ဒီနေ့ဟာ Apple က Microsoft ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ စတင်တရားစွဲဆိုခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 18 March 2017

ဒီနေ့ဟာ Apple က Microsoft ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ စတင်တရားစွဲဆိုခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 2360 Views

                ၁၉၈၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ Apple Computer Inc. ( ယခု Apple Inc.) ဟာ Microsoft Corporation နဲ့ HP ကုမ္ပဏီတို့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ စတင်တရားစွဲဆိုခဲ့ပါတယ်။

                Apple ဟာ ၎င်းတို့ရဲ့ Lisa နဲ့ Macintosh Operating Systems တွေမှာ ပါဝင်တဲ့ Visual GUI (Graphical User Interface) ပုံစံမျိုးကို Microsoft ရဲ့ Windows 2.03 နဲ့ HP ရဲ့ NewWave Windows Applications တွေမှာ တုပအသုံးပြုထားတာကြောင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

                GUI မပေါ်ခင်တုန်းက ကွန်ပြူတာတွေဟာ ကီးဘုတ်ကနေ Commands တွေ ရိုက်ထည့်အသုံးပြုရတာဖြစ်ပြီး၊ GUI ကျမှ အခုကျနော်တို့ အခုမြင်တွေ့အသုံးပြုနေရတဲ့ icons ၊ windows ၊ menus တွေ mouse တွေနဲ့ ကွန်ပြူတာကို လွယ်လွယ်ကူကူ အသုံးပြုနိုင်လာတာဖြစ်ပါတယ်။


                Apple Computer, Inc. Vs Microsoft Corp. ရယ်လို့ နာမည်ကျော်ခဲ့တဲ့ ဒီအမှုမှာတော့ တရားရုံးက Microsoft နဲ့ HP ဘက်ကို အောက်ပါ ဆုံးဖြတ်ချက်နဲ့ ၁၉၉၅ ခုနှစ်မှာ အနိုင်ပေးခဲ့ပါတယ်။

“ Graphical User Interface (GUI) လိုမျိုး စိတ်ကူးစိတ်သန်း၊အိုင်ဒီယာတစ်ခုအတွက် Apple အနေနဲ့ မူပိုင်ခွင့်ဆိုင်ရာကာကွယ်မှုမျိုး မရနိုင်ပါဘူး"

                ထူးခြားတာတစ်ခုက အဆိုပါအမှုဖြစ်နေစဉ်မှာပဲ Xerox ကုမ္ပဏီဟာ Apple ရဲ့ Macintosh OS မှာ အသုံးပြုထားတဲ့ GUI ဟာ သူတို့ GUI ပါဆိုပြီး Apple ကို ပြန်လည်တရားစွဲဆိုခဲ့တာပါ။

                Macintosh မှာ အသုံးပြုထားတဲ့ GUI ကို Xerox က စတင်တီထွင်ခဲ့တာဖြစ်ပြီး၊ Steve Jobs တို့ကို ဖိတ်ခေါ်ပြသခဲ့ရာကနေ Macintosh GUI ဆိုပြီး ဖြစ်လာခဲ့တာလို့လည်း ဆိုကြပါတယ်။

                ဒီအမှုဖြစ်ပေါ်လာပုံနဲ့ Apple နဲ့ Microsoft ရဲ့ အစောပိုင်းကာလာတွေ၊ ယှဉ်ပြိုင်ကြပုံတွေကို လေ့လာကြည့်ရှုချင်တယ်ဆိုရင် “Pirates of the Silicon Valley” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။


References
This Day in Tech History Wikipedia
About Author
Assinged Tags
HP Microsoft Windows Copyright Apple Vs Microsoft Copyright Infringement GUI Macintosh Xerox
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed