ်ပြီး Logo ရဲ့ အဓိပ္ပါယ်က သေခြင်းတရားကိုတောင် အနိုင်ယူနိုင်တဲ့ အရိုးစုသုံးခုပါ တဲ့ (အဆန်းကြီး)။ စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ထဲက စပြီး “Kon” ကုမ္ပဏီရဲ့ Logo ကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်တာကြောင့် Logo ရဲ့ Trademark ကို “Kon” က ပိုင်ဆိုင်တာဖြစ်ပြီး အခုလက်ရှိ iPhone တွေ၊ iPad တွေနဲ့ Mac တွေမှာ သုံးစွဲနေတဲ့ App Store Logo အသစ်က တရုတ်နိုင်ငံရဲ့ မူပိုင်ခွင့် ဥပဒေကိုလည်း Apple ဘက်က ချိုးဖောက်တဲ့အတွက် တရားစွဲဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

                တရုတ်နိုင်ငံ ဘေကျင်းတရားရုံး အနေနဲ့ အခုတရားစွဲဆိုမှုကို လက်ခံလိုက်ပြီဖြစ်ပြီး “Kon” ဘက်က တာဝန်ရှိသူတွေက Apple ဆီကနေ လျော်ကြေးနဲ့အတူ လူသိရှင်ကြား တောင်းပန်မှုကိုလည်း လိုချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံ တရားရုံးတွေရဲ့ ထုံးစံအရ အမှုတွဲတွေကို လူသိရှင်ကြား ထုတ်ဖော်မှာမဟုတ်တဲ့အတွက် ဘယ်လိုတရားရင်ဆိုင်ကြမလဲ? တရားရုံးက ဘယ်လို စီရင်ချက်ချမလဲ? ဆိုတာတွေကတော့ သတင်းအတိအကျ သိရဖို့ ခဲယဉ်းပါလိမ့်မယ်။

                ဒါပေမယ့် Phone Radar က ကျွမ်းကျင်သူတွေကတော့ နောက်လာမယ့် ရက်သတ္တပါတ်တွေထဲမှာ တရားစီရင်ချက် ချမှတ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Apple အနေနဲ့ ဒီနှစ်ထဲမှာတင် Qualcomm, Samsung, Corephotonics တို့နဲ့ တရားခွင်မှာ ရင်ဆိုင်ခဲ့ရသလို မနှစ်တုန်းကလည်း “iPhone” ဆိုတဲ့ စကားလုံးရဲ့ Trademark ပိုင်ဆိုင်ခွင့်ကို Leather ပစ္စည်းတွေ ရောင်းချတဲ့ တရုတ်ကုမ္ပဏီတစ်ခုဆီမှာ ဆုံးရှုံးခဲ့ရပါသေးတယ်။

References
The Verge
About Author
Assinged Tags
Copyright Copyright Infringement Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed