OnePlus 3/3T တို့အတွက် OxygenOS 5.0 နဲ့အတူ Android Oreo Update ထွက်ရှိ

date_range 20 November 2017

OnePlus 3/3T တို့အတွက် OxygenOS 5.0 နဲ့အတူ Android Oreo Update ထွက်ရှိ

visibility 660 Views

                OnePlus ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Bezel-Less Display ပုံစံနဲ့ OnePlus 5T ကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ OnePlus ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းအသစ်အတွက် အာရုံစူးစိုက်နေသလို၊ အရင်ထွက်ရှိခဲ့တဲ့ OnePlus 3/3T တို့အတွက်လည်း မမေ့မလျော့ပဲ OxygenOS 5.0 နဲ့အတူ Android Oreo Update ကို ထုတ်လုပ်ပေးနေပြီဖြစ်ပါတယ်။

                အခုထွက်ရှိလာမယ့် OxygenOS 5.0 Update ကို ယနေ့မှ စပြီး OnePlus 3/3T စမတ်ဖုန်းတွေအတွက်ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ Update မရရှိသေးသူတွေလည်း ပူစရာမလိုဘဲ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရရှိလာလိမ့်မယ်လို့ သိရှိရပါတယ်။ အခုထွက်ရှိလာတဲ့ Update မှာတော့

  • OnePlus Parallel Apps Feature ပါဝင်လာမှာဖြစ်ပါတယ်။ Apps တွေကို Clone ပြုလုပ်လာနိုင်မယ့် Feature တစ်မျိုးပါပဲ။
  • Android Oreo ရဲ့ Feature တစ်မျိုးဖြစ်တဲ့ Picture-In-Picture ပါဝင်လာမှာဖြစ်ပါတယ်။
  • Auto-Fill, Smart Text Selection နဲ့ အခြား Android Oreo Feature တွေလည်း ယခု Update မှာပါဝင်လာမှာဖြစ်ပါတယ်။
  • စက်တင်ဘာလအထိ ထွက်ခဲ့တဲ့ Security Patch Update ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
  • Quick Settings Design, Notification Dots နဲ့ App Folder Design သစ်တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
  • အသုံးပြုသူတွေဟာ ဓာတ်ပုံတွေကို Shot သို့တိုက်ရိုက် Upload ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

                OnePlus ရဲ့ပြောကြားချက်အရ ယခုထွက်ရှိလာတဲ့ Update မှာလည်း အသုံးပြုသူတွေရဲ့ Feedback အလျောက် Optimizations တွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ထားတယ်လို့ သီရှိရပါတယ်။

                လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ Sony ဟာ သူတို့ရဲ့ Xperia XZ Premium အတွက် Android 8.0 Update ထုတ်လုပ်ပေးနိုင်ခဲ့ပြီး၊ Google ရဲ့ Pixel နဲ့ Nexus Series ပြီးရင်တော့ Android Oreo Stable Update ထုတ်လုပ်ပေးနိုင်တဲ့နေရာမှာ Sony အမြန်ဆုံးလို့ပြောရမှာပါ။ အခုအခါမှာလည်း OnePlus အနေနဲ့ OnePlus 3/3T စမတ်ဖုန်းတွေအတွက် Android Oreo Update ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဒုတိယအမြန်ဆုံးအနေနဲ့ စံချိန်တင်လိုက်နိုင်ပြီဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
OnePlus OnePlus 3 OnePlus 3T OxygenOS System Update Oxygen OS Update Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed