iOS ၏ Default Search Engine အဖြစ် ရှိနေစေရန် Google မှ Apple သို့ တစ်နှစ်လျှင် ဒေါ်လာ (၃) ဘီလီယံခန့် ပေးအပ်ဖွယ်ရှိ

date_range 16 August 2017

iOS ၏ Default Search Engine အဖြစ် ရှိနေစေရန် Google မှ Apple သို့ တစ်နှစ်လျှင် ဒေါ်လာ (၃) ဘီလီယံခန့် ပေးအပ်ဖွယ်ရှိ

visibility 2500 Views

                iPhone နဲ့ iPad တွေမှာ Default Search Engine အဖြစ် ရှိနေစေဖို့အတွက် Google က Apple ကို တစ်နှစ်လျှင် ဒေါ်လာ (၃) ဘီလီယံခန့် ပေးအပ်နေကြောင်း အမေရိကန်မှ Research and Brokerage Firm တစ်ခုဖြစ်တဲ့ Bernstein က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒီဘဏ္ဍာနှစ်မှာ ပေးရမယ့် ငွေကြေး ပမာဏဟာ (၂၀၁၄) တုန်းက ပေးအပ်ခဲ့တာထက် (၃) ဆ မြင့်မားလာတာ ဖြစ်ကြောင်း သိရပါတယ်။

                Oracle နဲ့ Google တို့ရဲ့ Copyright Lawsuit နဲ့ပက်သက်တဲ့ တရားရုံး စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့ရာမှ တဆင့် ဒီသတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဒီလောက်များပြားတဲ့ ငွေ ပမာဏ ဟာ Apple ရဲ့ Services Business အတွက် ကြီးမားတဲ့ ဝင်ငွေရလမ်း တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

                “တရားရုံး စာရွက်စာတမ်းတွေအရ (၂၀၁၄) ခုနှစ်မှာ Google က Apple ကို ဒေါ်လာ (၁) ဘီလီယံ ပေးအပ်ခဲ့တာကို တွေ့ရှိရပြီး၊ ဒီနှစ်မှာတော့ Google ဟာ ဒေါ်လာ (၃) ဘီလီယံ အထိ ပေးအပ်သွားဖွယ် ရှိပါတယ်။ Google က အခုလို ပေးအပ်တဲ့ ငွေတွေဟာ Apple အတွက်တော့ အသားတင် အမြတ်ငွေချည်းပဲ ဖြစ်ပြီး Apple ရဲ့ ယခုနှစ် Operating Profit ရဲ့ (၅) ရာခိုင်နှုန်းလောက် အထိ ရှိနိုင်ပါတယ်။” လို့ Bernstein မှ Analyst A.M. Sacconaghi Jr. က ပြောကြားခဲ့ပါတယ်။

                ဒီသဘောတူညီမှုကြောင့် Safari ရဲ့ Search Bar မှာ ရိုက်ထည့်လိုက်သမျှကို Google မှာပဲ သွားရောက် ရှာဖွေနေတာ ဖြစ်ပါတယ်။ Settings ထဲမှာ မိမိ နှစ်သက်ရာ Search Engine ကို ရွေးချယ် သတ်မှတ်ထားနိုင်ပေမယ့် အများစုကတော့ Default အတိုင်းပဲ သုံးစွဲကြတာပါ။ နောက်ပြီး Google Mobile Search က ရရှိတဲ့ ဝင်ငွေရဲ့ (၅၀) ရာခိုင်နှုန်းခန့် ဟာ iOS Device တွေကနေ ရရှိတာ ဖြစ်ပါတယ်။

                လက်ရှိအချိန်မှာ Apple နဲ့ Google တို့ဟာ Win-Win အနေအထားမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ Apple က အမြတ်ငွေ အမြောက်အများ ရရှိသလို၊ Google ကလဲ iOS ဘက်က လာတဲ့ Mobile Search တွေကြောင့် ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေကောင်းကောင်း ရရှိပါတယ်။ ဒါကြောင့် အခုလို Default Search Engine ဖြစ်ဖို့ အတွက် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပေးရဖို့ကို Google က ဝန်လေးနေမှာ မဟုတ်ဘဲ၊ ဒီ သဘောတူညီမှုကို ရေရှည်မှာလည်း ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

References
MacRumors
About Author
Assinged Tags
Google Search Engine Google Search Default Apple's iPhone Default Search Engine Apple iPhone iPad Apple iPad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed