Pirate Websites တွေကို Search Result ရဲ့ ပထမဆုံးစာမျက်နှာမှာ မပေါ်လာအောင် Google နဲ့ Microsoft တို့ တားဆီးသွားမည်

date_range 02 March 2017

Pirate Websites တွေကို Search Result ရဲ့ ပထမဆုံးစာမျက်နှာမှာ မပေါ်လာအောင် Google နဲ့ Microsoft တို့ တားဆီးသွားမည်

visibility 60 Views

                သိပ်မကြာခင်ပဲ Google နဲ့ Microsoft ရဲ့ Bing search box တို့မှာ မူပိုင်ခွင့်ညိနေတဲ့ဖိုင်တွေ၊ဗီဒီယိုတွေကို အခုလိုမျိုး အလွယ်တကူရှာလို့ရမှာမဟုတ်တော့ပါဘူး။

                Google နဲ့ Bing တို့ဟာ ၎င်းတို့ရဲ့ Search Engine တွေမှာ မူပိုင်ခွင့်ထိခိုက်တဲ့ဝဘ်ဆိုဒ်တွေကို UK က အသုံးပြုသူတွေ ရှာလို့မလွယ်အောင် လုပ်ပေးဖို့အတွက် UK အစိုးရနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့ပါတယ်။

                ယခုသတ်မှတ်ခဲ့တဲ့ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းချက်ကို မူပိုင်ခွင့်ပိုင်ရှင်တွေနဲ့ Search Engine ကုမ္ပဏီတွေကြား ညှိနှိုင်းဆွေးနွေးခဲ့တာဖြစ်ပြီး၊ Pirate Bay လိုမျိုး Copyright (မူပိုင်ခွင့်) ညိတဲ့ website တွေကို ဖိနှိပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

                ဆိုလိုတာက “music videos download , digital books download ၊ football live စတဲ့ အကြောင်းအရာတွေကို ရှာဖွေတဲ့အခါမှာ Pirate Site တွေအစား တရားဝင်မူပိုင်ခွင့်/ထုတ်လုပ်ခွင့်ရထားတဲ့ Website တွေကိုပဲ ဦးစားပေးဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Pirate Sites တွေကို လုံးဝဖယ်ရှားလိုက်တာမျိုး မဟုတ်တာကြောင့် နောက်ထပ် Page တွေမှာ လိုက်ရှာရင် တွေ့နိုင်ပေမယ့်၊ Google Second Page အထိ ကြည့်တဲ့လူက တော်တော်ရှားပါတယ်။

                စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က ဒီစည်းကမ်းချက်ဟာ လောလောဆည်တော့ UK အတွက်ပဲ ဖြစ်ပေမယ့်၊ နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်လာနိုင်ပါတယ်။ The Pirate Bay ကို နမူနာအနေနဲ့ ကြည့်နိုင်ပါတယ်။

“ အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ တစ်ခါတစ်လေ ကိုယ်က မရည်ရွယ်ထားပေမယ့်လည်း မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ Content တစ်ခုဆီ ရောက်သွားတတ်ပါတယ်။ ကျနော်တို့ဖြစ်စေချင်တာကတော့ Search Engine ကြီးတွေမှာ ရှာလိုက်လို့ကျလာတဲ့ Results တွေက လုံးဝအမှန်အကန်တွေပဲ ဖြစ်စေချင်တာပါ။”

လို့ ဉာဏမူပိုင်ခွင့်ထိန်းသိမ်းရေး ညွန့်ပေါင်းအဖွဲ့အစည်း (Alliance for Intellectual Property) ရဲ့ အထွေထွေမန်နေဂျာ Eddy Leviten က Guardian သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

References
Cnet Guardian
About Author
Assinged Tags
Google Microsoft Pirate Websites Copyright Search Engine Bing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed